backup og meta

ကလေးသံဓါတ်မချို့တဲ့စေဖို့ မေမေတွေဒီလိုကာကွယ်ပေးကြမယ်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 20/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးသံဓါတ်မချို့တဲ့စေဖို့ မေမေတွေဒီလိုကာကွယ်ပေးကြမယ်

    ကြီးထွားဖွံ့ဖြိုးနေဆဲ အရွယ်ဖြစ်တဲ့ ကလေးတွေမှာ နေ့စဉ် လိုအပ်တဲ့ အာဟာရနဲ့ ဗီတာမင်တွေကို ပြည့်စုံစွာ ရရှိဖို့ အရေးကြီးပါတယ်။ ဒီအာဟာရဓါတ်တွေဟာ ကလေးတွေကို ကြီးထွားသန်စွမ်းပြီး ဉာဏ်ရည်ထက်မြက်စေနိုင်ရုံသာမက အရွယ်ရောက်လာတဲ့အခါ ရောဂါတွေကို မဖြစ်စေဖို့ ထိထိရောက်ရောက် ကာကွယ်ပေးနိုင်ပါတယ်။

    ကလေးတွေအတွက် ဗီတာမင်နဲ့ အာဟာရဓါတ်အကြောင်းလို့ ဆိုရာမှာ သံဓါတ်ကိုလည်း မေ့ထားလို့ မဖြစ်ပါဘူး။ ယနေ့ခေတ်မှာ သံဓါတ်ချို့တဲ့မှုကြောင့် နောက်ဆက်တွဲ သွေးအားနည်း ဝေဒနာခံစားနေရပြီး အသက်ဆုံးရှုံးရတဲ့ ကလေးတွေ ပိုများလာပါပြီ။

    ဒီနေ့မှာတော့ ကလေးအရွယ်တွေအတွက် လိုအပ်တဲ့ သံဓါတ်အကြောင်း၊ သံဓါတ်ချို့တဲ့နေတဲ့ ကလေးတွေမှာ ဘယ်လိုကျန်းမာရေးထိခိုက်စေနိုင်လဲ၊ ဘယ်အစားအစာတွေက သံဓါတ်ကြွယ်ဝလဲ၊ သံဓါတ်ချို့တဲ့မှု မဖြစ်စေဖို့ ဘယ်လိုကာကွယ်ပေးမလဲဆိုတဲ့ အကြောင်းနဲ့ ပတ်သက်ပြီး ပြောပြပေးချင်ပါတယ်။

    သံဓါတ်ရဲ့ ကလေးတွေအတွက် အရေးပါပုံ

    သံဓါတ်ဆိုတာ ကလေးတွေအတွက် အလွန်အရေးကြီးတဲ့ သတ္တုဓါတ်တွေထဲက တစ်မျိုးဖြစ်ပါတယ်။ သွေးထဲမှာ ရှိတဲ့ အောက်စီဂျင်ကို ကိုယ်ခန္ဓါအနှံ့ သယ်ယူပို့ဆောင်ပေးပြီး အဆုတ်အားကောင်းစေတယ်။ ကိုယ်ခန္ဓါက အောက်စီဂျင်ကို အလုံအလောက် မရရှိတဲ့အခါ ဦးနှောက်စွမ်းဆောင်ရည် ကျဆင်းမယ်။ ကိုယ်ခံအားနည်းပြီး ရောဂါတွေ အလွယ်တကူဝင်လာနိုင်တယ်။

    ကလေးတွေမှာ အဖြစ်များတဲ့ သွေးအားနည်းရောဂါတွေ မဖြစ်လာစေဖို့ သံဓါတ်က ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် အရေပြား၊ ဆံသားကျန်းမာရေးအတွက် အထောက်အပံ့ပေးနိုင်တယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်မိခင်ေတွအပြင် ကလေးတွေအတွက် သံဓါတ်ဟာ မရှိမဖြစ် လိုအပ်တဲ့ သက်စောင့်ဓါတ်ဆိုရင်လည်း မမှားပါဘူး။

    ဘယ်လိုကလေးတွေမှာ သံဓါတ်ချို့တဲ့မှု အဖြစ်များလဲ။

    ၁။ သတ်မှတ်ရက်ထက် စောမွေးတဲ့ ကလေးတွေ

    ၂။ ကိုယ်အလေးချိန် နည်းတဲ့ ကလေးတွေ

    ၃။ အသက် ၁ နှစ်မပြည့်ခင် နွားနို့၊ ဆိတ်နို့ သောက်ခဲ့တဲ့ ကလေးတွေ

    ၄။ သံဓါတ်မပါဝင်တဲ့ နို့မှုန့်တွေကို သောက်ခဲ့ရတဲ့ ကလေးတွေ

    ၅။ အသက် ၁ နှစ်မှ ၅ နှစ်အတွင်း နွားနို့၊ ဆိတ်နို့၊ ပဲနို့ အလွန်အကျွံ သောက်ခဲ့တဲ့ ကလေးတွေ

    ၆။ အစာအာဟာရ မျှတမှုမရှိတဲ့ ကလေးတွေ၊ အသားမစားတဲ့ ကလေးတွေ

    ၇။ ပတ်ဝန်းကျင်ကနေ တစ်ဆင့် ခဲဆိပ်သင့်တဲ့ ကလေးတွေမှာ အဖြစ်များတာ တွေ့ရပါတယ်။

    ကိုယ့်ကလေး သံဓါတ်ချို့တဲ့နေမလားဆိုတာ သိနိုင်မယ့် လက္ခဏာတွေ

    ၁။ အသားအရေ ဖြူဖပ်ဖြူရော် ဖြစ်တာ

    ၂။ သက်လုံမကောင်းတာ၊ အမောမခံနိုင်တာ

    ၃။ ကြီးထွားမှုနှုန်း နှေးလွန်းတာ

    ၄။ အစာစားချင်စိတ် မရှိတာ

    ၅။ ပုံမှန်ထက်ပိုပြီး အသက်ရှူမြန်တာ

    ၆။ အပြုအမူပိုင်းဆိုင်ရာမှာ ပြဿနာရှိတာ

    ၇။ မကြာခဏ ဖျားနာပြီး ရောဂါဖြစ်လွယ်တာ

    ၈။ ခေါင်းမူးခေါင်းကိုက် ဖြစ်တာ အစရှိတဲ့ လက္ခဏာတွေကို သံဓါတ်အားနည်းတဲ့ ကလေးတွေမှာ မကြာခဏ တွေ့ရတတ်ပါတယ်။

    ကလေးတွေမှာ သံဓါတ်ချို့တဲ့မှု မဖြစ်စေဖို့ ဘယ်လိုကာကွယ်မလဲ။

    ၁။ မွေးကင်းစမှ အသက် ၆လ အထိ ကလေးတွေကို မိခင်နို့ တစ်မျိုးတည်းကိုသာ ပြည့်ဝစွာ တိုက်ကျွေးပေးပါ။ မိခင်နို့မှာ သံဓါတ်အပြင် ကလေးတွေကို ကျန်းမာစေတဲ့ ဗီတာမင်နဲ့ သတ္တုဓါတ်များစွာ ပါဝင်ပါတယ်။ နို့မှုန့်တိုက်ကျွေးမယ်ဆိုရင်လည်း သံဓါတ်ပါဝင်မှုများတဲ့ နို့မှုန့်မျိုးကို အဓိကရွေးချယ်သင့်ပါတယ်။

    ၂။ ကလေး အသက် ၅နှစ် မပြည့်ခင်အချိန်အထိ မသန့်ရှင်းတဲ့ နွားနို့၊ ဆိတ်နို့၊ ပဲနို့တွေ တိုက်တာမျိုး ရှောင်သင့်ပါတယ်။ တိုက်မယ်ဆိုရင်လည်း တစ်ရက်ကို ၂၄ အောင်စ (၇၁၀ မီလီ လီတာ) ထက် ပိုပြီး မတိုက်သင့်ပါဘူး။

    ၃။ သံဓါတ်ကြွယ်ဝတဲ့ အစားအစာတွေကို များများကျွေးပေးပါ။ အနီရောင်ရှိတဲ့ အသားတွေ (ဥပမာ- အမဲသား၊ ဝက်သား) ၊ ကြက်သား၊ ကြက်ဆင်သား၊ ကရုကမာကောင်၊ ပဲနီကလေး၊ ပဲတောင့်ရှည် အစရှိတဲ့ ပဲအမျိုးမျိုး၊ တို့ဟူး၊ အာလူး၊ သီဟိုဠ်စေ့၊ အစိမ်းရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်တွေ၊ ပေါင်မုန့်ကြမ်းတွေကို အဓိက ကျွေးပေးပါ။

    ၄။ ဗီတာမင် C ဟာ ကိုယ်ခန္ဓါရဲ့ သံဓါတ်စုပ်ယူမှုကို အားကောင်းစေတဲ့အတွက် မေ့ထားလို့ မဖြစ်ပါဘူး။ ချဉ်တဲ့ အရသာရှိတဲ့ အသီးအနှံတွေ၊ စတော်ဘယ်ရီသီး၊ သခွားမွှေးသီး၊ ခရမ်းချဉ်သီး၊ ငရုတ်ပွ၊ ဟင်းသီးဟင်းရွက်တွေကိုလည်း ကလေးတွေကို သေချာကျွေးပေးပါ။

    ၅။ ကိုယ့်ရဲ့ ကလေးမှာ သံဓါတ်ချို့တဲ့မှုနဲ့ သွေးအားနည်းရောဂါ ရှိ၊ မရှိကို သွေးစစ်ကြည့်ပါ။ အသက် ၉လ မှ တစ်နှစ်အရွယ်မှာ တစ်ကြိမ် စစ်ဆေးသင့်ပြီး နောက်ပိုင်းမှာလည်း ကလေးရဲ့ ကျန်းမာရေးကို မျက်ခြေမပြတ် စောင့်ကြည့်စစ်ဆေးသင့်ပါတယ်။

    ၆။ ကလေးက သံဓါတ်အားနည်းနေတယ်၊ တချို့အစားအစာတွေလည်း မစားဘူးဆိုရင် ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီး သံဓါတ် ဖြည့်စွက်အားဆေးတွေ၊ multivitamin ဆေးဝါးတွေ တိုက်ပေးသင့်ပါတယ်။ သံဓါတ်အားနည်းမှုကို ကျန်းမာမျှတတဲ့ အစာအာဟာရနဲ့ ထိရောက်စွာ ကာကွယ်ပေးနိုင်ပါတယ်။

    Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 20/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement