ရိုးရိုမွေးခြင်းအတွက် ဘာတွေကြိုပြင်ဆင်သင့်သလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဇူလိုင် 2, 2020 . 3 mins read
Share now

ကိုယ်ဝန်ဆောင်အမျိုးသမီးသုံးယောက်မှာ နှစ်ယောက်နှုန်းဟာ လစေ့လို့ ကလေးမီးဖွားရင် ရိုးရိုးပဲ မွေးတတ်ကြပါတယ်။ ရိုးရိုးမွေးမယ်လို့ အစီအစဉ်ရှိတဲ့ အမျိုးသမီးတွေ ကြိုတင်ပြင်ဆင်ထားသင့်တဲ့ အချက် (၁၂) ချက်ကို ပြောပြပေးပါမယ်နော်။

() မှန်ကန်တဲ့ဆရာဝန်ကိုရွေးချယ်ပါ။

ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဟာ မီးဖွားနေချိန်နဲ့ မီးဖွားပြီးချိန်မှာ ဘာတွေဖြစ်နိုင်သလဲဆိုတာကို သိချင်ကြပါတယ်။ သူတို့အတွက် ဘယ်လိုအန္တရာယ်ဖြစ်နိုင်သလဲ ဆိုတာတွေကိုပါ နှံ့နှံ့စပ်စပ်သိချင်ကြပါတယ်။ သားဖွားမီးယပ်ဆရာဝန်ကို မေးမြန်းကြပါတယ်။ ဒီအခါမှာ သူတို့ကို စိတ်ရှည်လက်ရှည်နဲ့ သေသေချာချာရှင်းပြပေးမယ့် ဆရာဝန်ကို ရွေးချယ်သင့်ပါတယ်။ ဒါမှသာ ကိုယ်ဝန်ဆောင်တွေရဲ့ စိတ်ပိုင်း ဆိုင်ရာပြဿနာတွေ၊ အလွန်အမင်းကြောက်ရွံ့မှုတွေ ဖြစ်မလာမှာပါ။

()   ဘယ်ဆေးရုံမှာ မွေးမလဲဆိုတာကို ရွေးချယ်ထားပါ။

ရိုးရိုးမွေးမယ်လို့ ရည်ရွယ်ထားပေမဲ့ အခြေအနေတစ်ခုခုကြောင့် အရေးပေါ် ခွဲမွေးလိုက်ရတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အရေးပေါ်ခွဲမွေးနိုင်တဲ့ ခွဲခန်းတွေအဆင်သင့်ရှိတဲ့ ဆေးရုံဖြစ်ဖို့လိုပါတယ်။ နောက်တစ်ချက်က မိမိဗိုက်အပ်ထားတဲ့ ဆရာဝန်အတွက် အဆင်ပြေနိုင်မယ့် ဆေးရုံဖြစ်ဖို့လည်းလိုအပ်ပါတယ်။ ဒါမှသာ မွေးဖွားချိန်မှာ အဆင့်တိုင်းဟာ လွယ်ကူချောမွေ့နေမှာပါ။

()   အိမ်မှာပဲမွေးချင်ပါတယ်ဆိုရင်ရော ဘာတွေပြင်ဆင်ထားသင့်သလဲ။

ရှေးအယူအဆကို ခံယူထားတဲ့ မိခင်လောင်းတစ်ချို့ဟာ ရိုးရိုးမွေးမယ်ဆိုရင်တော့ အိမ်မှာပဲ လွယ်လွယ်မွေးလို့ရမယ်လို့ ထင်တတ်ကြပါတယ်။ ဒါဟာအလွန်အန္တရာယ်များတဲ့ ကိစ္စပါ။ သိပ်ခေတ်မမီသေးတဲ့ ဒေသတွေမှာအဖြစ်များပါတယ်။ ဆရာဝန်တွေကတော့ ဒီလိုကိစ္စကို အားမပေးပါဘူး။ အိမ်မှာပဲမွေးမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို မပြင်တော့တာ သေချာနေရင် အရေးပေါ်အခြေအနေတစ်ခုခုဖြစ်လာခဲ့သည်ရှိသော် အန္တရာယ်ကင်းစေဖို့ ဆေးရုံတစ်ခုနဲ့ နီးတဲ့နေရာဆိုရင်တော့ ပိုကောင်းပါတယ်။

()   အစီအစဉ်ချထားပါ။

ကိုယ်ဝန်ဆောင်မိခင်ကိုယ်တိုင်ကရော မိမိကလေးပါကျန်းကျန်းမာမာရှိစေဖို့အတွက် တစ်ချို့အရာ တွေကိုကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။ ဥပမာ- အိမ်မှာ အိမ်မွေးတိရစ္ဆာန်လေးတွေ မွေးထားတယ်ဆိုရင် ဘယ်လိုမျိုး ဆက်မွေးနိုင်မလဲကို စဉ်းစားထားတာမျိုးပါ။ မွေးကင်းစကလေးတွေအတွက် ခွေးလေးတွေ၊ ကြောင်လေးတွေနဲ့ အနီးကပ်ရှိနေခြင်းဟာ ကျန်းမာရေးပြဿနာတွေဖြစ်လာစေနိုင်လို့ပါ။

()   ဆေးရုံယူသွားမယ့်အထုပ်ကို ကြိုတင်ပြင်ထားပါ။

ကလေးအနှီး၊ အင်္ကျီ၊ ဒိုက်ပါ (Diapers)၊ Wet Tissue နဲ့ နို့ဗူး အစရှိတာတွေကို သေသေချာချာ ထုပ်ပိုးထားပြီး အိတ်တစ်အိတ်နဲ့ထည့်ကာ ပြင်ဆင်ထားသင့်ပါတယ်။ ဒါမှသာ ဗိုက်နာလာချိန်မှာ အဆင်သင့်ယူသွားလို့ရမှာပါ။

()   မိမိရဲ့ ခန္ဓာကိုယ်ကိုလည်း ပြင်ဆင်ထားပါ။

ရိုးရိုးမွေးဖွားခြင်းဟာ မိခင်အတွက် ခက်ခဲနိုင်တဲ့အရာပါ။ ဒါကြောင့် အားရှိထားဖို့လိုပါတယ်။ ခန္ဓာကိုယ်ဟာ ကလေးမွေးဖွားဖို့ ကျန်းကျန်းမာမာနဲ့ အဆင်သင့်ရှိနေဖို့ အရေးကြီးပါတယ်။ မှန်ကန်တဲ့ အစားအစာတွေကိုသာ ရွေးချယ်စားသောက်ပေးပါ။ အိပ်ရေးဝဝအိပ်ထားဖို့လည်း အရေးကြီးပါသေးတယ်။

()   မိန်းမကိုယ်ကိုလည်း ပြင်ဆင်ထားပါ။

ကလေးမွေးတဲ့ အခါ အဓိကမွေးလမ်းကြောင်းဟာ မိန်းမကိုယ်ပါ။ မမွေးဖွားခင်မှာ မိန်းမကိုယ်ကိုလည်း ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။ မိန်းမကိုယ်လေ့ကျင့်ခန်းတွေပြုလုပ်ပေးပါ။ ခက်ခက်ခဲခဲတော့ မဟုတ်ပါဘူး။ ဆီးသွားနေရင်းနဲ့ ဆီးဆက်တိုက်မသွားစေဘဲ ပြတ်တောင်းပြတ်တောင်းနဲ့ ရပ်လိုက်စေတာပါ။ ခဏခဏ အကြိမ်ရေများများ ပြုလုပ်ပေးသင့်ပါတယ်။ ဆီးသွားတဲ့အချိန် ညှစ်ရတဲ့ မိန်းမကိုယ် ကြွက်သားဟာ မီးဖွားစဉ်မှာ ကလေးထွက်ရလွယ်အောင် ညှစ်တဲ့ ကြွက်သားနဲ့ အတူတူပါပဲ။ လေ့ကျင့်ခန်းကို အဆင်ပြေသလို လုပ်ပေးသွားရင်ရပါတယ်။

()   လေ့ကျင့်ခန်းနဲ့ ရိုးရိုးမွေးခြင်း

မိန်းမကိုယ်လေ့ကျင့်ခန်းတင်မဟုတ်ပါဘူး။ ကိုယ်လက်လှုပ်ရှားရတဲ့ ရုပ်ပိုင်းဆိုင်ရာလေ့ကျင့်ခန်း တွေကိုလည်း ပြုလုပ်ပေးသင့်ပါတယ်။ ပြင်းပြင်းထန်ထန် လေ့ကျင့်ခန်းမျိုးကို မဆိုလိုပါဘူး။ လမ်းပုံမှန် လျှောက်တာမျိုးကလည်း မီးဖွားရလွယ်ကူစေတဲ့ လေ့ကျင့်ခန်းတစ်မျိုးပါပဲ။

()   မိခင်နို့တိုက်မလား၊ နို့ဘူးတိုက်မလားဆုံးဖြတ်ပါ။

ကလေးမမွေးခင်မှာ မိမိရဲ့ရင်သွေးလေးကို မိခင်နို့တိုက်ခြင်း၊ မတိုက်ခြင်းကို ဆုံးဖြတ်ပါ။ မွေးစကနေ ခြောက်လအထိ မိခင်နို့ရည်တစ်မျိုးတည်းကိုသာ တိုက်သင့်ပါတယ်။ မိခင်နို့တိုက်မယ်လို့ ဆုံးဖြတ်ပြီးရင်တော့ မွေးမွေးပြီးချင်း တတ်နိုင်သမျှ အစောဆုံးစတိုက်သင့်ပါတယ်။ မိခင်ကိုယ်တိုင် ကူးစက်ရောဂါမျိုးရှိနေတဲ့ အခြေအနေမျိုးတွေလည်း ရှိနိုင်ပါတယ်။ ဒါဆိုရင်တော့ မိခင်နို့အစား နို့ဘူးအစားထိုး တိုက်သင့်၊မတိုက်သင့် ဆရာဝန်နဲ့ ကြိုတိုင်ပင်သင့်ပါတယ်။

(၁၀) သားကြောဖြတ်မလား စဉ်းစားဆုံးဖြတ်ထားပါ။

သားသားလေးတွေ၊မီးမီးလေးတွေမွေးဖွားပြီး ကလေးထပ်မယူတော့ဘူးလို့ ဆုံးဖြတ်လိုက်တဲ့ အခါမှာ ဒီကိုယ်ဝန်မွေးပြီးတာနဲ့ သားကြောဖြတ်တာမျိုး လုပ်တတ်ကြပါတယ်။ ဒီလိုဆိုရင်တော့ မိမိရဲ့ ဆရာဝန်နဲ့ ကြိုတင်တိုင်ပင်ဆုံးဖြတ်ထားပါ။ ဒါမှသာ အရေးပေါ် အခြေအနေကြောင့် ဗိုက်ခွဲလိုက်ရတာမျိုး ဆိုရင်တော့ ဆရာဝန်က တစ်ခါတည်း သားကြောဖြတ်ပေးလိုက်နိုင်မှာပါ။ ဆေးရုံတွေမှာဆိုရင်တော့ သားကြောဖြတ်ခြင်း၊ မဖြတ်ခြင်းကို လက်မှတ်ထိုးပြီး ဆုံးဖြတ်စေတတ်ပါတယ်။

(၁၁) အခြားကလေးတွေကိုလည်း စဉ်းစားထားပါ။

အကယ်လို့ ကလေးမွေးချင်လို့ ညသန်းခေါင်ကြီး ဗိုက်ထနာလာတဲ့အချိန်မှာ အပြင်မှာရှိနေတဲ့ ကလေးလေးတွေကို ဘယ်မှာထားခဲ့မှာလဲ။ ဘယ်သူက ညကြီးသန်းခေါင်ထိန်းပေးထားမှာလဲ စသဖြင့် စဉ်းစားပါ။ ဒါဟာလည်း အရေးကြီးတဲ့ စီစဉ်စရာတစ်ခုပါပဲ။ မိဘတော်တော်များများက ဒီအချက်ကို မေ့နေတတ်ကြပါတယ်။

() အမျိုးသားကိုရော ဆေးရုံစောင့်ခိုင်းမှာလား။

ယခုနောက်ပိုင်းမှာတော့ ကလေးအဖေတွေ၊ အမျိုးသားတွေကို ဆေးရုံမှာစောင့်အိပ်ခွင့်ပေးတာမျိုးကို ဆေးရုံတော်တော်များများက ခွင့်ပြုလာကြပါပြီ။ တစ်ကယ်လို့သာ အမျိုးသားကို လူနာစောင့်ခွင့်မပေးခဲ့ပါက လူနာစောင့်အနေနဲ့ ဘယ်သူ့ကို ခေါ်ခိုင်းမလဲဆိုတာ စဉ်းစားစရာဖြစ်လာပါပြီ။

မိသားစုဆွေမျိုးများ မရှိတော့တာဖြစ်စေ စသဖြင့် အကြောင်းရင်းတွေရှိလာရင်တော့ လူနာစောင့်ရမယ့်လူကို ကြိုတင်ပြီးစီစဉ်ထားသင့်ပါပြီ။ ကျွမ်းကျင်တဲ့ သူနာပြုအကူတွေကိုတော့ ယနေ့ခေတ်မှာ ငှားရမ်းလာကြပါ တယ်။ ဒါဟာ ကလေးအတွက်ရော လူကြီးအတွက်ပါ စိတ်ချရပါတယ်။

ဒီတော့ မေမေဗိုက်တို့အနေနဲ့ ရိုးရိုးမွေးမယ်လို့ဆုံးဖြတ်ထားရင် အထက်ပါအချက်လေးတွေကို ကြိုတင်ပြင်ဆင်ထားပါနော်။

ရေးသားသူ-ဒေါက်တာမှူးခင်

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ကိုဗစ်ကာလ စိတ်ကျန်းမာရေးအတွက် ဆိုရှယ်မီဒီယာကို လျှော့သုံးကြမယ်

ကိုဗစ် စိတ်ကျန်းမာရေး ဆိုရှယ်မီဒီယာ ဖေ့ဘုတ် အွန်လိုင်း စာဖတ် အပန်းဖြေ အိမ်အလုပ် မိသားစု ကပ်ဘေးကာလ ပန်းပင် ရုပ်ရှင်ကြည့် လေ့ကျင့်ခန်း အသားအရေ ညအိပ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat

လေ့ကျင့်ခန်း စစလုပ်ချင်း ကြွက်သားနာကျင်ကိုက်ခဲတယ်ဆိုတာ

လေ့ကျင့်ခန်း နာကျင်ကိုက်ခဲ ကြွက်သား ကြွက်သားထု Gym အားကစား အလေး အလေးအပင် လှုပ်ရှား အဆီ အိပ်ချိန် အစာအာဟာရ ပရိုတင်းဓာတ် ရေခဲဝတ် အနားယူ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat

မွေးကင်းစကလေးတွေမှာ အတွေ့များတဲ့ ကျန်းမာရေးပြဿနာတွေ

မွေးကင်းစ ကလေး ကျန်းမာရေး မိဘ မိခင် အသက်ရှူ မွေးလမ်းကြောင်း ဦးရေပြား အသားဝါ သွေးအားနည်း လေထိုးလေအောင့် နို့အန် မိခင်နို့ အဖျားတက် အအေးမိတုပ်ကွေး သေးခံ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat

ဆယ်ကျော်သက်တို့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာစေဖို့

ဆယ်ကျော်သက် အရွယ်ရောက်လာတဲ့အခါမှာ ကလေးတိုင်းက စိတ်ဓာတ်ကျတာ အပါအဝင် အမျိုးမျိုးသော စိတ်အခြေအနေတွေနဲ့ ရင်ဆိုင်ရပါတယ်။ စိတ်ကျန်းမာဖို့ ဂရုပြုပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

ရင်သားထွားထွား ရောဂါများများ

ရင်သားထွားထွား ရောဂါများများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 14, 2020 . 2 mins read
အထီးကျန်ခြင်း နှင့် ဆီးချိုဝေဒနာ

အထီးကျန်ခြင်း နှင့် ဆီးချိုဝေဒနာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 10, 2020 . 2 mins read
အဆုတ်ကင်ဆာ ကာကွယ်ပါ

အဆုတ်ကင်ဆာ ကာကွယ်ပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 6, 2020 . 2 mins read
ကျဆင်းလာတဲ့ ကိုယ်ခံအားစနစ်ကို ဘယ်လိုပြန်မြှင့်တင်မလဲ

ကျဆင်းလာတဲ့ ကိုယ်ခံအားစနစ်ကို ဘယ်လိုပြန်မြှင့်တင်မလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 1, 2020 . 3 mins read