ခွဲမမွေးပဲ ရိုးရိုးပဲ ကလေးမွေးမယ်လို့ ဆုံးဖြတ်ထားတဲ့ မေမေတို့ သိသင့်တဲ့ အချက် ၁၀ ချက် ။ ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 mins read
Share now

ကလေးမွေးတယ်ဆိုတာ မိခင်တိုင်းရဲ့ အသက် တစ်ဝက်လောက်ကို ပေးထားပြီး စွန့်စားရတဲ့ ကိစ္စကြီးတစ်ခုပါ။ ခေတ်အရ ခွဲမွေးတဲ့ ကိစ္စဟာ ခေတ်စားလာပေမယ့် သဘာဝဖြစ်တဲ့ ရိုးရိုးမွေးြခင်းကို ခုထိ ပြိုင်နိုင်တဲ့အရာ မပေါ်သေးပါဘူး။ ဗိုက်နာတတ်တဲ့ ကိစ္စတစ်ခုပဲ ပြောစရာရှိပြီး ကလေးထွက်သွားရင် ၃ ရက်လောက်နဲ့ သာမာန်လူလို ပြန်ဖြစ်သွားတဲ့အတွက် ရိုးရိုးမွေးတာကို ကြိုက်တဲ့သူတွေလည်း တစ်ပုံကြီးပါ။ ဒီတော့ ကိုယ်ကလည်း ရိုးရိုးမွေးမယ်လို့ ဆုံးဖြတ်ထားရင် ဒီ ၁၀ ချက်ကို သိထားဖို့တော့ လိုပါတယ်။

( ၁ ) ကလေးမီးဖွားတဲ့ အကြိုသင်တန်းတွေ တက်ကြည့်ပါ။

မီးမဖွားခင် အကြိုသင်တန်းတွေ တက်ထားတဲ့အခါကျတော့ တကယ်လည်း ခွဲခန်းထဲလည်းရောက်ရော ကလေးကို ဘယ်လိုညှစ်ရတယ် ဘယ်လိုပုံစံမျိုးနဲ့နေရင် ကလေးထွက်ဖို့ ပိုမြန်တယ်ဆိုတာတွေကို သိပြီးသားဖြစ်နေမှာပါ။

( ၂ ) မလိုအပ်ဘဲ ဆေးရုံမှ မနေပါနဲ့။

တစ်ချို့ရှိပါတယ်။ ဗိုက်နာတယ် မီးဖွားချင်သလိုလိုဖြစ်နေတယ်ဆိုပြီး ဆေးရုံသွား ဟိုရောက်တော့မှ မီးဖွားချင်တာမဟုတ်မှန်း သိရတဲ့ အခိုက်အတန့်တွေပါ။ ရောက်လက်စနဲ့ ဆက်ပြီးနေသွားမယ်ဆိုပြီး မလိုအပ်ဘဲ ဆရာဝန်လည်း မညွှန်ကြားဘဲ ဆေးရုံမှာ မနေပါနဲ့ ။ ဆေးရုံဆိုတာ ရောဂါပိုးပေါင်းစုံရှိတဲ့နေရာတစ်ခုပါ။

( ၃ ) ကိုယ်တကယ်ရိုးရိုးမွေးချင်တာ သေချာပါစေ။

ရိုးရိုးမွေးတယ်ဆိုမှတော့ ဗိုက်နာတာကို ခံနိုင်ရဲတဲ့ သတ္တိရှိဖို့လိုပါတယ်။ တော်ကြာ ရိုးရိုးမွေးမယ်လုပ်ပြီး ဗိုက်နာတာကို မခံနိုင်တော့လို့ ခွဲမွေးမယ်ဆိုတာမျိုး မဖြစ်တာအကောင်းဆုံးပါ။ မဟုတ်ရင် နှစ်ခါခံရတယ်လေနော်။ ကလေးမွေးချင်လို့ နာတာကတစ်ခါ ၊ဗိုက်ခွဲပြီး နာကျန်ခဲ့တာက တစ်ခါ။

