ဘေဘီလေးကို သီဟိုဠ်စေ့ ကျွေးတဲ့အခါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 19, 2020 . 2 mins read
Share now

သီဟိုဠ်စေ့လို့ ပြောလိုက်ရင် အဆီများမယ်။ ဝိတ်တက်စေလိမ့်မယ်။ ကျန်းမာရေးကိုလည်း အထောက်အကူပြုမှာ မဟုတ်ပါဘူးလို့ ယူဆလိုက်ကြတာ များပါတယ်။ တကယ်ကတော့ သီဟိုဠ်စေ့က အယ်လ်မွန်စေ့၊ မြေပဲ၊ သစ်ကြားသီးတို့ထက် အဆီပါဝင်မှု နည်းပြီး အကျိုးပြု အဆီပါဝင်မှုတော့ များပါတယ်။

သီဟိုဠ်စေ့မှာပါဝင်တဲ့ အဆီရဲ့ ၄၇ ရာခိုင်နှုန်းက ကျန်းမာရေးနဲ့ ညီညွတ်ပါတယ်။ နှလုံးကိုလည်း ကျန်းမာစေနိုင်ပါတယ်။ ဒါတင် မကသေးပါဘူး သီဟိုဠ်စေ့မှာ အရိုးနဲ့သွေးကြောတွေကို ကျန်းမာစေတဲ့ copper၊ မဂ္ဂနီဆီယမ်လိုမျိုး အာဟာရဓာတ်တွေလည်း ပါဝင်နေပါတယ်။ ဒီလို အာဟာရဓာတ် ကြွယ်ဝတဲ့ သီဟိုဠ်စေ့ကို ဘေဘီလေးကို ကျွေးလို့ ရမလားဆိုတော့……… ဒီဆောင်းပါးလးမှာ ပြောပြပေးမယ်နော်။

ဘေဘီလေးကို သီဟိုဠ်စေ့ ကျွေးလို့ရလား……….

ဘေဘီလေးကို သီဟိုဠ်စေ့ ကျွေးလို့ရပါတယ်။ ဘေဘီလေးက အသက် ၁၂ လပြည့်ပြီဆိုရင် သီဟိုဠ်စေ့ကို သေချာ ညက်အောင် ကြိတ်ပြီး ဘေဘီလေးကို ဆန်ပြုတ်၊ နို့ စတာတွေထဲကို ထည့်တိုက်ပေးလို့ ရပါပြီ။

သတိထားရမှာတစ်ခုကတော့ သီဟိုဠ်စေ့ အပါအဝင် အစေ့အဆန်တွေက ဓာတ်မတည့်မှု ဖြစ်စေနိုင်တာကြောင့် နည်းနည်းကနေ စကျွေးပေးဖို့ပါ။ ကလေးမှာ ဓာတ်မတည့်မှု လက္ခဏာတစ်ခုခု တွေ့ရမယ်ဆိုရင်တော့ ဆက်မကျွေးပါနဲ့။

ဘေဘီလေးကို သီဟိုဠ်စေ့ကျွေးတဲ့အခါ

ဘေဘီလေးကို သီဟိုဠ်စေ့ ကျွေးတဲ့အခါ

ဦးနှောက် ဖွံ့ဖြိုးစေမယ်

သီဟိုဠ်စေ့မှာ ဘေဘီလေးတွေ ဦးနှောက်ဖွံ့ဖြိုးမှုအတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။ သီဟိုဠ်စေ့မှာပါတဲ့ Riboflavin နဲ့ L-Carnitine တို့ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာတွေကို အကောင်းဆုံး လုပ်ဆောင်နိုင်စေဖို့ ထောက်ပံ့ပေးပါတယ်။

ဒီဟိုဠ်စေ့က ဉာဏ်ရည်ဉာဏ်သွေး ကောင်းစေသလို အသက်အရွယ်ရလာတဲ့အခါ အယ်လ်ဇိုင်းမား မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။

သွေးတွင်းကိုလက်စထရောကို ထိန်းညှိပေးတယ်။

ဘေဘီလေးတွေကို ကျန်းမာစေဖို့ဆိုရင် ငယ်စဉ်ကတည်းက သွေးတွင်းကိုလက်စထရောကို သေချာ ထိန်းညှိထားဖို့ လိုပါမယ်။ ဒီတော့ သွေးတွင်းကိုလက်စထရောနဲ့ သွေးတွင်း သကြားဓာတ်ကို အကောင်းဆုံး ထိန်းညှိနိုင်စေဖို့ဆိုရင် သီဟိုဠ်စေ့ ကျွေးပေးလို့ ရပါတယ်။

အစာခြေစနစ် ကျန်းမာစေတယ်။

သီဟိုဠ်စေ့က အမျှင်ဓာတ်ပါဝင်မှု မြင့်တာကြောင့် အစာကြေစေဖို့ ထောက်ကူပေးသလို အစာခြေစနစ်ကို ကောင်းမွန်စေပြီး ဝမ်းမှန်စေပါတယ်။ ဝမ်းချုပ်မှု ကင်းပြီး အစာခြေစနစ် ကျန်းမာစေချင်ရင် ကျွေးပေးသင့်တဲ့ အစားအစာ တစ်ခုပါ။

