မွေးခါနီးထိ ဘေဘီလေးအနေအထားမမှန်တာကြောင့် စိတ်ညစ်နေရတဲ့ မေမေတို့အတွက်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date စက်တင်ဘာ 23, 2020 . 2 mins read
Share now

ကိုယ်ဝန်ဆောင်ခြင်း ကအမျိုးသမီးတစ်ယောက်အတွက် ခက်ခဲတဲ့အချိန်တွေဖြစ်သလို စိတ်လှုပ်ရှားစရာအကောင်းဆုံး အချိန်ဆိုလည်း ဟုတ်ပါတယ်။နေ့ရက်တိုင်းမှာ စိန်ခေါ်မှုတွေအပြည့်နဲ့ကျော်ဖြတ်နေရတာပါ။ ဗိုက်ထဲကဘေဘီလေးကျန်းမာဖို့ကိုလည်း တစ်ချိန်လုံးတွေးပူရင်းဖြတ်သန်းနေရတာပါ။မေမေတို့တွေးပူတဲ့ထဲက အချက်လေးတစ်ချက်ဖြစ်တဲ့ဘေဘီလေးအနေအထားမမှန်တဲ့ကိစ္စကို ဒီဆောင်းပါးလေးကနေတဆင့်ဆွေးနွေးပါရစေ။

ဘေဘီလေးက ဗိုက်ထဲမှာ ဘယ်လိုအနေအထားနဲ့ရှိနေတတ်တာလဲ……

ဗိုက်ထဲမှာရှိနေတဲ့ဘေဘီလေးတွေရဲ့ ပုံစံကတစ်ယောက်နဲ့တစ်ယောက်သိပ်မတူကြပါဘူး။

  • occipito-anterior ( နောက်စေ့အရှေ့ရောက် အနေအထား)မွေးရင်တော့ခေါင်းနဲ့ပဲစဖွားမယ့်အနေအထားပါ။
  • occipito posterior ( နောက်စေ့ အနောက်ဘက်ရောက်အနေအထား)မွေးရင်တော့ခေါင်းနဲ့ပဲစဖွားမယ့်အနေအထားပါ။
  • breech delivery (တင်ပဆုံဖွား)မွေးရင် တင်ပဆုံကနေစဖွားမယ့်အနေအထားပါ။မွေးဖွားရခက်နိုင်တဲ့ အနေအထားပါ။
  • tranverse lie (ကန့်လန့်အနေအထား) ကလေးက ကန့်လန့်ခံနေပြီး မွေးလမ်းကြောင်းကို ပိတ်ထားတဲ့အနေအထားပါ။ ရိုးရိုးမွေးဖို့ မဖြစ်နိုင်ပါဘူး။ ခွဲမွေးမှရမှာပါ။

ဘယ်အချက်တွေကြောင့် ကလေးက အနေအထားမမှန်ဖြစ်ရတာလဲ…………….

ဘေဘီလေးတွေကမေမေ့ဗိုက်ထဲမှာနေရင်းမွေးဖွားရအဆင်မပြေလောက်တဲ့ အနေအထားမျိုးတွေဖြစ်ရတာက ဒီအချက်တွေကြောင့်ပါ။

  • ကလေးရဲ့ ဦးခေါင်းအရွယ်အစားက ကြီးနေပြီးမေမေရဲ့မွေးလမ်းကြောင်းက ကျဉ်းနေတာ
  • ကလေးသားအိမ်ထဲမှာ လှုပ်ရှားပြီး အနေအထားပြောင်းနိုင်စေဖို့အတွက် လုံလောက်တဲ့ရေမြွာရည်ရှိမနေတာ
  • ကလေးကရှိသင့်တဲ့ ကိုယ်အလေးချိန်ထက်နည်းနေတာကြောင့် ကလေးကအနေအထားပြောင်းလဲဖို့ မလှုပ်ရှားနိုင်ဖြစ်နေတာ
  • ဗိုက်ထဲကဘေဘီလေးလှုပ်ရှားစေဖို့မေမေက လုံလောက်တဲ့ ကိုယ်လက်လှုပ်ရှားမှုမလုပ်တာ၊ ကျန်းမာရေးစောင့်ရှောက်မှုအားနည်းတာတွေပါ။