( ၄ ) ကိုယ်ဝန်အပ်တဲ့အခါမှာလည်း ဆရာဝန်သေချာရွေးဖို့လိုပါတယ်။

ကိုယ်ကတကယ် ရိုရိုးမွေးချင်တယ်ဆိုရင် မြန်မြန်ပြီးအောင်ခွဲမွေးဖို့ကိုပဲ အားသန်ပြီး စိတ်ရှည်ရှည်နဲ့ မွေးပေးရတဲ့ ရိုးရိုးမွေးတာကို အားမပေးတဲ့ ဆရာဝန်ဆီ မသွားမိဖို့တော့ လိုပါတယ်။

( ၅ ) ကျန်းမာရေးအတွက် ညီညွတ်တဲ့ စားသောက်မှုပုံစံကို အကျင့်လုပ်ပါ။

ကျန်းမာရေးအတွက်ကောင်းတဲ့ စားသောက်မှုပုံစံဟာ သင့်ကိုယ်ခန္ဓါအတွက်သာမက ဗိုက်ထဲက ရင်သွေးလေးကိုပါ အကျိုးရှိစေမှာ အသေအချာပါ။ ပြည့်ဝတဲ့ အာဟာရတွေရှိနေမှလည်း ကလေးကိုညှစ်ထုတ်ဖို့ အားရှိမှာ ဖြစ်ပါတယ်။ နောက်ပြီး ဝမ်းမချုပ်အောင် အမျှင်ဓါတ်ကြွယ်ဝတာတွေ စားပေးပါ။ မီးဖွားပြီးနောက်ပိုင်း ေသွးအားနည်းတာမျိုး မဖြစ်အောင်လို့ သံဓါတ်နဲ့ Folic acid ကြွယ်ဝတဲ့ အစားအသောက်တွေကို ဦးစားပေးစားပါ။

( ၆ ) ကိုယ်လက်လှုပ်ရှားမှု လုပ်ပေးပါ။

ကိုယ်လက်လှုပ်ရှားမှု ရှိတဲ့အခါ သက်လုံကောင်းစေပြီး ကလေးမွေးတဲ့အခါ ကောင်းကောင်းညှစ်နိုင်မယ့်အပြင် ဗိုက်နာတဲ့ ဒဏ်ကိုလည်း ခံနိုင်ရည်ရှိကာ မီးဖွားရတာလည်း လွယ်ကူစေမှာပါ။

( ၇ ) ကလေးထွက်ရမယ့်ရက်ကို ကလေးကိုယ်တိုင် ရွေးချယ်ပါစေ ။

ခုနောက်ပိုင်း ခွဲမွေးတဲ့ ကိစ္စမှာ နောက်ထပ်နာမည်ကြီးတာတစ်ခုကတော့ ကလေးကို မိဘတွေ လိုချင်တဲ့ရက်အတိုင်းရအောင် မွေးတာပဲ ဖြစ်ပါတယ်။ ရိုးရိုးမွေးရင်တော့ ဒီလိုရက်ရွေးလို့ ရမှာမဟုတ်ပါဘူး။ ဘာလို့များ လူ့လောကထဲရောက်ဖို့ ကိစ္စကိုတောင် ထိန်းချုပ်ကန့်သတ်ချင်ကြတာပါလိမ့်။

( ၈ ) သူများတွေ ပြောနေတဲ့ မီးဖွားရတာ ဘယ်လို ကြောက်ဖို့ကောင်းတယ်ဆိုတဲ့ ပုံပြင်တွေကို နားမထောင်ပါနဲ့။ ။

ရိုးရိုးကလေးမွေးတာ ဘယ်လောက်တောင် ဆိုးသလဲဆိုတဲ့ negative ပုံပြင်တွေကို နားမယောင်မိပါစေနဲ့။ သွားနားထောင်မိလေလေ ရိုးရိုးမွေးရမှာကို ကြောက်လာလေလေဖြစ်တတ်ပါတယ်။

( ၉ ) မီးဖွားခါနီး နောက်ဆုံးလမှာ အတတ်နိုင်ဆုံး အာထရာဆောင်းရိုက်တာကို ရှောင်ပါ။

မီးဖွားခါနီး တစ်လလောက်အလိုမှာ အာထရာဆောင်းရိုက်ကြည့်လိုက်တဲ့အခါ ပုံမှန်ကလေးခေါင်းကို အကြီးကြီးမြင်ရတာကြောင့် ကလေးက ခေါင်းကြီးနေသလိုဖြစ်ပြီး မလိုအပ်ဘဲ စိုးရိမ်စရာတွေ တွေးမိနေတတ်ပါတယ်။

( ၁၀ ) အိပ်ရေးဝဝ အိပ်ပါ။

အိပ်ရေးဝဝ အိပ်ခြင်းဟာ ဗိုက်ထဲက ကလေးကြီးထွားဖွံ့ဖြိုးဖို့နဲ့ သင့်စိတ်ကို တည်ငြိမ်အောင်လုပ်နိုင်တဲ့အကောင်းဆုံး အရာတစ်ခုပါ။

အချုပ်ပြောရမယ်ဆိုရင် ရိုးရိုးပဲမွေးမွေး၊ ခွဲပဲ မွေးမွေး အတတ်နိုင်ဆုံး စိတ်ဖိစီးမှု မရှိအောင် နေပြီး ကိုယ့်ကိုကိုယ်လည်း သေချာဂရုစိုက်ကာ အရာရာကို အကောင်းဘက်ကပဲ တွေးထားသင့်ပါတယ်နော်။ ။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

မနက်စောစောမှာ အစာမရှိဘဲ လေ့ကျင့်ခန်း လုပ်သင့်လား

လေ့ကျင့်ခန်း မနက်စောစော အပြေးလေ့ကျင့်ခန်း လမ်းလျှောက် စက်ဘီးစီး အဆီကျ အစာမရှိ သွေးတွင်းအချိုဓာတ်ရေဓာတ်ပြည့်ဝ ထိခိုက်ဒဏ်ရာ ကြွက်သားဆုံးရှုံးမှု

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win

ရာသီမလာခင် ဝမ်းချုပ်တဲ့ပြဿနာကို ဘယ်လို ဖြေရှင်းမလဲ။

လေဒီလေးတွေ ရာသီမလာခင် ဝမ်းချုပ် ဟော်မုန်း ပြောင်းလဲမှု estrogen progesterone သားဥကြွေတာ အစာခြေစနစ် ရာသီသွေး အမျှင်ဓာတ် ဝမ်းမှန်စေဖို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

ကလေးလေးမှာ မွေးရာပါချို့ယွင်းချက် တွေ မပါစေဖို့

မွေးရာပါချို့ယွင်းချက် နှုတ်ခမ်းကွဲ အာခေါင်ကွဲ ကျောရိုးမှာအပေါက်ကြီး teratogen ဓာတုပစ္စည်း ကိုယ်ဝန် ပထမ ၃လ ကိုယ်ဝန်အပ် ဖောလစ်အက်စစ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win

ကလေးမွေး တဲ့အခါ ဗိုက်သိပ်မနာမယ့် နည်းလမ်းများ

ကလေးမွေး ဗိုက်နာ ကိုယ်ဝန်ဆောင် လေ့ကျင့်ခန်း ယောဂ အကြောတွေပြေလျော့ မွေးဖွားရလွယ် နှိပ်နယ် အနာသက်သာ ရေမွှာပေါက် သားအိမ်ညှစ်း အသက်ရှူလေ့ကျင့်ခန်း water birth

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win

သင့်အတွက် ရွေးချယ်ထားသည်

ပါပီလေးနဲ့အတူ လမ်းလျှောက်ထွက်ပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyowai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဩဂုတ် 6, 2020 . 2 mins read

ဘယ်လိုပြေးမှာလဲ၊ ဘာလို့ ပြေးမှာလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 30, 2020 . 2 mins read

၁၅ မိနစ်အတွင်း စိတ်ဖိစီးမှုကို လျော့ကျသွားစေမယ့် နည်းလမ်းများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 28, 2020 . 2 mins read

စတော်ဘယ်ရီသီး နှင့် အသားအရေလှပမှု

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 26, 2020 . 2 mins read