သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

ask-doctor-icon

ဆရာဝန်အား အခမဲ့မေးမြန်းလိုက်ပါ။

Hello ဆရာဝန်မှာ သင့်အတွေးများကို အသိပေးနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန် နဲ့ ကလေးမွေးပြီးနောက်ပိုင်း စိတ်အပြောင်းအလဲတွေကို ဘယ်လိုရင်ဆိုင်မလဲ

    ကိုယ်ဝန်ဆောင်ချိန် နဲ့ ကလေးမွေးပြီးနောက်ပိုင်း စိတ်အပြောင်းအလဲတွေကို ဘယ်လိုရင်ဆိုင်မလဲ

    ကိုယ်ဝန်ဆောင်ချိန်နဲ့ ကလေးမွေးဖွားပြီးနောက်ပိုင်း စိတ်အပြောင်းအလဲဖြစ်တာက မိခင်ဖြစ်စမှာ ခံစားရလေ့ရှိတဲ့ပြဿနာတစ်ခုပါ။ ဒီအခြေအနေကိုသေချာဂရုမစိုက်ရင်မိသားစုရဲ့သာယာမှုကိုပါ ထိခိုက်စေနိုင်လောက်အောင် ဆိုးရွားတဲ့စိတ်ပိုင်းဆိုင်ရာပြဿနာအထိဖြစ်လာစေနိုင်ပါတယ်။ ဒီလိုမဖြစ်ရအောင်ကျော်လွှားနိုင်မယ့် အကြံပြုချက်တချို့ကိုပြောပြချင်ပါတယ်။

    ဘာတွေကြောင့်ဖြစ်ရတာလဲ

    ကိုယ်ဝန်ရှိလာတဲ့အခါ ခန္ဓါကိုယ်က ကိုယ်ဝန်အတွက်အသင့်ဖြစ်စေဖို့သွေးထဲမှာ အက်စထရိုဂျင်နဲ့ပရိုဂျက်စတရုန်းဟော်မုန်းပမာဏတိုးလာပါတယ်။ဟော်မုန်းပမာဏအပြောင်းအလဲကြောင့် စိတ်အခြေအနေမတည်ငြိမ်မှုတွေဖြစ်လာတတ်ပါတယ်။ ခုပဲပျော်လိုက်၊ ခဏနေ စိတ်ညစ်လိုက်ဖြစ်နေနိုင်ပါတယ်။ ဝမ်းနည်းနေသလိုလို၊ စိတ်တိုနေသလိုလိုခံစားရတဲ့အချိန်တွေလည်းရှိနိုင်ပါတယ်။ ဒီလိုအပြောင်းအလဲမြန်တဲ့ စိတ်အခြေအနေကြောင့် ပင်ပန်းရပါတယ်။

    ဒီလိုဖြစ်ရတာဟာဟော်မုန်းကြောင့်ချည်းပဲတော့မဟုတ်ပါဘူး။ ဘဝမှာတွေ့ကြုံရတဲ့ အရာတွေကပဲ သင့်စိတ်ကို အပြောင်းအလဲဖြစ်စေနိုင်၊ မျက်ရည်ကျစေနိုင်တာတွေရှိပါတယ်။ ကိုယ်ဝန်ဆောင်ချိန်အတွင်းမှာ စိတ်ကျဝေဒနာ၊ ပင်ပန်းနွမ်းနယ်ခြင်းတွေကြောင့် စိတ်အလိုမကျတာတွေရှိလာနိုင်ပါတယ်။ အိပ်ရေးပျက်ခြင်းကြောင့်လည်း ငိုနေမိတာတွေဖြစ်လာနိုင်ပါတယ်။

    ကိုယ်ဝန်ဆောင်ချိန်အတွင်း ဘယ်လိုဂရုစိုက်နေထိုင်ရမလဲ

    ကိုယ်ဝန်ဆောင်ချိန်အတွင်းဟော်မုန်းတွေကြောင့်ပြဿနာတက်နေရချိန်မှာ စိတ်အပြောင်းအလဲတွေကို သက်သာလျော့ပါးစေမယ့်နည်းလမ်းတွေရှိပါတယ်။

