backup og meta

အိပ်ရာပေါ်မှာ အမျိုးသမီးတွေကျူးလွန်တတ်တဲ့ အပြုအမူမှား ၆ ခု

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 14/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အိပ်ရာပေါ်မှာ အမျိုးသမီးတွေကျူးလွန်တတ်တဲ့ အပြုအမူမှား ၆ ခု

    ချစ်မှုရေးရာနဲ့ အိမ်ထောင်ရေးဘဝအကြောင်း ပြောဆိုဆွေးနွေးကြတဲ့အခါမျိုးမှာ အိမ်ရာပေါ်က အပြုအမူတွေကလည်း ချန်လှပ်ထားလို့မရတဲ့ အရေးပါတဲ့ကိစ္စ ဖြစ်ပါတယ်။

    အိပ်ရာပေါ်က ကိစ္စတွေဟာ ချစ်ရည်လူးကြတဲ့ မောင်နှံနှစ်ဦးရဲ့ နှစ်ကိုယ်ကြားကိစ္စဆိုပေမယ့် တစ်ခါတရံမှာတော့ အဆိုပါ တိုးတိုးတိတ်တိတ်ကိစ္စတွေကပဲ ကြင်သူနှစ်ဦးအကြား ကတောက်ကဆဖြစ်စရာလေးတွေ၊ အဖုအထစ်လေးတွေ ဖြစ်လာစေနိုင်တာကို သတိမူဖို့ လိုအပ်ပါတယ်။

    ကြင်သူနှစ်ဦး သံဝါသခြင်းအမှုကို ပြုကြတဲ့အခါမျိုးမှာ တစ်ဦးချင်း တစ်ယောက်ချင်းစီရဲ့ စိတ်ကျေနပ်နှစ်သက်မှုနဲ့ အထိအတွေ့အပေါ်သာယာမှုနဲ့တင်မပြည့်စုံပါဘူး၊ နှစ်ဦးစလုံးမှာ အထွတ်အထိပ်ခံစားချက်နဲ့ အပြန်အလှန်ကြင်နာယုယမှုနဲ့ နားလည်မှုရှိရှိ ပူးပေါင်းဆောင်ရွက်နိုင်မှုကိုလည်း ပြသနိုင်ဖို့ လိုအပ်ပါတယ်။

    “အတူအိပ်တာပဲ၊ အဓိက က အဓိက ပဲ” လို့ အလွယ်တကူပြောလို့ မရပါဘူး။ အပြန်အလှန် အပေးအယူ မမျှခဲ့ရင် တစ်ချိန်ချိန်မှာ တစ်ဦးအပေါ် တစ်ဦး စိတ်ကွက်တာမျိုး၊ စိတ်လိုမကျတာမျိုးတွေ ဖြစ်လာနိုင်သလို နှစ်ဦးအကြား ဆက်ဆံရေးမှာလည်း အဖုအထစ်တွေ အဆင်မပြေမှုတွေ ဖြစ်လာပါလိမ့်မယ်။

    ဒါကြောင့် ခုဆောင်းပါးမှာတော့ အိပ်ယာပေါ်မှာ ချစ်ပွဲဝင်ကြချိန်မှာ အမျိုးသမီးတွေ ကျူးလွန်လေ့ရှိကြတဲ့ အပြုအမူမှားတွေ အကြောင်းကို ဖော်ပြပေးချင်ပါတယ်။

    အမျိုးသမီးတွေ ဘယ်လိုမှားကြသလဲ

    ယျေဘုယျအားဖြင့်တော့ အိပ်ယာပေါ်က ကိစ္စနဲ့ ပတ်သက်ပြီး စိတ်ကျေနပ်မှုတစ်စုံတစ်ရာ မရခဲ့ရင် ဒါမှမဟုတ် အဆင်မပြေမှု တစ်စုံတစ်ရာ ကြုံလာခဲ့ရင် လူတိုင်းက အမျိုးသားတွေရဲ့ အပြစ်လို့ လက်ညှိုးညွှန်တတ်ကြပါတယ်။

    တကယ်တမ်းမှာတော့ အမျိုးသားတွေကြောင့်ချည်း အဆင်မပြေမှုတွေ ဖြစ်နေနိုင်တာမဟုတ်ပါဘူး။ အမျိုးသမီးတွေရဲ့ အပြုအမူတွေကြောင့်လည်း ခုလို အပေးအယူမမျှတာတွေ၊ အဆင်မပြေတာတွေ ဖြစ်နိုင်ပါတယ်။

    ဘယ်လိုအမှားအယွင်းမျိုးတွေလဲဆိုရင်တော့ –

    • ၁။ အရာအားလုံး သူလုပ်ပေးလိမ့်မယ်လို့ မျှော်လင့်ထားခြင်း – ဆီယက်တဲလ် ပစိဖိတ်တက္ကသိုလ်က လေ့လာချက်တွေအရ ပုံမှန်အမျိုးသမီးတွေဟာ အိပ်ယာပေါ်ရောက်ရင် ဆက်ဆံဖော် အမျိုးသားကသာ လိင်မှုကိစ္စအဝဝကို ဆောင်ရွက်သွားလိမ့်မယ်လို့ ထင်မြင်တတ်ကြတာများပါတယ်တဲ့။ တကယ်တော့ ဒီအချက်ဟာ အမျိုးသမီးတွေ အများဆုံးကျူးလွန်တဲ့ အမှားအယွင်း တစ်ခုပါ။ ရိုမန်းတစ်ဆန်တဲ့ လိင်မှုခံစားချက်ကို အလိုရှိတယ်ဆိုရင် အပြန်အလှန်ဆိုတာ လိုအပ်ပါတယ်။
    • ၂။ Oral Sex ကို ရွံ့ရှာဖွယ်ကိစ္စအဖြစ် မှတ်ယူခြင်း – ပါးစပ်နဲ့ လိင်မှုဆန္ဒဖြည့်ဆည်းပေးတာဟာ အငြင်းပွားဖွယ်ကိစ္စတစ်ခုဖြစ် ပါတယ်။ တချို့သော အမျိုးသမီးတွေက ဒီလိုလုပ်ပေးတာ/ပြုမူခံရတာကို ရှက်ရွံ့ဖွယ် ရွံရှာဖွယ် ကိစ္စတစ်ခုအဖြစ် မှတ်ယူထားကြပါတယ်။ တစ်ဖက်က ကိုယ့်ရဲ့ ဆက်ဆံဖော်ဟာ oral sex ကို အလိုရှိတယ်ဆိုရင် အပြန်အလှန် ညှိနှိုင်းပြုမူတာမျိုးလုပ်ဖို့ လိုအပ်ပါတယ်။ အကြောင်းအရင်းကတော့ အမျိုးသားအများစုဟာ oral sex ကို အထူးတလည်နှစ်သက်ကြတာကြောင့်ဖြစ်ပါတယ်။
    • ၃။ ဟန်ဆောင်ပြီးမြောက်ခြင်း – ဒါကတော့ အတတ်ကျူးပြီး ဘီလူးဖြစ်တဲ့ကိစ္စဖြစ်ပါတယ်။ တစ်ချို့တွေဟာ မိမိရဲ့ ဆက်ဆံဖော် ပိုမိုစိတ်ကျေနပ်မှုရစေလိုတဲ့ ဆန္ဒနဲ့ အလွန်အမင်း စိတ်ခံစားချက်ကောင်းမွန်နေဟန်၊ အထွတ်အထိပ်ရောက်လေဟန်မျိုး ဟန်ဆောင်ပြုမူတတ်ကြပါတယ်။ ဆက်ဆံဖော်နဲ့ အပေးအယူမျှမျှ နှီးနှောနိုင်ရင် ဒီလိုတွေ ဟန်ဆောင်ပြုမူပြနေစရာမလိုအပ်ပါဘူး။
    • ၄။ ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ဖော်ပြရမှာကို ရှက်ရွံ့ခြင်း – ဆက်ဆံဖော်က မိမိရဲ့ ခန္ဓာကိုယ်ကို ရမက်ခိုးဝေနေတဲ့ မျက်လုံးမျိုးနဲ့ ကြည့်နေမှာကို အမျိုးသမီးတချို့က ရှက်ရွံ့ထိတ်လန့်တတ်ကြပါတယ်။ ဒါကြောင့်လည်း မီးမှိတ်ကြတာဖြစ်မယ်ထင်ပါရဲ့။ ဒါပေမယ့် တကယ့် လိင်စိတ်ဆန္ဒမှာ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို မြင်တွေ့ခံစားရတာကလည်း စိတ်ကျေနပ်မှုတစ်မျိုးဖြစ်ပါတယ်။
    • ၅။ နှုတ်ဆိတ်နေခြင်း – တချို့က ဆက်ဆံဖော်နဲ့ စကားစမြည်နှီးနှောပြောဆိုရမှာ၊ လိင်မှုကိစ္စနဲ့ သက်ဆိုင်တဲ့ အကြောင်းအရာတွေအကြောင်း ပြောဆိုရမှာတွေကို ရှက်ရွံ့တတ်ကြပါတယ်။ ရှေးရိုးဆန်တဲ့အမျိုးသမီးတွေမှာ ပိုဖြစ်တတ်တဲ့ အမှားအယွင်းမျိုးဖြစ်ပါတယ်။ အိပ်ရာပေါ်က ကိစ္စတွေအကြောင်း စကားပြောဆိုတာဟာ ရှက်စရာလို့ တသမတ်တည်း စွဲမြဲမှတ်ယူထားတာကြောင့်ဖြစ်ပါတယ်။ ဒါဟာ အမြဲတမ်းတော့ မမှန်နိုင်ပါဘူး။ တချို့အခြေအနေတွေမှာ ဒီလိုနှုတ်ထွက်စကားတွေဟာ နှစ်ဦးရဲ့ စိတ်ခံစားချက် ရေချိန်ကို မြှင့်တင်ပေးနိုင်ပါတယ်။
    • ၆။ တစ်ဖက်လူက အမြဲအဆင်သင့်ဖြစ်နေမယ်လို့ ယုံကြည်နေခြင်း – လိင်မှုကိစ္စ စခန်းသွားကြရမှာ အမြဲတမ်း အဆင်သင့်ဖြစ်နေမှာမဟုတ်ပါဘူး။ တစ်ခါတစ်လေမှာ နူးပေးနှပ်ပေးရတာမျိုးလည်း ရှိနိုင်ပါတယ်။ စိတ်ဖိစီးမှု၊ ပင်ပန်းနွမ်းနယ်မှုနဲ့ တခြားသော အခြေအနေအမျိုးမျိုးကြောင့် အိမ်ထောင်ဖက်ဟာ ချက်ခြင်း အဆင်သင့်ဖြစ်မနေတာမျိုးဖြစ်နိုင်ပါတယ်။ ဒီအခြေအနေမှာ အမျိုးသမီးတွေအများဆုံး ကျူးလွန်တဲ့ အမှားကတော့ သူတို့ကို မချစ် မနှစ်သက်တော့တာကြောင့် စိတ်မပါတော့တာလို့ မှတ်ယူလိုက်ကြတာပါပဲ။ တကယ်တော့ ချစ်ရသူရဲ့ နောက်ကွယ်က အခြေအနေကို နားလည်ပေးပြီး တဖြည်းဖြည်းချင်းဇာတ်လမ်းစသင့်ရင် စရပါလိမ့်မယ်။

    ဒီအချက် ၆ ချက်ဟာ အိပ်ရာပေါ်မှာ အမျိုးသမီးတွေ အများဆုံးကျူးလွန်ကြတဲ့ အမှားတွေဖြစ်ပါတယ်။ ဒါတွေတင်ပဲလားဆိုတော့ မဟုတ်ပြန်ပါဘူး။

    • ကိုယ့်ရဲ့ စိတ်ဆန္ဒကို ပွင့်ပွင့်လင်းလင်းမပြောဆိုတာ၊
    • အလွန်အမင်း ရှက်တာ၊
    • အရမ်းတွေးတောလွန်းတာ၊
    • လိုအပ်တာထက် ပိုပြီး အတွေ့အကြုံရှိချင်ယောင်ဆောင်တာ၊
    • နှူးနှပ်ပြီးမှ ကိစ္စကို စတင်တာမျိုးထက် အလျှင်အမြန်စတင်တာ၊
    • ပျင်းရိတာ၊
    • ရာသီလာနေစဉ်ကာလမှာ လိင်ကိစ္စကို ရှောင်ကျဉ်တာ၊
    • ဟာဒယဉာဏ်နည်းပါးလွန်းတာ စတာတွေဟာလည်း အိပ်ရာပေါ်မှာ အမျိုးသမီးတွေ ကျူးလွန်တတ်ကြတဲ့ အမှားမျိုးတွေပါပဲ။လိင်မှုကိစ္စဟာ ဘဝနေထိုင်မှုနဲ့ ကျန်းမာရေးကိစ္စတွေနဲ့ ဆက်နွယ်မှုရှိပြီး သာယာပျော်ရွှင်ဖွယ် အိမ်ထောင်မှုဘဝတစ်ခုကို တည်ဆောက်ဖို့ဆိုရင် လိင်ကိစ္စမှာလည်း အဆင်ပြေနေဖို့ လိုအပ်ပါတယ်။

    ဒါကြောင့် အမျိုးသမီးတွေအနေနဲ့လည်း ကိုယ့်ရဲ့ လက်တွဲဖော်နဲ့ အပြန်အလှန်ကျေနပ်ပျော်ရွှင်ဖွယ် ချစ်ခရီးတစ်ခုကို လှမ်းလျှောက်ချင်တယ်ဆိုရင် အိပ်ရာပေါ်မှာ မမှားသင့်တဲ့ အမှားတွေကို ရှောင်ကြဉ်ဖို့ လိုအပ်မှာပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 14/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement