လေးဖက်ထောက်သွားပေးပါ – ကြားလိုက်ရတာ ထူးဆန်းသွားလား။ ကိုယ်ဝန်ဆောင်မေမေတို့ရေ ဘေဘီလေးအနေအထားမှန်ပြီး မွေးဖွားရတာလွယ်ကူစေဖို့ ကလေးလေးတွေလို လေးဖက်ထောက်သွားပေးရပါမယ်။ ဒူးနှစ်ဖက်ကို ကွေးလို့ လက်ဖဝါးတွေနဲ့ ကြမ်းပြင်ကိုထောက်ထားပြီး ခန္ဓာကိုယ် အထက်ပိုင်းကိုထောက်ကန်ပေးထားပါ။ ဗိုက်ကို ကြမ်းပြင်နဲ့ မထိဖို့ သတိထားပေးပါ။ တစ်နေ့ကို ၁၀ မိနစ်လောက်လုပ်ဆောင်ပေးပါ။
ယောဂ ကစားပါ – ကိုယ်ဝန်ဆောင်ချိန် ယောဂကစားတာက မေမေရော ဘေဘီလေးကိုပါ ကျန်းမာစေနိုင်ပါတယ်။ ယောဂ ကစားတဲ့အခါ ကိုယ်ဝန်ဆောင်ယောဂကို တတ်သိနားလည်သူတွေရဲ့ ညွှန်ကြားမှုနဲ့ ကစားဖို့တော့လိုပါမယ်။ ကိုယ်ဝန်စရှိစဉ်ကတည်းက ယောဂလေ့ကျင့်ခန်းလုပ်ပေးလို့ရပါတယ်။
ရေကူးပါ –ကိုယ်ဝန်ဆောင်မေမေရေကူးတာက မိခင်ရော ကလေးကို ပါကျန်းမာစေနိုင်ပါတယ်။ ကလေးအနေအထားကိုမှန်စေနိုင်သလိုမွေးဖွားရတာလည်း လွယ်ကူစေမှာပါ။ ကလေးမွေးလမ်းကြောင်းထဲကိုခေါင်းစိုက်ဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။
Practise floor exercises –ဒီလေ့ကျင့်ခန်းက ကလေးရဲ့လှုပ်ရှားမှုနဲ့ အနေအထားမှန်အောင်ထောက်ပံ့ပေးနိုင်ပါတယ်။ ပက်လက်အနေအထားမှာ ဒူးထောင်ပြီးခြေထောက်နှစ်ဖက်ကို ကြမ်းပြင်နဲ့ ထိထားပါ။ လက်နှစ်ဖက်ကို ဆန့်လျက်ချထားပါ။ လက်နဲ့ ခြေထောက်တွကို အားပြုလို့ တင်ပါးတွေကို ကြမ်းပြင်ကနေကြွလိုက်ပါ။ တစ်နေ့ကို နှစ်ကြိမ်လောက်ပုံမှန်လုပ်ပေးတာက ကလေးရဲ့ အနေအထားပြောင်းအောင် အကောင်းဆုံးထောက်ပံ့ပေးနိုင်မှာပါ။ သိပ်ပြီးတော့ အားမစိုက်ပါနဲ့။ ကြွနိုင်သလောက်ပဲ ကြွပေးပါ။
ကဲ ကလေးအနေအထားမမှန်လို့ စိတ်မညစ်နေပါနဲ့နော်။ အလွယ်ကူဆုံး လေ့ကျင့်ခန်းလေးကနေစလုပ်ပြီး ကိုယ်တိုင်ရောဘေဘီလေးကိုပါကျန်းမာအောင်စောင့်ရှောက်လိုက်ပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။