    • လုံလောက်စွာအိပ်စက်အနားယူပါ။ အိပ်ပျော်ခြင်းကဟော်မုန်းတွေကို ထိန်းညှိပေးဖို့ အထောက်အကူပြုနိုင်ပါတယ်။
    • အနားယူပါ။ စိတ်ကျရောဂါနဲ့ ပင်ပန်းနွမ်းလျမှုကင်းဝေးစေဖို့ အနားယူပြီး စိတ်ကိုရှင်းအောင် ထားပါ။
    • လိုအပ်လာရင် အကူအညီရယူပါ။ ရှက်ရွံ့မနေပါနဲ့။ တစ်ခါတရံ မွန်းကျပ်မှုကိုခံစားနေရတဲ့အခါ တစ်ယောက်ယောက်ဆီကအကူအညီရယူလိုက်ရင် စိတ်ထဲကဝန်ထုပ်ဝန်ပိုးကိုပေါ့သွားစေနိုင်ပါတယ်။
    • ဘယ်အရာကိုမဆို စိတ်မလောပါနဲ့။ ထိုက်သင့်သလောက် အချိန်အတိုင်းအတာတစ်ခုပေးပါ။ စိတ်ကိုဖြေလျော့ပြီးနေမယ်ဆိုရင်ရွေးချယ်မှုတွေ၊ ဆုံးဖြတ်ချက်တွေမှာ စိတ်မပင်ပန်းဘဲ ပိုလွယ်ကူလာပါလိမ့်မယ်။

    ကလေးမွေးပြီးနောက်ပိုင်း ဘယ်လိုဂရုစိုက်နေထိုင်ရမလဲ

    ကလေးမွေးပြီးနောက်ပိုင်းကာလကို postpartum လို့ခေါ်ပါတယ်။ အဲဒီအချိန်အတွင်းမှာ ခန္ဓါကိုယ်ရဲ့ပြောင်းလဲမှုတွေအပြင် စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေလည်းရှိနိုင်ပါတယ်။

    Baby blues လား၊ postpartum depression လား

    မီးဖွားပြီးတဲ့အခါ တချို့အမျိုးသမီးတွေမှာ စိတ်ပျော့အားနည်းတတ်တဲ့ baby blues လက္ခဏာတွေခံစားရတတ်ပါတယ်။ ဒါဖြစ်တတ်တဲ့ ပုံမှန်သဘာဝပါ။ ဒီစိတ်အခြေအနေက တစ်ရက်နှစ်ရက်ကနေ နှစ်ပတ်လောက်အထိကြာမြင့်နိုင်ပါတယ်။ လက္ခဏာတွေထဲမှာ အကြောင်းရင်းမရှိဘဲ ငိုနေတာ၊ အိပ်မပျော်တာ၊ ဝမ်းနည်းနေတာ၊ စိတ်ဆတ်နေတာ၊ ဂနာမငြိမ်တာ၊ စိတ်အတက်အကျမြန်တာတွေပါဝင်ပါတယ်။

    ဒါပေမယ့် ဒီလက္ခဏာတွေက နှစ်ပတ်ကျော်တဲ့အထိ မလျော့ပါးသွားဘူးဆိုရင်တော့ မီးဖွားပြီးနောက်ပိုင်းစိတ်ဓါတ်ကျခြင်း (postpartum depression) ရှိနိုင်ပါတယ်။ ဒီအခြေအနေရှိတဲ့ အမျိုးသမီးတချို့ဟာနေရင်းထိုင်ရင်း အပြစ်ရှိနေသလိုခံစားနေရတာ၊ တန်ဖိုးမရှိသလိုခံစားနေရတာတွေ ရှိနိုင်ပါတယ်။နေ့စဉ်လုပ်နေကျအလုပ်တွေမှာ စိတ်မဝင်စားတော့သလို ကလေးကိုတောင် ဂရုမစိုက်မိတော့ပါဘူး။ တစ်ခါတလေ ကလေးကို ထိခိုက်စေချင်တဲ့အထိ စိတ်ကပြောင်းလဲတတ်ပါတယ်။

    postpartum depressionဖြစ်လာရင် အမြန်ဆုံးကုသမှုခံယူဖို့လိုပါတယ်။ လက္ခဏာတွေကဖြစ်တာကြာလာရင် ဒါမှမဟုတ် ကလေးကိုရန်မူချင်တဲ့အတွေးတွေမကြာခဏပေါ်လာရင် ဆရာဝန်နဲ့ဆွေးနွေးပြီးအကြံပြုချက်ခံယူသင့်ပါတယ်။postpartum depression က ကလေးမွေးပြီး တစ်နှစ်အတွင်းမှာတောင် အချိန်မရွေးပေါ်လာနိုင်ပါတယ်။

