ရိုးရိုးမီးဖွားပြီးတိုင်း ကြုံကိုကြုံရမယ့် အခက်အခဲများ ။ ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဇူလိုင် 3, 2020 . 2 mins read
Share now

မီးဖွားတယ်ဆိုတာ မိန်းမသားတွေအတွက်ကတော့ တကယ့်ကို အကြီးစားစိန်ခေါ်မှုကြီးတစ်ခုပါ။ ကိုယ်ဝန်ဆောင်တဲ့အချိန်ပြောင်းလဲမှုတွေကြုံရမယ် မီးဖွားချိန်ဆိုရင်လည်း ဗိုက်နာကတစ်မျိုး ဒီကြားထဲ မီးဖွားပြီးရင်ရှောင်ရဆောင်ရမယ့် ပြဿနာ ခံစားရမယ့် ဝေဒနာတွေက ရှိသေးတယ်မလား။ ဒီတော့မီးဖွားပြီးတဲ့ အမျိုးသမီးတိုင်း ဘာတွေ ဆက်ကြုံတွေ့ရနိုင်သလဲ။ ဒါတွေသိထားမှ ကိုယ်လည်းကျန်းမာ ကလေးကိုလည်းသေချာ ဂရုစိုက်နိုင်မှာလေ။

ရိုးရိုးမီးဖွားပြီးနောက်ပိုင်း ကြုံကိုကြုံတွေ့ရနိုင်တာတွေကတော့

Postpartum hemorrhage

မီးဖွားပြီးနောက်ပိုင်း သွေးသွန်တတ်တာကတော့ ကြုံကိုကြုံရမယ့်ကိစ္စတစ်ခု။ မီးဖွားပြီးပြီးချင်း ၁၀ ရက်လောက်မှာတော့ မိန်းမကိုယ်ကနေ သွေးဆင်းတာများနေတတ်ပြီး နောက်ပိုင်းကျရင်တော့ တဖြည်းဖြည်းနည်းသွားပါလိမ့်မယ်။ ဒါပေမယ့် ၆ ပတ် လောက်ဖြစ်တဲ့အထိတောင် သွေးဆင်းတာများနေသေးတယ်ဆိုရင်တော့ ဆရာဝန်နဲ့ သေချာသွားပြဖို့ လိုအပ်နေပါပြီ။ ဆင်းတဲ့ သွေးပမာဏကလည်း တစ်နေ့ကို လစဉ်သုံးပစ္စည်း နှစ်ခုလောက်ပဲ ကုန်ရမှာပါ။ ဒါကို တစ်နာရီတည်းနဲ့ လစဉ်သုံးပစ္စည်းတစ်ခုလုံး ပြည့်အောင် သွေးသွန်နေပြီဆိုရင်တော့ ဆရာဝန်နဲ့ သေချာ ဆွေးနွေးဖို့လိုအပ်ပါတယ်။

Vagina hematoma

ရိုးရိုးမီးဖွားတဲ့အချိန် ကြုံတွေ့ရတတ်တဲ့ မိန်းမကိုယ်ပတ်လည် ထိခိုက်ဒဏ်ရာရတာ စုတ်ပြဲတာတွေနဲ့ မွေးလမ်းကြောင်းချဲ့တာတွေ ကြောင့် မိန်းမကိုယ်မှာ သွေးခြည်ဥတဲ့ ပြဿနာတွေ ကြုံတွေ့ရတတ်ပါတယ်။

မွေးလမ်းကြောင်း ချဲ့ထားတဲ့နေရာကနေ ပိုးဝင်ခြင်း

မွေးလမ်းကြောင်းချဲ့ပြီးတာ ပြန်ချုပ်လိုက်တယ်ဆိုပေမယ့် သေချာသန့်ရှင်းရေးမလုပ် ဂရုမစိုက်တဲ့အခါ အဲဒီချဲ့ထားတဲ့နေရာကနေ ပိုးဝင်ပြီး အနာရင်းတာမျိုးတွေ ဖြစ်တတ်ပါတယ်။

ဆီးသွားရတာ အခက်အခဲဖြစ်ခြင်း

ကိုယ်ဝန်ဆောင်ထားတဲ့ ဒဏ်နဲ့ မီးဖွားထားတဲ့ ဒဏ်တွေကြောင့် ဆီးအိမ်တင်း နေတာမျိုးတွေ ဖြစ်တတ်ပြီး မီးဖွားပြီးပြီးချင်း ဆီးသွားရတာ အခက်အခဲရှိတတ်ပါတယ်။

လိပ်ခေါင်းထွက်ခြင်း

ကိုယ်ဝန်ကြောင့် ဝမ်းချုပ်ပြီး လိပ်ခေါင်းထွက်တာက တစ်မျိုး၊ မီးဖွားချိန် ညှစ်ထားရတော့ လိပ်ခေါင်းထွက်ချင်တာ တစ်မျိုး၊ မွေးလမ်းကြောင်းချဲ့ထားတော့ ဝမ်းသွားရမှာစပ်နေတာက တစ်မျိုးနဲ့ ဝမ်းပိုချုပ် လိပ်ခေါင်းပိုထွက်တာမျိုး ဖြစ်တတ်ပါတယ်။

ဒါမျိုးတွေ ကြုံတွေ့ရတတ်တယ်ဆိုတော့ ဘယ်လိုတွေ ကြိုပြင်ဆင်ထားဖို့လိုမလဲ။ ။

  • Kegel exercise – တင်ပဆုံကြွက်သားတစ်ဝိုက်ကို သန်စွမ်းအောင် လေ့ကျင့်ခန်းလုပ်တဲ့ Kegel exercise ပြန်လုပ်ပေးပါ။ ဒါမှ ဆီးသွားရခက်တာနဲ့ ဝမ်းသွားရခက်တဲ့ ပြဿနာတွေ ဖြေရှင်းပြီးသားဖြစ်မှာပါ။
  • မီးဖွားပြီး ၄၅ ရက်အကြာ အမျိုးသားနဲ့ပြန်နေချိန် မိန်းမကိုယ်ခြောက်သွေ့တဲ့ ပြဿနာတွေ ရှိနိုင်တာကြောင့် လိင်ဆက်ဆံတာ ချောမွေ့စေဖို့ ချောဆီသုံးဖို့လိုအပ်ကောင်းလိုအပ်ပါလိမ့်မယ်။
  • ဝမ်းချုပ်တာကို ကာကွယ်ချင်ရင်တော့ အမျှင်ဓါတ်ကြွယ်ဝတဲ့ အသီးအနှံတွေ များများစားပေးဖို့ လိုပါလိမ့်မယ်။
  • သွေးခြည်ဥတဲ့ ပြဿနာကို ပြေလည်စေချင်ရင်တော့ ဖောင်းနေတဲ့နေရာကို ရေခဲသန့်သန့်လေးကပ်ပေးပါ။
  • နောက်ဆုံးနဲ့ အရေးအကြီးဆုံးကတော့ ဆရာဝန်ဆီ ရက်ချိန်းအတိုင်း မှန်မှန်ပြန်သွားပြဖို့ပဲ ဖြစ်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

Tampon ဘာလဲ။ ဘယ်လဲ

အမျိုးသမီးတွေ ဓမ္မတာ လစဉ်သုံး ဂွမ်းထုပ် Tampon လက်ဆေးပါ မိန်းမကိုယ် သွေးဆင်းတာ ရာသီလာတာ အရေပြား ဘက်တီးရီးယားတွေ လဲလှယ် ယားယံ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint

အဖြူဆင်း တာ ကျန်းမာရေးပြဿနာလား

အဖြူဆင်း မိန်းမကိုယ် အမျိုးသမီးကျန်းမာရေး သန့်ရှင်းမှု မှိုပိုးဝင်ခြင်း တကိုယ်ရေသန့်ရှင်းမှု နောက်ဆက်တွဲပြဿနာ အကြောင်းရင်း ကြိုတင်ကာကွယ်မှု လက္ခဏာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon

လူပြောများနေတဲ့ Menstrual Cup… တကယ်ရော ကျန်းမာရေးနဲ့ ညီညွတ်ရဲ့လား

လစဉ်သုံးဂွမ်းထုပ် Menstrual Cup မိန်းမကိုယ် IUD အမျိုးသမီး လစဉ်သုံး ရာသီလာနေတယ် ရာသီသွေးတွေ မိန်းမကိုယ် ခြောက်သွေ့တာ အိမ်သာသုံးစက္ကူ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint

Menstrual Cup ကို ဘယ်လိုသုံးရလဲ

Menstrual Cup Tampon မိန်းမကိုယ် ရာသီသွေးတွေ ချောဆီ တင်ပါးဆုံကြွက်သား အသက်အရွယ် မွေးလမ်းကြောင်း သွေးဆင်းမှု Sanitary Pad လစဉ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint

သင့်အတွက် ရွေးချယ်ထားသည်

ပိုးသတ်ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေကို ဘယ်လိုဖြေရှင်းမလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 31, 2020 . 2 mins read
ကိုယ်ဝန်ဆောင်မေမေ နဲ့ သကြား

ကိုယ်ဝန်ဆောင်မေမေ နဲ့ သကြား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 28, 2020 . 2 mins read
ကိုယ်ဝန်ဆောင်မေမေ အချို လျှော့စားပါ

ကိုယ်ဝန်ဆောင်မေမေ အချို လျှော့စားပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 28, 2020 . 2 mins read
ပထမဆုံးအကြိမ် Brazilian Wax လုပ်တော့မယ်ဆိုရင်

ပထမဆုံးအကြိမ် Brazilian Wax လုပ်တော့မယ်ဆိုရင်

ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 27, 2020 . 2 mins read