အသက်ကြီးမှ ကလေးယူမယ်ဆိုရင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဇူလိုင် 2, 2020 . 2 mins read
Share now

အသက်အရွယ်က ကိုယ်ဝန်ဆောင်ဖို့ ကိစ္စအပေါ် ဘယ်လိုသက်ရောက်မှုဖြစ်စေသလဲဆိုတာ ပြောပြပေးသွား ချင်ပါတယ်။

အမျိုးသားဖြစ်ဖြစ် အမျိုးသမီးဖြစ်ဖြစ် အသက်ကြီးလာလေ မျိုးဆက်ပွားစွမ်းရည် ကျဆင်းလာလေပါပဲ။ အသက် ၃၀ ကျော်ရင် ကလေးရဖို့ခက်ခဲလာသလို ကိုယ်ဝန်ပြဿနာတွေနဲ့ ကလေးမှာ နောက်ဆက်တွဲဆိုးကျိုးတွေလည်း ပိုများလာတတ်ပါတယ်။ အခုဒီဆောင်းပါးမှာတော့ အမျိုးသမီးတွေရဲ့ အသက်အရွယ်နဲ့ ကိုယ်ဝန်ဆောင်ခြင်း ဆက်စပ်မှုအကြောင်းပြောပြချင်ပါတယ်။

ပုံမှန်ဆို မိန်းကလေးတွေက အသက် ၂၀ လောက်မှာ ကိုယ်ဝန်ဆောင်ဖို့အကောင်းဆုံးဖြစ်ပြီး အသက် ၃၀ ကျော်လာရင်တော့ ကလေးရနိုင်ချေ ကျဆင်းလာပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ မိန်းကလေးတစ်ယောက် အသက်ကြီးလာလေ သားဥအိမ်ထဲက ထုတ်ပေးနိုင်တဲ့ သားဥအရေအတွက်ရော အရည်အသွေးပါ ကျဆင်းလာတာကြောင့်ပဲ ဖြစ်ပါတယ်။ နောက်ပြီး ကိုယ်တွင်းဟော်မုန်း အပြောင်းအလဲတွေပါ ဖြစ်တဲ့အတွက် ကိုယ်ဝန်ရသွားရင်တောင် ကျန်းမာတဲ့ကိုယ်ဝန်ဖြစ်ဖို့ ခက်ခဲပါတယ်။ သားအိမ်အလုံးအကျိတ်နဲ့ endometriosis လို မီးယပ်ရောဂါ ဖြစ်ပွားမှုတွေ ကလည်း အသက်ကြီးတာနဲ့ ဆက်စပ်နေတာကြောင့် ထည့်စဉ်းစားစရာ အချက်တစ်ချက်ဖြစ်နေပါတယ်။ Endometriosis မီးယပ်ရောဂါဆိုတာ ပုံမှန်သားအိမ်နံရံမှာ တွေ့ရတဲ့အသားစ တွေက သားအိမ်အပြင်ဖက်ထိ ကြီးထွားလာတဲ့ ရောဂါတစ်မျိုးဖြစ်ပြီး အမျိုးသမီးရဲ့ မျိုးဆက်ပွားအင်္ဂါတွေကို ပုံစံပြောင်းစေတာကြောင့် ကိုယ်ဝန်ရဖို့ ခက်ခဲစေပါတယ်။

အသက်ကြီးမှ ကလေးယူတဲ့အမျိုးသမီးတွေ အဓိကခံစားရနိုင်တဲ့ အခြေအနေ ၃ မျိုးရှိပါတယ်။ ဒါတွေကတော့

၁။ ကလေးမှာ မွေးရာပါချို့ယွင်းချက် ပါလာခြင်း

အမေရိကန်ဗဟိုကူးစက်ရောဂါ ထိန်းချုပ်ရေးစင်တာက ထုတ်ပြန်ချက်အရဆို အမေရိကန်နိုင်ငံမှာ မွေးဖွားတဲ့ ကလေး ၃၃ ယောက်မှာ တစ်ယောက်က မွေးရာပါချို့ယွင်းချက်တစ်ခုခု ပါနေတယ်လို့ ဆိုပါတယ်။ အသက် ၄၀ နဲ့အထက် အမျိုးသမီးတွေ မွေးဖွားတဲ့ကလေးတွေမှာ craniosynostosis လို့ခေါ်တဲ့ ဦးခေါင်းခွံအရိုးတွေပေါင်း စပ်မှု မမှန်တာ၊ hypospadias ခေါ်တဲ့ ဆီးလမ်းကြောင်းအပေါက်နေရာလွဲနေတာ၊ esophageal atresia ခေါ်တဲ့ အစာမြိုပြွန်နဲ့အစာအိမ် ဆက်စပ်မနေတာ စတဲ့ပြဿနာတွေဖြစ်ပွားမှုများတာလည်း လေ့လာမှုတွေအရ တွေ့ရှိထားပါတယ်။

နောက်ပြီး ကိုယ်ဝန်ဆောင်မိခင်အသက်ကြီးလေ မွေးလာမယ့်ကလေးမှာ ရုပ်ပိုင်း၊စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုမမှန်တဲ့ ဒေါင်းရောဂါလက္ခဏာစု (Down syndrome) ဖြစ်ပွားနိုင်ခြေတက်လာတာလည်း တွေ့ရပါတယ်။ အသက် ၂၀ အရွယ်မှာ ကိုယ်ဝန်ဆောင်ရင် ကလေးအယောက် ၁၅၀၀ လောက်မှာမှ တစ်ယောက်ပဲ ဒေါင်းရောဂါလက္ခဏာစု ဖြစ်ပွားနိုင်တာဖြစ်ပြီး အသက် ၄၅ နှစ်လောက်မှ ကိုယ်ဝန်ဆောင်ရင်တော့ မွေးလာမယ့်ကလေး ၃၅ ယောက်မှာ တစ်ယောက်ဖြစ်ပွားနိုင်တဲ့အထိ မြင့်တက်လာတာကို တွေ့ရပါတယ်။

၂။ သားပျက်သားလျှောဖြစ်ခြင်း

ကိုယ်ဝန်ဆောင်တဲ့မိန်းကလေးတိုင်းမှာ သားပျက်သားလျှောဖြစ်နိုင်ခြေရှိတာမှန်ပါတယ်။ ဒါပေမဲ့ အသက်ကြီး လာလေ ဒီပြဿနာခံစားရနိုင်ခြေများလေဆိုတာအမှန်ပါပဲ။ ယေဘုယျပြောရရင် ကိုယ်ဝန်ဆောင်တိုင်းမှာ သားပျက်သားလျှောဖြစ်နိုင်ခြေ ၁၃% လောက်ရှိပြီး အသက်၄၅ နှစ်ကျော် အမျိုးသမီးတွေမှာ ဒီပမာဏက ၅၃% အထိ မြင့်တက်သွားပါတယ်။ ဆိုလိုတာကတော့ အသက် ၄၅နှစ်အရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီး ၂ ယောက်မှာ တစ်ယောက်ကတော့ သားပျက်သားလျှောဖြစ်နိုင်ခြေ ရှိနေပါတယ်။ ဒါပေမဲ့လည်း သားပျက်သားလျှောဖြစ်တဲ့ကိစ္စက အသက်အရွယ်တစ်ခုတည်းနဲ့ သက်ဆိုင်တာတော့ မဟုတ်ပါဘူး။ အရင်ကကိုယ်ဝန်ပျက်ကျဖူးတာ၊ နာတာရှည်ရောဂါတစ်ခုခုရှိလို့ ကျန်းမာရေးသိပ်မကောင်းတာ လိုအပ်ချက်တွေကိုလည်း ထည့်စဉ်းစားရပါမယ်။

၃။ သွေးပေါင်ချိန်မြင့်တက်ခြင်း

ကိုယ်ဝန်ဆောင်ချိန်မှာ သွေးပေါင်ချိန် အလွန်အမင်းမြင့်တက်ခြင်းက မိခင်နဲ့ကလေးသေဆုံးစေတဲ့ အဓိက ပြဿနာတစ်ခုဖြစ်ပါတယ်။ ဒါ့ကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတိုင်းအသက်အရွယ်မရွေး ကိုယ့်သွေးပေါင်ချိန်ကို မှန်မှန်စစ်ဆေးဖို့အကြံပေးချင်ပါတယ်။ ကိုယ်ဝန်ဆောင်တိုင်းဖြစ်ပွားနိုင်ပြီး အသက် ၄၀ ကျော်သူတွေဆိုရင်တော့ ဖြစ်နိုင်ချေပိုများပါတယ်။

ဒါကို ကိုယ်ဝန်ဆိပ်တက်ခြင်း (Preeclampsia) လို့လည်း ခေါ်ပါတယ်။ Preeclampsia လက္ခဏာတွေထဲမှာသွေးပေါင်ချိန်တက်တာအပြင် မျက်နှာနဲ့လက်တွေဖောရောင်တာ၊ဆီးသွား နည်းသွားတာ၊ မောလာတာ၊ အရမ်းဝလာတာ၊ အမြင်ဝေဝါးလာတာ၊ ခေါင်းကိုက်တာ၊ မူးဝေအော့အန်တာ တွေလည်းပါဝင်နေပါတယ်။

ရေးသားသူ – Dr.Htoo Tint

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အိမ်အလုပ်ဆိုတာ အိမ်ထောင်ရှင်လေဒီတို့နဲ့ပဲ ဆိုင်တာလား

အိမ်အလုပ် အိမ်ထောင်ရှင် အမျိုးသား အမျိုးသမီး ဆွေမျိုး ကလေး ပညာရေး အလုပ်ခွင် အိမ်မှုကိစ္စ အားလပ်ရက် သံယောဇဉ် ဆက်ဆံရေး အိပ်ရာ ညစာ လိင်မှုဘဝ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat

လူတွေ ဘာကြောင့် အိပ်စက်အနားယူဖို့ လိုအပ်တာလဲ

အိပ်စက်အနားယူ အိပ်ချိန် ရုပ်ရှင်ကြည့် အားအင် အသက်အရွယ် လူငယ် ဦးနှောက် ဉာဏ်ရည် ကိုယ်အလေးချိန် ကယ်လိုရီ စိတ်ဖိစီးမှု ကိုယ်ခံအား ကျန်းမာရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat

ဘယ်အသက်အရွယ်အထိ လိင်ဆက်ဆံမှာလဲ

အသက်အရွယ်၊ လိင်ဆက်ဆံ၊ သဘာဝ၊ ခွန်အားပြည့်ဝမှု၊ လိင်စိတ်ကုန်၊ စိတ်ဆန္ဒ၊ စိတ်ဖိစီးမှု၊ အရက်သေစာ၊ မူးယစ်ဆေးဝါး၊ ဆေးလိပ်၊ ကွမ်းယာ၊ ပါးစပ်နဲ့လိင်ဆက်ဆံ၊ အာသာဖြေ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Zon Aung

ကိုယ်ဝန်ဆောင်မေမေ နဲ့ သကြား

ကျန်းမာရေး အစားအစာတွေ ကိုယ်ဝန်ဆောင် ဘေဘီလေး လေဒီတွေ ခန္ဓာကိုယ် သကြား ကိုယ်အလေးချိန် ပျားရည် အချိုရည် ထန်းလျက် ကိုယ်ဝန်ဆောင် ဆီးချို

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

ယုန်သား စားလို့ရလား။ ယုန်သားက ကျန်းမာရေးကို အထောက်အကူပြုနိုင်သလား။

ယုန်သား စားလို့ရလား။ ယုန်သားက ကျန်းမာရေးကို အထောက်အကူပြုနိုင်သလား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyowai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဩဂုတ် 6, 2020 . 2 mins read
မြေပဲထောပတ် စားပေးပါ

မြေပဲထောပတ် စားပေးပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyowai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဩဂုတ် 6, 2020 . 2 mins read
သင့်ကလေးကို စကားပြောတတ်အောင် ဘယ်လိုသင်ပေးမလဲ

သင့်ကလေးကို စကားပြောတတ်အောင် ဘယ်လိုသင်ပေးမလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyowai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဩဂုတ် 4, 2020 . 3 mins read
ကယ်လ်ဆီယမ်အကြောင်းသိသင့်သမျှ

ကယ်လ်ဆီယမ်အကြောင်းသိသင့်သမျှ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် ဩဂုတ် 4, 2020 . 2 mins read