    မတည်ငြိမ်တဲ့စိတ်ကို ဘယ်လိုထိန်းမလဲ

    ကလေးမွေးပြီးတဲ့အခါ ခင်ပွန်း၊ မိသားစုနဲ့မိတ်ဆွေသူငယ်ချင်းတွေဆီက အားပေးဂရုစိုက်မှုကိုလိုချင်ကြတာအမျိုးသမီးတိုင်းလိုလိုပါပဲ။ ဒီဝေဒနာခံစားလာရတဲ့အခါအောက်မှာဖော်ပြထားတဲ့အချက်လေးတွေနဲ့ဖြေရှင်းကြည့်ပါ –

    • အနားယူပါ။ရနိုင်သလောက် နှစ်ခြိုက်စွာအိပ်ပါ။ လသားအရွယ်ကလေးငယ်ကို မကြာခဏနို့တိုက်ကျွေးရ၊ဂရုစိုက်ရတာဖြစ်တဲ့အတွက် ရတဲ့အချိန်မှာ ရသလောက်အနားယူဖို့၊အိပ်စက်ဖို့လိုအပ်ပါတယ်။ ကလေးအိပ်ပျော်နေချိန် ကိုယ်လည်းတရေးအိပ်ပါ။ စိတ်ကြည်လင် အကောင်းမြင်နိုင်စေဖို့အကောင်းဆုံးနည်းလမ်းပါ။
    • အကူအညီရယူပါ။ တစ်စုံတစ်ယောက်က ကူညီပေးမယ်လို့ ကမ်းလှမ်းလာရင် မငြင်းပယ်ပါနဲ့။ ခက်ခဲပင်ပန်းတဲ့အချိန်ကာလမှာ သူတို့ရဲ့အားပေးကူညီမှုက အရမ်းကိုအထောက်အကူဖြစ်စေပါတယ်။
    • လူမှုဆက်ဆံရေးတိုးမြှင့်ပါ။တခြားသူတွေနဲ့စကားပြောဆိုပြီး ခံစားချက်တွေမျှဝေတာက အသစ်စက်စက်မိခင်တစ်ယောက်ရဲ့ပင်ပန်းမှု၊ဖိစီးမှုတွေကို သက်သာစေနိုင်တဲ့နည်းလမ်းကောင်းတစ်ခုပါ။ ခင်ပွန်းနဲ့ဖြစ်ဖြစ်၊မိသားစု သို့မဟုတ် မိတ်ဆွေသူငယ်ချင်းတွေနဲ့ဖြစ်ဖြစ် စကားစမြည်ပြောဆိုပါ။
    • အပန်းဖြေပါ။ ခံစားနေရတဲ့လက္ခဏာတွေကို သက်သာစေဖို့ သီချင်းနားထောင်တာ၊ ဟာသရုပ်ရှင်တွေကြည့်တာ၊ဈေးဝယ်ထွက်တာလိုမျိုး စိတ်အပန်းပြေမယ့်နည်းလမ်းတွေကို လုပ်ကြည့်ပါ။ ဒါမှ စိတ်အတွေးတွေတည်ငြိမ်ပြီး ထိန်းချုပ်နိုင်မှာဖြစ်ပါတယ်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    သားဥကြွေခြင်းကို တွက်ချက်ခြင်း

    ရာသီစက်ဝန်းကို လေ့လာနိုင်ပါသည်။ မျိုးအောင်နိုင်မယ့်ရက်ကို တွက်ချက်ပြီး ကလေးယူဖို့ ဒါမှမဟုတ် တားဆေးသုံးဖို့ ဆုံးဖြတ်နိုင်ပါသည်။

    သားဥကြွေခြင်းကို တွက်ချက်ခြင်း

    သားဥကြွေခြင်းကို တွက်ချက်ခြင်း

    ရာသီစက်ဝန်းကို လေ့လာနိုင်ပါသည်။ မျိုးအောင်နိုင်မယ့်ရက်ကို တွက်ချက်ပြီး ကလေးယူဖို့ ဒါမှမဟုတ် တားဆေးသုံးဖို့ ဆုံးဖြတ်နိုင်ပါသည်။

    သားဥကြွေခြင်းကို တွက်ချက်ခြင်း

    ရာသီစက်ဝန်း ရက်အရေအတွက်

    (days) ရက်

    28

    ရာသီရက်စုစုပေါင်း

    (days) ရက်

    7

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    စာရေးသူ ဓာတ်ပုံbadge
    Yun Sandi Nan Mon မှ ရေးသားသည်။ 3 ရက် အကြာက တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
    Dr. Thurein Hlaing Win မှ အချက်အလက် စစ်ဆေးထားပါသည်။
    Next article: