ကိုယ်ဝန်ဆောင်ကာလ ရှောင်ကြဉ်သင့်သည်များ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 28, 2020 . 2 mins read
Share now

ကိုယ်ဝန်ဆောင်ကာလဟာ မိခင်ကျန်းမာရေးရော ကလေးကျန်းမာရေးပါ ဂရုစိုက်ရတဲ့ ကာလဖြစ်တာမို့ အထူးအရေးကြီးလှပါတယ်။ ကိုးလတာကာလမှာ ဂရုပြုနေထိုင်သွားမှသာ မီးဖွားလာတဲ့အခါ ကျန်းမာသန်စွမ်းတဲ့ ကလေးအဖြစ် တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။ ယခုဆောင်းပါးမှာ ဖော်ပြသွားမှာကတော့ ကိုယ်ဝန်ဆောင်ကာလမှာ ဘယ်အချက်တွေကို ရှောင်ကြဉ်သွားသင့်သလဲ ဆိုတာပါပဲ။ တနည်းအားဖြင့် (The Dont’s) တွေ ဖြစ်ပါတယ်။

၁။ ဆေးလိပ်မသောက်ပါနှင့်

ကိုယ်ဝန်ဆောင်မိခင်တွေ ဆေးလိပ်သောက်တဲ့အခါ မွေးလာမယ့်ကလေးဟာ ကိုယ်အလေးချိန်နည်းနေတတ်ပါတယ်။ ဒါ့အပြင် ကလေးများဟာ လေ့လာသင်ကြားတဲ့အပိုင်းမှာ အခက်အခဲဖြစ်တတ်ပါတယ်။ သုတေသနတစ်ခုရဲ့ဖော်ပြချက်အရ ဆေးလိပ်သောက်တဲ့ မိခင်များမှ မွေးဖွားလာသူ ကလေးများဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ ဆေးလိပ်သောက်တတ်သူတွေ ဖြစ်လာတတ်တယ်လို့ သိရပါတယ်။

၂။ အရက်မသောက်ပါနဲ့

အရက်သောက်ခြင်းဟာ ကလေးရဲ့ဖွံ့ဖြိုးကြီးထွားမှုကို ထိခိုက်စေပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ အရက်သောက်သုံးခဲ့ရင် ကလေးဟာ Fetal Alcohol Syndrome နဲ့ မွေးဖွားလာတတ်ပါတယ်။ အဆိုပါ ရောဂါလက္ခဏာစုမှာ ကြုံရတတ်တဲ့ အခြေအနေတွေကတော့

– ပေါင်မပြည့်ခြင်း

– သင်ကြားလေ့လာရာတွင် အခက်အခဲရှိခြင်း

– အမူအကျင့်ပိုင်းဆိုင်ရာ ပြဿနာများရှိခြင်း

– ဖွံ့ဖြိုးကြီးထွားမှုနှောင့်နှေးခြင်း စတာတွေ ဖြစ်တတ်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ အရက်ဟာ ဘယ်လောက်ပဲသောက်သောက် ပြဿနာရှိပါတယ်။ ဘေးကင်းစိတ်ချရတဲ့ ပမာဏဆိုတာ မရှိပါဘူး။

၃။ အသားများကို အစိမ်းမစားပါနဲ့

အသားနဲ့ ဥအမျိုးမျိုးကို အစိမ်းစားခြင်း၊ မကျက်တကျက်စားခြင်း စတာတွေဟာ ကိုယ်ဝန်ဆောင်ကာလမှာ အစာကတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါတွေ ဖြစ်လာနိုင်ပါတယ်။ အစာအဆိပ်သင့်ခြင်းလည်း ဖြစ်တတ်ပါတယ်။

အဆိုပါရောဂါတွေကြောင့် အသက်အန္တရာယ်ထိခိုက်လောက်တဲ့ အခြေအနေတွေ ကြုံတွေ့နိုင်ပြီး မွေးရာပါချို့ယွင်းခြင်း၊ ကလေးပျက်ကျခြင်း စတာတွေအထိ ဖြစ်နိုင်ပါတယ်။ အသား၊ ငါးနဲ့ ဥအမျိုးမျိုးကို ကိုယ်ဝန်ဆောင်ကာလမှာ စားသုံးမယ်ဆိုရင် ကောင်းစွာကျက်အောင် ချက်ပြုတ်ဖို့ လိုပါမယ်။

၄။ ပိုးမသတ်ထားတဲ့ နို့ထွက်ပစ္စည်းတွေရှောင်ပါ

မွေးဖွားလာမယ့် ကလေးတွေအတွက် ကယ်လ်ဆီယမ်ဓာတ်ဟာ မဖြစ်မနေ အရေးပါပါတယ်။ ဒီအတွက် နို့နဲ့နို့ထွက်ပစ္စည်းတွေကနေ ရရှိနိုင်ပါတယ်။ ဒါပေမယ့် နို့ထွက်ပစ္စည်းတွေဟာ ပိုးသတ်ပြီးသားဖြစ်ဖို့ အရေးကြီးပါတယ်။ ဘက်တီးရီယားပိုးတွေ မပေါက်ပွားနိုင်အောင် ဖြစ်ပါတယ်။ အထူးသဖြင့် မကျိုချက်ရသေးတဲ့ နွားနို့မှာ Listeria ဘက်တီးရီးယားပိုးပါဝင်ပြီး ရောဂါပိုးကူးစက်ခဲ့ရင် နေထိုင်မကောင်းဖြစ်ရုံသာမကဘဲ ကလေးပျက်ကျခြင်း၊ အသက်အန္တရာယ်ထိခိုက်ခြင်း စတဲ့အခြေအနေတွေထိ ဖြစ်နိုင်ပါတယ်။

၅။ ရေပူစမ်းတွင်းဆင်းခြင်း၊ ရေနွေးစိမ်ခြင်း မပြုပါနဲ့

ဒီအရာတွေဟာ ကိုယ်ရောစိတ်ပါ သက်သာရာရစေတယ်ဆိုပေမယ့် အပူဓာတ်ဟာ မိခင်လောင်းတွေအတွက် အန္တရာယ်ရှိပါတယ်။ ကိုယ်ဝန်ပထမသုံးလပတ်မှာဆိုရင် ကလေးပျက်ကျနိုင်ခြေ နှစ်ဆရှိပါတယ်။ ကိုယ်ခန္ဓာအပူချိန်ကို မြင့်တက်စေပြီး ကလေးကို မွေးရာပါချို့ယွင်းချက်ဖြစ်ပေါ်စေနိုင်ပါတယ်။

၆။ ကဖိန်းများများမသောက်ပါနှင့်

ကော်ဖီမှာပါဝင်တဲ့ ကဖိန်းဟာ အချင်းကတဆင့် ကလေးဆီရောက်နိုင်ပြီး ကလေးရဲ့နှလုံးခုန်နှုန်းကို မြန်ဆန်မြင့်တက်စေပါတယ်။ လတ်တလော သုတေသနအချို့အရ အမျိုးသမီးများအနေနဲ့ တစ်နေ့ကို တစ်ခွက်နှစ်ခွက်ခန့် သောက်သုံးနိုင်ပေမယ့် တတ်နိုင်သမျှ လျှော့ချတာ အကောင်းဆုံးပါပဲ။

၇။ တိရစ္ဆာန်များနဲ့ထိတွေ့ခြင်းရှောင်ပါ

အိမ်မွေးတိရစ္ဆာန်များနဲ့ တတ်နိုင်သလောက် မကိုင်တွယ် မထိတွေ့ဖို့ လိုပါတယ်။ ခွေး၊ ကြောင်များရဲ့ အိမ်ကို သန့်ရှင်းရေး ကိုယ်တိုင်လုပ်ပေးခြင်းကနေ ရှောင်ရပါမယ်။ အိမ်မွေးတိရစ္ဆာန်များရဲ့ မစင်မှာ ဘက်တီးရီးယားပိုးတွေ၊ ကပ်ပါးပိုးတွေ များစွာပေါက်ပွားနေတတ်ပါတယ်။ ကိုယ်ဝန်ဆောင်ကာလမှာ ထိတွေ့မိရင် ကလေးကိုပါ ထိခိုက်နိုင်ပါတယ်။

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ကိုယ်ဝန်ဆောင်မေမေနဲ့ သင့်တော်မယ့် လေ့ကျင့်ခန်းများ

ကိုယ်ဝန်ဆောင်ချိန်မှာ ခံစားရနိုင်တဲ့ နာကျင်ကိုက်ခဲမှုတွေကို သက်သာစေမယ့် နည်းလမ်းကောင်း တစ်ရပ်ကတော့ လေ့ကျင့်ခန်း လုပ်တာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ကိုယ်ဝန်ဆောင်အားဆေးကို ဘယ်လိုရွေးချယ်သင့်သလဲ

ဖောလိတ် ကိုယ်ဝန်ဆောင်ကာလ ကိုယ်ဝန်ဆောင်အားဆေး Omega 3 ဗီတာမင် B12 ကိုလင်း Choline အိုင်အိုဒင်း ဗီတာမင် D3 ဘိုင်အိုတင် သံဓာတ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr.Thant Zin

ချွေးထွက်ခြင်း၏ အကျိုးကျေးဇူးများ

ချွေးထွက်ခြင်း အကျိုးကျေးဇူးများ ကိုယ်ခန္ဓာအပူချိန် ကိုယ်အလေးချိန် ချွေးပေါက် ဆံပင် ဘက်တီးရီးယား အဆိပ်အတောက် လေ့ကျင့်ခန်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr.Thant Zin

ချွေးထွက်သက်သာစေမည့် နည်းလမ်းကောင်းများ

ချွေးထွက်ခြင်း ကိုယ်ခန္ဓာအပူချိန် ကျန်းမာရေး အရေပြား ချွေးနံ့ပျောက်ဆေး ချွေးဂလင်း ရေခဲတုံး အစားအစာ ဆီးအိမ်ပြဿနာ ရေဓာတ်ပြည့်ဝ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr.Thant Zin

သင့်အတွက် ရွေးချယ်ထားသည်

သွေးဆိပ်တက်ခြင်းအကြောင်း

သွေးဆိပ်တက်ခြင်းအကြောင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 5, 2020 . 2 mins read
ကိုယ်ဝန်ဆောင်ချိန် ခေါင်းကိုက်ခြင်း

ကိုယ်ဝန်ဆောင်ချိန် ခေါင်းကိုက်ခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 5, 2020 . 2 mins read
သွေးအတွင်း ယူရီးယားဓာတ်မြင့်တက်ခြင်း

သွေးအတွင်း ယူရီးယားဓာတ်မြင့်တက်ခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 15, 2020 . 2 mins read
ကိုဗစ်-၁၉ နဲ့ အသက်အန္တရာယ်

ကိုဗစ်-၁၉ နဲ့ အသက်အန္တရာယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 11, 2020 . 2 mins read