ကိုယ်ဝန်ဆောင်မေမေတစ်ယောက်က သာမန်လူတစ်ယောက်နဲ့မတူပါဘူး။ စားလိုက်သမျှအစားအသောက်တိုင်းက ကောင်းကျိုးရှိရင် နှစ်ဦးစလုံးအတွက် အကျိုးရှိမှာဖြစ်ပြီး ထိခိုက်မယ်ဆိုရင်လည်း မေမေရောဘေဘီလေးမှာပါထိခိုက်မှာပါ။ ဒါကြောင့် ကိုယ်ဝန်ဆောင်နေရချိန်မှာ တစ်ခုခုစားချင်တိုင်းအဆင်ပြေပါ့မလားဆိုတာကို အရင်တွေးကြည့်သင့်ပါတယ်။