ကလေးမွေးဖွားပြီးစ မိခင်တွေအတွက် မွေးဖွားပြီးနောက် ဖြစ်လာတဲ့ စိတ်ဓာတ်ကျဆင်းမှုတွေကိုကျော်လွှားနိုင်မယ့် နည်းလမ်းများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဇွန် 16, 2020 . 4 mins read
Share now

စိတ်ဓာတ်ကျဆင်းမှုတွေ ဖိစီးမလာခင်ထိကတော့ သင့်ကလေးငယ်ကို ပြုစုစောင့်ရှောက်ရတာ ပျော်စရာပါ။ တကယ်လို့သင်က ကိုယ်ဝန်ဆောင်နေစဉ်ကာလတုန်းက စိတ်ကျရောဂါဖြစ်ခဲ့ဖူးတယ်ဆိုရင် ကလေးမွေးဖွားပြီးရင်တောင်မှ ဒီလိုစိတ်ဓာတ်ကျဆင်းမှုတွေကို ပြန်လည်မြှင့်တင်နိုင်မှာမဟုတ်ပါဘူး။

တကယ်လို့သင့်မှာအပျော့စား postpartum depression (မွေးဖွားပြီးစိတ်ဓာတ်ကျမှု) ရှိခဲ့ရင် သင့်ဆရာဝန်က မိမိကိုယ်တိုင်ကုသနိုင်မယ့် နည်းလမ်းတွေနဲ့ သင့်အတွက်အထောက်အကူဖြစ်မယ့် စာအုပ်တွေကို လမ်းညွှန်ပေးနိုင်ပါလိမ့်မယ်။ တကယ်လို့သင့်မှာဖြစ်နေတာက အလယ်အလတ်စားကနေ ပြင်းထန်တဲ့ postpartum depressionဆိုရင်တော့ သင်လုပ်လို့ရနိုင်မယ့် အကြံပြုချက်အချို့ကိုအောက်မှာဖော်ပြပေးထားပါတယ်။

စကားပြောခြင်းဖြင့်ကုသသော ကုထုံး (Talking therapies)

သင့်ရဲ့လက်တွဲဖော်သို့မဟုတ် သူငယ်ချင်းတစ်ယောက်ယောက်ကို စကားပြောခြင်းက အကူအညီဖြစ်နိုင်တယ်ဆိုပေမယ့် သင်ဘာတွေဖြစ်နေတယ်ဆိုတာကို နားလည်နိုင်ဖို့ဆိုတာတော့ သူတို့အတွက်ခက်ခဲနေပါလိမ့်မယ်။

သင့်ဆရာဝန်က သင့်အတွက်အထောက်အပံ့ဖြစ်စေမယ့် အဖွဲ့အစည်း၊ အကြံဉာဏ် သို့မဟုတ် စိတ်ပညာဆိုင်ရာကုသရေးပညာရှင် (psychotherapist) စသဖြင့် တစ်ခုခုကို ညွှန်းပေးနိုင်မှာပါ။ သူက အမူအကျင့်ဆိုင်ရာကုထုံး (Cognitive behavioural therapy, CBT) သို့မဟုတ် အပြန်အလှန်ပြောဆိုဆက်ဆံခြင်းကုထုံး (Interpersonal therapy, IPT) စတာတွေကိုလည်းစီစဉ်ပေးနိုင်ပါတယ်။ CBT ကသင့်ကို ပြဿနာဖြေရှင်းနိုင်မယ့် နည်းဗျူဟာတွေကို သင်ကြားပေးနိုင်မှာဖြစ်ပြီး IPT ကတော့ သင်နဲ့အခြားသူတွေကြားမှာရှိတဲ့ ဆက်နွှယ်ပြောဆိုမှုဆိုင်ရာပြဿနာတွေဟာ သင့်ရဲ့စိတ်ကျရောဂါနဲ့ သက်ဆိုင်နေနိုင်သလားဆိုတာကို လေ့လာဆန်းစစ်ပေးမှာဖြစ်ပါတယ်။

ကံမကောင်းစွာနဲ့ပဲ UK ရဲ့နေရာအများစုမှာ ဒီကုထုံးတွေခံယူဖို့ စောင့်ဆိုင်းနေသူတွေအများကြီးရှိနေပါတယ်။ အချို့သောအဖွဲ့အစည်းတွေက သင့်ကို postpartum depression ဖြစ်နေတဲ့မိခင်တွေနဲ့စကားပြောဆိုနိုင်ဖို့ လေ့ကျင့်ထားတဲ့စေတနာ့ဝန်ထမ်းတွေနဲ့ ဆက်သွယ်ပေးနိုင်ပါတယ်။

တကယ်လို့သင့်ရဲ့ PND က ပိုပြီးပြင်းထန်တယ်ဆိုရင် specialist nurse တွေ၊ စိတ်ရောဂါကုဆရာဝန်တွေ၊ စိတ်ပညာရှင်တွေပါဝင်တဲ့ စိတ်ကျန်းမာရေးဆိုင်ရာအဖွဲ့အစည်းတွေကိုဆက်သွယ်သင့်ပါတယ်။

စိတ်ကျရောဂါကုဆေး (Antidepressants)

Antidepressants တွေဟာ သင့်ဦးနှောက်တွင်းက ဓာတုပစ္စည်းတွေ ညီမျှနေအောင် ထိန်းညှိပေးပါတယ်။ သူတို့ဟာ သင့်ခံစားချက်ကိုမြှင့်တင်ပေးနိုင်မယ့် serotonin ဟော်မုန်းလယ်ဗယ်ကို မြင့်တက်စေနိုင်တာကြောင့် သင့်ကိုအိပ်ပျော်စေပြီး စိတ်အနှောင့်အယှက်ဖြစ်ခြင်းကနေ သက်သာစေပါတယ်။

Antidepressants ကိုသောက်နေတဲ့အမျိုးသမီး၁၀ဦးအနက် ၅ဦးမှ၇ဦးကြားမှာ ကုသမှုစပြီး ရက်သတ္တပတ်အနည်းငယ်အတွင်းမှာကို postpartum depression လက္ခဏာတွေသက်သာသွားတာကို တွေ့ရပါတယ်။ ဆေးအနည်းငယ်သောက်ပြီးနောက်မှာ ထူးခြားချက်ရှိလာမှာမဟုတ်ပေမယ့် ၂ပတ်မှ ၄ပတ်ထိကြာအောင် သောက်ပြီးတဲ့အခါမှာ သင့်အခြေအနေပိုကောင်းလာတာကို ခံစားရမှာပါ။

Antipressants တွေဟာ အမြဲတမ်းအသုံးဝင်နေတာတော့မဟုတ်ဘဲ ဘေးထွက်ဆိုးကျိုးတွေလည်း ဖြစ်စေနိုင်ပါသေးတယ်။ သူတို့ဟာစွဲလမ်းစေတဲ့ဆေးတွေမဟုတ်ပေမယ့် လူတစ်ယောက်က သူတို့ပေါ်မှီခိုနေရတာမျိုးလည်း မကြာခဏ တွေ့ရတတ်ပါသေးတယ်။

သင်ဟာနို့တိုက်မိခင်တစ်ဦးဖြစ်နေတယ်ဆိုရင်တောင်Tricyclic antidepressants (TCAs)တွေကို စိတ်ချယုံကြည်စွာနဲ့ အန္တရာယ်ကင်းကင်းသောက်သုံးနိုင်ပါတယ်။ Nortriptyline သို့မဟုတ် imipramine တွေဟာ အသုံးများတဲ့ TCA တွေဖြစ်ကြပါတယ်။ PND အတွက် အခြားအသုံးများပြီး ဆရာဝန်ညွှန်ကြားချက်ပါတဲ့ antidepressants တွေကတော့ selective serotonin reuptake inhibitors (SSRIs)တွေဖြစ်ပြီး သူတို့မှာ

  • fluoxetine (Prozac)
  • sertraline (Lustral)
  • paroxetine (Seroxat)စတာတွေ ပါဝင်ကြပါတယ်။

Antidepressants တွေဟာ သင့်ရဲ့နို့ရည်ထဲကိုစိမ့်ဝင်သွားနိုင်ပေမယ့် ဒါဟာ မပြောပလောက်တဲ့ပမာဏလေးပဲဖြစ်နိုင်တာပါ။ နို့တိုက်မိခင်တွေအတွက် Paroxetine နဲ့ sertraline ကို များသောအားဖြင့် fluoxetine ထက်ပိုပြီး recommend ပေးလေ့ရှိပါတယ်။ ဒီဆေးတွေက နို့ရည်ထဲစိမ့်ဝင်နိုင်တဲ့ပမာဏပိုပြီးနည်းလို့ပါ။ တကယ်လို့သင်က antidepressants ဆေးတွေသောက်ပြီးနောက်မှာ သင့်ကလေးဟာပိုပြီး အိပ်ချင်လာတာမျိုး ဒါမှမဟုတ် အလွယ်တကူ စိတ်အလိုမကျဖြစ်လာတာမျိုးတွေဆိုရင် ဆရာဝန်ကို ပြောပြပါ။

Antidepressants သုံးတဲ့မိခင်တွေအများစုဟာ ကလေးတွေကို နို့ချိုတိုက်ကျွေးကြပါတယ်။ ဘာလို့လဲဆိုတော့ ဒါက သူတို့နဲ့ကလေးကြားမှာရှိတဲ့ နှောင်ကြိုးကိုပိုပြီးခိုင်မာလာစေပြီး ယုံကြည်မှုပိုတိုးလာစေနိုင်လို့ပါ။ ကလေးငယ်နဲ့ နီးစပ်တယ်လို့ခံစားနေရခြင်းက သင့်ရဲ့ postpartum depression ကို ရင်ဆိုင်ရာမှာ အထောက်အကူဖြစ်စေပါတယ်။

သင်ကနို့တိုက်မိခင်ဖြစ်နေတယ်ဆိုရင် ဒီantidepressants တွေသောက်သုံးခြင်းရဲ့ကောင်းကျိုးဆိုးပြစ်တွေကို ပိုမိုရှင်းလင်းစွာနားလည်နိုင်စေဖို့ ဆရာဝန်ကိုမေးမြန်းထားဖို့လိုပါတယ်။

များများအနားယူနိုင်ဖို့ ကြိုးစားကြည့်ပါ။

ရသမျှအချိန်တိုင်းမှာ အိပ်တာပဲဖြစ်ဖြစ်၊ အနားယူတာပဲဖြစ်ဖြစ် လုပ်ပါ။ တကယ်လို့တစ်ယောက်ယောက်က သင့်ကလေးကို ၂နာရီလောက် ကြည့်ရှုစောင့်ရှောက်ပေးနိုင်မယ်ဆိုရင် နွေးထွေးတဲ့သောက်စရာတွေကိုသောက်သုံးပါ။ ပြီးရင် အနားယူလိုက်ပါ။ သင့်ကလေးအိပ်ပျော်နေစဉ်မှာ တစ်ရေးတစ်မောအိပ်ပြီး သင်လုပ်စရာအလုပ်စာရင်းတွေကို ခဏတာလောက်မေ့ထားကြည့်လိုက်ပါ။

ကျန်းမာရေးနဲ့ညီညွတ်မျှတတဲ့စားသောက်မှုပုံစံနဲ့ စားသောက်ပါ။

ခန္ဓာကိုယ်ရဲ့ လိုအပ်မှုအသစ်တွေအတွက် ကောင်းကောင်းမွန်မွန်စားသောက်ဖို့က အရေးကြီးလှပါတယ်။ မစားမသောက်ဘဲ အကြာကြီးနေခြင်းကို ရှောင်ကြဉ်ပါ။ ဒါမှသာ သင့်သွေးရဲ့အချိုဓာတ်ထိုးကျခြင်း မဖြစ်အောင်ရှောင်ရှားနိုင်မှာဖြစ်ပါတယ်။ သင့်ရဲ့စွမ်းအင်နဲ့ ခုခံအားစနစ်အတွက် အစားအစာက လောင်စာဖြည့်ပေးပါတယ်။ ဒါကြောင့် ညီညွတ်မျှတတဲ့ စားသောက်မှုပုံစံက သင့်ကို ပင်ပန်းနွမ်းနယ်ခြင်းနဲ့ နေမကောင်းဖြစ်ခြင်းမှ ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။

လေ့ကျင့်ခန်းလုပ်ခြင်း

ဒါဟာ သင်နောက်ဆုံးမှလုပ်ချင်နေတဲ့အရာလည်းဖြစ်ကောင်းဖြစ်နိုင်ပေမယ့် လေ့ကျင့်ခန်းလုပ်ခြင်းဟာ သင့်ရဲ့ စိတ်ရောခန္ဓာကိုယ်အတွက်ပါ ကောင်းမွန်စေပါတယ်။ သင်ဟာ exercise class တွေကိုဝင်နိုင်ပါတယ်။ ဒါမှမဟုတ် သင့်ဆရာဝန်က သင့်အတွက်သီးသန့်လေ့ကျင့်ပေးသူ သို့မဟုတ် သီးသန့်လေ့ကျင့်ခန်းပုံစံတွေကို ညွှန်းပေးနိုင်ပါတယ်။

