ကလေးတစ်ယောက် ကျန်းကျန်းမာမာနဲ့ကောင်းမွန်စွာကြီးပြင်းလာစေဖို့အတွက် မိခင်တစ်ယောက်အနေနဲ့ ကိုယ်ဝန်ဆောင်ထားရချိန်ကတည်းက အနေအထိုင် အစားအသောက်ကိုသေချာလေးဂရုစိုက်ပေးရပါတယ်။ဖေဖေတွေကလည်းမေမေတို့လိုအပ်တာတွေကို တတ်နိုင်တဲ့ဖက်က ကူညီပေးရပါတယ်။ ဒီဆောင်းပါးလေးကတော့မေမေတွေအတွက်တင်မဟုတ်ဘဲဖေဖေတွေပါသိထားသင့်တဲ့ ကလေးတွေကို အသက်အရွယ်အလိုက်ထိုးနှံပေးရမယ့် ကာကွယ်ဆေးတွေအကြောင်းပါ။
ကလေးတစ်ယောက်မွေးဖွားလာချိန်ကနေ အသက် ၅ နှစ်အထိ လအလိုက်ကာကွယ်ဆေးတွေထိုးနှံပေးဖို့လိုပါမယ်။
ကလေးမွေးစ
- အသည်းရောင်အသားဝါ ဘီ ကာကွယ်ဆေး
မွေးစကနေ ၂ လအတွင်း
- ပြင်းထန်တီဘီကာကွယ်ဆေး
၂ လအရွယ်
- ၅ မျိုးစပ်ကာကွယ်ဆေး ( ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ ဘီ၊ Haemophilus တုပ်ကွေးကာကွယ်ဆေး) ပထမအကြိမ်
- ပိုလီယိုကာကွယ်ဆေး ပထမအကြိမ်
- ပြင်းထန်အဆုတ်ရောင်ရောဂါပိုးကာကွယ်ဆေး (PVC) ပထမအကြိမ်
- ဝမ်းလျှောရောဂါကာကွယ်ဆေး (Rota Virus) ပထမအကြိမ်
၄ လအရွယ်
- ၅ မျိုးစပ်ကာကွယ်ဆေး ( ဆုံဆို့၊ကြက်ညှာ၊မေးခိုင်၊ အသည်းရောင်အသားဝါ ဘီ၊ Haemophilus တုပ်ကွေးကာကွယ်ဆေး) ဒုတိယအကြိမ်
- ပိုလီယိုကာကွယ်ဆေး ဒုတိယအကြိမ်
- ပြင်းထန်အဆုတ်ရောင်ရောဂါပိုးကာကွယ်ဆေး (PVC) ဒုတိယအကြိမ်
- ဝမ်းလျှောရောဂါကာကွယ်ဆေး (Rota Virus) ဒုတိယအကြိမ်
၆ လအရွယ်
- ၅ မျိုးစပ်ကာကွယ်ဆေး ( ဆုံဆို့၊ကြက်ညှာ၊မေးခိုင်၊ အသည်းရောင်အသားဝါ ဘီ၊ Haemophilus တုပ်ကွေးကာကွယ်ဆေး) တတိယအကြိမ်
- ပိုလီယိုကာကွယ်ဆေး တတိယအကြိမ်
- ပြင်းထန်အဆုတ်ရောင်ရောဂါပိုးကာကွယ်ဆေး (PVC) တတိယအကြိမ်
- တုပ်ကွေးကာကွယ်ဆေး ပထမအကြိမ်
၇ လအရွယ်
- တုပ်ကွေးကာကွယ်ဆေး ဒုတိယအကြိမ်
၉ လအရွယ်
- ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေး ပထမအကြိမ်
- ဝက်သက်၊ပသိရောင်၊ဂျာမန်ဝက်သက်ရောဂါကာကွယ်ဆေး (MMR) ပထမအကြိမ်
၉ လ ကနေ ၁ နှစ်အရွယ်
- ရေကျောက်ကာကွယ်ဆေး ပထမအကြိမ်
၁ နှစ်အရွယ်
- ဦးနှောက်အမြှေးရောင်ကာကွယ်ဆေး
၁ နှစ် ကနေ ၁ နှစ်ခွဲ
- အသည်းရောင်အသားဝါအေကာကွယ်ဆေး ပထမအကြိမ်
၁ နှစ်ခွဲ
- ဝက်သက်၊ပသိရောင်၊ဂျာမန်ဝက်သက်ရောဂါကာကွယ်ဆေး (MMR) ဒုတိယအကြိမ်
- ပြင်းထန်အဆုတ်ရောင်ရောဂါပိုးကာကွယ်ဆေး (PVC) (booster)
- ကြက်ညှာချောင်းဆိုး (DPT) (booster)၊ တုပ်ကွေးကာကွယ်ဆေး (booster)
- ပိုလီယိုကာကွယ်ဆေး (booster)
၂ နှစ် ကနေ ၂ နှစ်ခွဲ
- ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်
- အသည်းရောင် အသားဝါအေ ကာကွယ်ဆေး ဒုတိယအကြိမ်
၅ နှစ် အရွယ်
- အသည်းရောင် အသားဝါ ဘီကာကွယ်ဆေး (Booster)
- ရေကျောက်ကာကွယ်ဆေး ဒုတိယအကြိမ်
- ဆုံဆို့၊မေးခိုင်၊ကြက်ညှာချောင်းဆိုး ကာကွယ်ဆေး
- ပိုလီယိုကာကွယ်ဆေး
ဒီကာကွယ်ဆေးတွေကို သတ်မှတ်ထားတဲ့ အသက်အပိုင်းအခြားမှာသေချာဂရုတစိုက်လေးထိုးပေးခြင်းဖြင့် ကိုယ့်ရဲ့ ကိုယ်ပွားဖြစ်တဲ့ ကလေးတွေကိုရောဂါအန္တရာယ်တွေကနေ ကာကွယ်လိုက်ပါ။ ဒါမှ ကလေးကရောဂါကင်းစင်ပြီး ကျန်းမာပျော်ရွှင်တဲ့ ကလေးတစ်ယောက်အနေနဲ့ ကြီးပြင်းလာမှာပါ။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။