အရိုးနဲ့သွားတွေ သန်မာစေတယ်

သီဟိုဠ်စေ့မှာ ဘေဘီလေးရဲ့ အရိုးနဲ့သွားတွေ သန်မာစေဖို့ လိုအပ်တဲ့ Phosphorus ပါဝင်နေပါတယ်။ ကြီးထွားနေတဲ့ ဘေဘီလေးရဲ့ အရိုးနဲ့ သွားတွေကိုတင် သန်မာစေတာ မဟုတ်ဘဲ ဘေဘီလေးကို ငယ်စဉ်ကာလမှာကတည်းက သီဟိုဠ်စေ့ ကျွေးပေးတာက အရွယ်ရလာတဲ့အခါ အရိုးပွရောဂါ မဖြစ်စေဖို့ အထိရောက်ဆုံး ကာကွယ်ပေးရာ ရောက်ပါတယ်။

ကိုယ်ခံအား ကောင်းစေတယ်။ သီဟိုဠ်စေ့မှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းနဲ့ Alkalinity တို့ ပါဝင်နေတာကြောင့် ကိုယ်တွင်းက အဆိပ်အတောက်တွေကို အထိရောက်ဆုံး ဖယ်ရှားပေးပြီး ဘေဘီလေးကို ကိုယ်ခံအားကောင်းစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးမှာပါ။

နာကျင်ရောင်ရမ်းမှုကို ကာကွယ်ပေးတယ်။

သီဟိုဠ်စေ့ရဲ့ နောက်ထပ် ကျန်းမာရေး အာနိသင်တစ်ခုက Fat acid ပါဝင်မှုကြောင့် ခန္ဓာကိုယ်က နာကျင်ရောင်ရမ်းမှုတွေကို သက်သာစေနိုင်တာပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

နေ့ခင်းနေ့လယ်တွေမှာ တရေးတမော အိပ်ပါ

တရေးတမော အိပ်တယ်ဆိုတာ အရွယ်ရောက်ပြီးသူတွေ လုပ်သင့်လုပ်ထိုက်တဲ့ အလေ့အထတစ်ခုဖြစ်ပါတယ်။ ခွန်အားနဲ့ ဉာဏ်ရည်ကိုလည်း အထောက်အကူဖြစ်စေပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

အရိုးပွခြင်းကို ကာကွယ်နိုင်ဖို့ ဆင်ခြင်သင့်တဲ့ အစားအသောက်တွေ

ကျန်းမာကြံ့ခိုင်တဲ့အရိုးတွေပိုင်ဆိုင်ဖို့ စားသုံးရမဲ့အစားအသောက်တွေသိရှိရုံနဲ့မပြီးသေးပါဘူး။ အရိုးကိုတဖြည်းဖြည်းအားနည်းစေနိုင်တဲ့ အစားအသောက်တွေရှိပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint

သရက်သီးကပေးတဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေ

သရက်သီးကအနံ့၊အရသာ၊ အရောင်အဆင်း အားလုံးနဲ့ပြည့်စုံတဲ့အပြင် သရက်သီးစားသုံးခြင်းကနေရနိုင်မယ့် ကျန်းမာရေး အတွက်ကောင်းကျိုးတွေက ဘာတွေများလဲ။

ရေးသားသူ Dr. Thiha Phyo Myint

တန်ဆောင်မုန်းမှာ ဆေးပေါင်းခဖို့ သုပ်စားကြတဲ့ မယ်ဇလီဖူး

တန်ဆောင်တိုင် လပြည့်ညဆို ငယ်ငယ်ကတည်းက ဆေးပေါင်းခတယ်ဆိုပြီး မစားချင်တောင် ဆေးဖြစ်ဝါးဖြစ်လေးစားဆိုပြီး ဖွားဖွားက ခွံပေးတဲ့ မယ်ဇလီဖူးသုပ်ကို စားဖူးတယ်ဟုတ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

ကိုယ်အလေးချိန်ကို ဘယ်လို ထိန်းညှိကြမလဲ။

ကိုယ်အလေးချိန်ကို ဘယ်လို ထိန်းညှိကြမလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 3, 2020 . 2 mins read
ဆံပင်သန်စေတယ်လို့ သတင်းကြီးတဲ့ ထောလပတ်ရွက်ရဲ့ ကျန်းမာရေးအာနိသင်

ဆံပင်သန်စေတယ်လို့ သတင်းကြီးတဲ့ ထောလပတ်ရွက်ရဲ့ ထူးခြားလှတဲ့ အခြားကျန်းမာရေးအာနိသင်များ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 2, 2020 . 2 mins read
ကိုယ်ဝန်ဆောင်မေမေ တည်သီးစားလို့ ရလား........................

ကိုယ်ဝန်ဆောင်မေမေ တည်သီးစားလို့ ရလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 2, 2020 . 1 min read
အမျိုးသမီးတွေသိထားသင့်တဲ့ ကန့်လန့်ကာနောက်က သုက်ရည်အကြောင်း

အမျိုးသမီးတွေသိထားသင့်တဲ့ ကန့်လန့်ကာနောက်က သုက်ရည်အကြောင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 30, 2020 . 2 mins read