ဗိုက်ထဲကဘေဘီလေးအနေအထားပြောင်းအောင်လုပ်လို့ရလား………

ဗိုက်ထဲက ဘေဘီလေးရဲ့ လှုပ်ရှားမှုနဲ့ အနေအထားပြောင်းလဲမှုတွေကို အများကြီးထိန်းချုပ်ထားလို့မရပါဘူး။ ဒါပေမယ့် ကိုယ်ဟန်အနေအထားနဲ့ လေ့ကျင့်ခန်းလုပ်တာက ဘေဘီလေးကိုမွေးဖွားရလွယ်တဲ့ အနေအထားမျိုးကိုပြောင်းလဲစေဖို့ အထောက်အကူပြုပေးနိုင်ပါတယ်။

လမ်းလျှောက်ပေးပါ – ကိုယ်ဝန်ဆောင်ချိန်မှာ တစ်နေ့ကို မိနစ် ၂၀ ကနေ ၂၅မိနစ်လောက်လမ်းလျှောက်ပေးတာက ကလေးကိုမွေးဖွားရလွယ်မယ့် အနေအထားအမှန်ကို ရောက်ရှိစေနိုင်ပြီး မွေးဖွားရလွယ်စေမှာပါ။ လမ်းပုံမှန်လျှောက်ပေးတာက မြေဆွဲအားနဲ့ ကလေးကို မွေးလမ်းကြောင်းထဲ ခေါင်းစိုက်လာအောင် လှုံ့ဆော်ပေးနိုင်ပါတယ်။ ပုံမှန်လမ်းလျှောက်ပေးတာက မေမေရော ဘေဘီလေးကိုပါ ကျန်းမာစေနိုင်ပါတယ်။

လေးဖက်ထောက်သွားပေးပါ – ကြားလိုက်ရတာ ထူးဆန်းသွားလား။ ကိုယ်ဝန်ဆောင်မေမေတို့ရေ ဘေဘီလေးအနေအထားမှန်ပြီး မွေးဖွားရတာလွယ်ကူစေဖို့ ကလေးလေးတွေလို လေးဖက်ထောက်သွားပေးရပါမယ်။ ဒူးနှစ်ဖက်ကို ကွေးလို့ လက်ဖဝါးတွေနဲ့ ကြမ်းပြင်ကိုထောက်ထားပြီး ခန္ဓာကိုယ် အထက်ပိုင်းကိုထောက်ကန်ပေးထားပါ။ ဗိုက်ကို ကြမ်းပြင်နဲ့ မထိဖို့ သတိထားပေးပါ။ တစ်နေ့ကို ၁၀ မိနစ်လောက်လုပ်ဆောင်ပေးပါ။

ယောဂ ကစားပါ – ကိုယ်ဝန်ဆောင်ချိန် ယောဂကစားတာက မေမေရော ဘေဘီလေးကိုပါ ကျန်းမာစေနိုင်ပါတယ်။ ယောဂ ကစားတဲ့အခါ ကိုယ်ဝန်ဆောင်ယောဂကို တတ်သိနားလည်သူတွေရဲ့ ညွှန်ကြားမှုနဲ့ ကစားဖို့တော့လိုပါမယ်။ ကိုယ်ဝန်စရှိစဉ်ကတည်းက ယောဂလေ့ကျင့်ခန်းလုပ်ပေးလို့ရပါတယ်။

ရေကူးပါကိုယ်ဝန်ဆောင်မေမေရေကူးတာက မိခင်ရော ကလေးကို ပါကျန်းမာစေနိုင်ပါတယ်။ ကလေးအနေအထားကိုမှန်စေနိုင်သလိုမွေးဖွားရတာလည်း လွယ်ကူစေမှာပါ။ ကလေးမွေးလမ်းကြောင်းထဲကိုခေါင်းစိုက်ဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။

