ဘေဘီလေးကို မွေးဖွားပြီးချိန်မှာ သားအိမ်က နဂိုအရွယ်အစားကို ပြန်ကျုံ့သွားတတ်ပါတယ်။ ဒီလို သားအိမ်က ဘေဘီလေးကို ကိုယ်ဝန်မဆောင်မီ အရွယ်အစားဖြစ်အောင် ပြန်လည်ကျုံ့နေချိန်မှာ ဗိုက်အောက်ဘက်နားမှာ နာကျင်ကိုက်ခဲတာမျိုး ခံစားရနိုင်ပါတယ်။
ရာသီလာချိန်မှာ နာကျင်ကိုက်ခဲသလိုပါ။ သားအိမ်က ဘေဘီလေးကို ကိုယ်ဝန်မဆောင်ချိန် အနေအထားကို ရောက်ရှိဖို့ ၆ ပတ်လောက် အချိန်ယူရပါတယ်။ ဒီကာလအတွင်းမှာ နာကျင်တာကို ခံစားရမှာပါ။
အမျိုးသမီး အများစုကတော့ ဘေဘီလေးကို မွေးဖွားပြီး ၁ ပတ်တာအတွင်းမှာ ဒီနာကျင်မှုကို သိသိသာသာ ခံစားရပါတယ်။ ဘေဘီလေးကို မိခင်နို့ချို တိုက်ကျွေးမယ်ဆို နာကျင်မှုက ပိုပြင်းထန်နိုင်ပါတယ်။ အကြောင်းကတော့ ဘေဘီလေးကို မိခင်နို့တ တိုက်ကျွေးတာက သားအိမ်ကျုံ့ဆန့်မှုကို ဖြစ်စေနိုင်တဲ့ ဟော်မုန်း တစ်မျိုးဖြစ်တဲ့ အောက်ဆီတိုစင်ဟော်မုန်းတွေ အများကြီး ထွက်ရှိအောင် လှုံ့ဆော်တာကြောင့်ပါ။
ဒီနာကျင်မှုက သားဦးမေမေတွေမှာ ပိုပြင်းထန်နိုင်ပါတယ်။ သားအိမ်ကြွက်သားထု ပိုများတာကြောင့် နာကျင်မှု ပိုပြင်းထန်တာပါ။
ဘယ်လို သက်သာအောင် လုပ်မလဲ
ဒီနာကျင်မှုက ကြိုတင်ကာကွယ်လို့ မရပါဘူး။ သားအိမ် မူလအရွယ်အစား ပြန်ရောက်ဖို့အတွက်ကလည်း သားအိမ်ကျုံ့ဆန့်မှုကို မဖြစ်မနေ လိုအပ်တာကြောင့် နာကျင်မှု သက်သာစေဖို့အတွက် နာကျင်တဲ့နေရာကို ရေနွေးဝတ် ကပ်ပေးတာ၊ ရေနွေးအိတ် ကပ်ပေးတာမျိုး လုပ်ပေးပါ။ ဆရာဝန်နဲ့ တိုင်ပင်ပြီး အကိုက်အခဲ ပျောက်ဆေး သောက်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။