လေ့ကျင့်ခန်းကို စတင်ဖို့ခက်ခဲနေမယ်ဆိုရင် သင့်ရဲ့ရည်မှန်းချက်ပန်းတိုင်ကို စီမံခန့်ခွဲနိုင်ဖို့ အရင်ကြိုးစားပါ။ သင့်ကလေးနဲ့အတူ လမ်းလျှောက်ထွက်ခြင်းက သင့်ရဲ့စိတ်ခံစားမှုတွေကို မြှင့်တင်ပေးနိုင်ပါတယ်။ တကယ်လို့သင်က ကိုယ်ဝန်ဆောင်နေချိန်မှာ ယောဂ သို့မဟုတ် အကြောလျှော့ အသက်ရှူလေ့ကျင့်ခန်း (Pilates) class တွေလုပ်ခဲ့မယ်ဆိုရင် ယခုအချိန်မှာ ဒါတွေကိုပြန်ပြီးလုပ်သင့်နေပါပြီ။

အခြားမိခင်တွေနဲ့ တွေ့ဆုံပါ။

ကလေးတစ်ယောက်နဲ့တင် တစ်ကမ္ဘာတည်လို့ရနိုင်ပေမယ့် သင့်မှာ Postpartum depression ရှိနေမယ်ဆိုရင် သင်အထီးကျန်သလိုဖြစ်နေနိုင်ပါတယ်။ ဒေသကလေးငယ်တွေရဲ့စင်တာ (local children’s center) တွေမှာရှိတဲ့ ကလေးငယ်တွေကိုနှိပ်နယ်ပေးတဲ့အဖွဲ့တွေမှာ ဆက်သွယ်ပါဝင်ခြင်း သို့မဟုတ် ဆရာဝန်ရဲ့အကြံဉာဏ်တွေက အခြားသောမိခင်တွေနဲ့တွေ့ဆုံနိုင်ဖို့အတွက် သင့်ကို ကူညီပေးပါလိမ့်မယ်။ ဒါဟာ သင်နဲ့သင့်ကလေးကြားက ဆက်နွယ်မှုကို ပိုပြီးခိုင်မြဲစေနိုင်ပါတယ်။

သင့်ကိုယ်သင် ညှာတာပါ။

မိမိကိုယ်ကိုနဲ့ သင့်ကလေးငယ်ကို ဂရုစိုက်ခြင်းတွေဟာ အရေးအကြီးဆုံးအရာတွေပါပဲ။ မလိုအပ်တဲ့အရာတွေပေါ်မှာ အချိန်ကုန်ပြီး ဝန်ပိနေတာမျိုးမဖြစ်ပါစေနဲ့။ ကြီးကြီးမားမားဆုံးဖြတ်ချက်ချရမယ့်ကိစ္စမျိုးကို နေကောင်းသွားတဲ့အချိန်မှစဉ်းစားပါ။ သင်ဘာကိုရနိုင်သလဲ၊ သင်ဘာကိုလက်ခံနိုင်မလဲဆိုတာကို အမှန်အတိုင်းလက်ခံလိုက်ပါ။ တစ်ခါတစ်လေမှာသင့်ကိုယ်သင် ဂရုတစိုက်ပြုစုပါ။

ကြောက်စရာကောင်းတဲ့အရာတွေကို ရှောင်ရှားပါ။

မမွေးခင်နဲ့ မွေးဖွားပြီးကာလက စိတ်ခံစားချက်တွေ(perinatal moodနဲ့ postpartum depression လို) စိတ်ပိုင်းဆိုင်ရာ ပုံမှန်မဟုတ်ခြင်းတွေဟာ ခန့်မှန်းရလွယ်ကူလွန်းပါတယ်။ ဒါကဘာကိုဆိုလိုတာလဲ။ ဆိုလိုတာကတော့ သင်က သင့်ကိုအနှောင့်အယှက်ဖြစ်စေမယ့် အသံတွေကိုကြားနိုင်တာမျိုး တစ်ခုခုကိုမြင်နေတာမျိုးဖြစ်နိုင်ပြီး ရုတ်တရက်ကြီး အဲ့ဒါက သင့်ကို တိုက်ရိုက်ဆက်နွယ်လာပါလိမ့်မယ်။ သင့်ခေါင်းထဲမှာ ကြောက်စရာကောင်းတဲ့ အကြံဉာဏ်တွေဖြစ်လာနိုင်ပြီး ဒါကိုဖျောက်ဖျက်ပစ်လို့လည်းရနိုင်မှာမဟုတ်ပါဘူး။ ဒါဟာ တစ်ခါတလေမှာ သင့်ကိုချောင်ပိတ်မိစေနိုင်ပြီး သင့်ကို အတောမသတ်ဘဲဒုက္ခပေးနေနိုင်ပါတယ်။ သင့်ပတ်ဝန်းကျင်မှာ တတ်နိုင်သမျှ ပုံရိပ်ကောင်းတွေ ဝန်းရံနေစေတာက အကောင်းဆုံးနည်းလမ်းဖြစ်နိုင်ပြီး ဒါမှသာ စိတ်ပျက်စေမယ့်အတွေးတွေက သင့်စိတ်ကူးထဲဝင်မလာနိုင်မှာမဟုတ်ပါလား။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ကိုယ်ဝန်ဆောင်နေချိန် Skin Care လုပ်သင့်လား

ဒီပြဿနာက ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ မကြာခဏ မေးတတ်ကြတဲ့ ကိစ္စတစ်ခုပါ။ များသောအားဖြင့် ...

ရေးသားသူ Ye Myo Myat
အရေပြားကျန်းမာရေး, အလှအပ နိုဝင်ဘာ 30, 2020 . 3 mins read

အမျိုးသားများ ရင်သား နို့ထွက်နိုင်သလား…

အမျိုးသား ရင်သား နို့ထွက် နို့တိုက် အမျိုးသမီး ဆီးကျိတ် သားအိမ် ကိုယ်ဝန်ဆောင် ဟော်မုန်း ပရိုလက်တင် အသည်း အာဟာရ သိုင်းရွိုက်ဟော်မုန်း ကလေး နို့သီးခေါင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat

ကိုယ်ဝန်ဆောင်မေမေနဲ့ သင့်တော်မယ့် လေ့ကျင့်ခန်းများ

ကိုယ်ဝန်ဆောင်ချိန်မှာ ခံစားရနိုင်တဲ့ နာကျင်ကိုက်ခဲမှုတွေကို သက်သာစေမယ့် နည်းလမ်းကောင်း တစ်ရပ်ကတော့ လေ့ကျင့်ခန်း လုပ်တာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ကျွန်မဖျောက်ဖျက်ပစ်ခဲ့တဲ့ မိဘအမွေ

ဒီရောဂါနဲ့ အသက်ရှင်ဖို့ဆိုတာက လွယ်တာတော့ မဟုတ်ပါဘူး။ လူကောင်းလို ဟန်မပျက် သွားလာလှုပ်ရှားနိုင်ပေမယ့် စိတ်ထင့်ရတဲ့ အချိန်တွေ ရှိခဲ့တယ်ဆိုတာ မငြင်းနိုင်ပါဘူး။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

သင့်အတွက် ရွေးချယ်ထားသည်

ကိုယ်ဝန်ဆောင်စောင့်ရှောက်မှု ဆိုတာ

ကိုယ်ဝန်ဆောင်စောင့်ရှောက်မှု ဆိုတာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 2, 2021 . 3 mins read
ကိုယ်ဝန်လအလိုက် ကြုံရနိုင်တဲ့ ကျန်းမာရေး ပြဿနာများ

ကိုယ်ဝန်လအလိုက် ကြုံရနိုင်တဲ့ ကျန်းမာရေး ပြဿနာများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 22, 2021 . 3 mins read
အာထွာဆောင်းဂျူးဒိတ်နဲ့ ရာသီရက် ဂျူးဒိတ်နဲ့ ကွာနေရင် ဘယ်ဒိတ်ကို ယူရမလဲ။

အာထွာဆောင်းဂျူးဒိတ်နဲ့ ရာသီရက် ဂျူးဒိတ်နဲ့ ကွာနေရင် ဘယ်ဒိတ်ကို ယူရမလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 7, 2020 . 3 mins read

ကိုယ်ဝန်ဆောင်ချိန်မှာ ဖြစ်တဲ့ တင်းတိပ်ပြဿနာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 30, 2020 . 2 mins read