Practise floor exercises –ဒီလေ့ကျင့်ခန်းက ကလေးရဲ့လှုပ်ရှားမှုနဲ့ အနေအထားမှန်အောင်ထောက်ပံ့ပေးနိုင်ပါတယ်။ ပက်လက်အနေအထားမှာ ဒူးထောင်ပြီးခြေထောက်နှစ်ဖက်ကို ကြမ်းပြင်နဲ့ ထိထားပါ။ လက်နှစ်ဖက်ကို ဆန့်လျက်ချထားပါ။ လက်နဲ့ ခြေထောက်တွကို အားပြုလို့ တင်ပါးတွေကို ကြမ်းပြင်ကနေကြွလိုက်ပါ။ တစ်နေ့ကို နှစ်ကြိမ်လောက်ပုံမှန်လုပ်ပေးတာက ကလေးရဲ့ အနေအထားပြောင်းအောင် အကောင်းဆုံးထောက်ပံ့ပေးနိုင်မှာပါ။ သိပ်ပြီးတော့ အားမစိုက်ပါနဲ့။ ကြွနိုင်သလောက်ပဲ ကြွပေးပါ။

ကဲ ကလေးအနေအထားမမှန်လို့ စိတ်မညစ်နေပါနဲ့နော်။ အလွယ်ကူဆုံးလေ့ကျင့်ခန်းလေးကနေစလုပ်ပြီး ကိုယ်တိုင်ရောဘေဘီလေးကိုပါကျန်းမာအောင်စောင့်ရှောက်လိုက်ပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

မေမေတို့ချစ်မဝတဲ့ ဘေဘီလေး

ဘေဘီလေးတွေဟာ အသက် တစ်နှစ်တာမှာ ရုပ်ပိုင်း စိတ်ပိုင်းဆိုင်ရာပါ လျင်လျင်မြန်မြန် ဖွံ့ဖြိုးလာပါတယ်။  ဘေဘီလေးတွေက သူတို့ရဲ့ ပထမနှစ်မှာဘာတွေ ဖွံ့ဖြိုးသလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ကလေးထိန်း ပြီး ဝိတ်ချမလား

မိခင်တစ်ယောက်ဟာ သာမန် ပေါ့ပေါ့ပါးပါး ကလေးထိန်း တဲ့ လုပ်ငန်းဆောင်တာတွေကြောင့် တစ်နေ့ကို ကယ်လိုရီ ၁၄၄-၂၀၀ ဝန်းကျင်လောက် လောင်ကျွမ်းနိုင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

နောက်ကျမှ ညစာစားခြင်းဟာ သင့်ကျန်းမာရေးကို ဘယ်လောက်ထိခိုက်စေသလဲ

နောက်ကျမှ ညစာစားခြင်းဟာ သင့်ကျန်းမာရေးကို ဘယ်လောက်ထိခိုက်စေသလဲဆိုတာ သိပြီးရဲ့လား။ မသိသေးဘူးဆိုရင်တော့ ဆောင်းပါးလေးကို အတူတူဖတ်ရအောင်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

Diet ဆိုပြီး မိနေတဲ့ ချင်း (ဂျင်း) များ

Diet ဆိုတာ ကျန်းမာရေးနဲ့ ညီညွတ်အောင်စားတာကို ဆိုလိုတာပါ။ အစားရှောင်ခိုင်းတာမဟုတ်မဟုတ်ပါဘူး။ Diet လို့ ခေါင်းစဉ်တပ်ပြီး မိနေတဲ့ ချင်းတွေအများကြီးပါပဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

သင့်အတွက် ရွေးချယ်ထားသည်

အမျိုးသမီးတွေမှာဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများ

အမျိုးသမီးတွေမှာဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 14, 2021 . 2 mins read
လေဒီတို့ ခံစားရနိုင်တဲ့ တင်ပါးဆုံပြဿနာ အဖုံဖုံ

လေဒီတို့ ခံစားရနိုင်တဲ့ တင်ပါးဆုံပြဿနာ အဖုံဖုံ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 14, 2021 . 2 mins read
ဘေဘီလေးတွေမှာ သံဓာတ်လွန်ကဲနေပြီလား

ဘေဘီလေးတွေမှာ သံဓာတ်လွန်ကဲနေပြီလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 14, 2021 . 2 mins read
နှစ်သစ်မှာ ဝိတ်ချမယ့်သူတွေ မဖြစ်မနေသိထားရမယ့် Myth များ

နှစ်သစ်မှာ ဝိတ်ချမယ့်သူတွေ မဖြစ်မနေသိထားရမယ့် Myth များ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 6, 2021 . 3 mins read