brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

အသက် ၃၀ကျော်အရွယ်မှာ ကိုယ်ဝန်ဆောင်နိုင်ခြေ မြင့်မားစေဖို့

အသက် ၃၀ကျော်အရွယ်မှာ ကိုယ်ဝန်ဆောင်နိုင်ခြေ မြင့်မားအောင် ဘယ်လိုလုပ်မလဲ။

အသက် ၃၀ကျော်အရွယ်မှာ ကိုယ်ဝန်ဆောင်နိုင်ခြေ မြင့်မားစေဖို့

၁။ သင့်ကိုယ်သင် စိတ်ပိုင်းဆိုင်ရာ၊ ကိုယ်ပိုင်းဆိုင်ရာ၊ ခံစားမှုပိုင်းဆိုင်ရာ ကျန်းမာအောင်နေပါ။

သင့်လူမှုဘဝနေထိုင်ပုံဟာ ကိုယ်ဝန်ရှိနိုင်ခြေကို တိုးမြှင့်ပေးရာမှာ အရေးပါပါတယ်။ သင်ဟာ မကောင်းတဲ့ အချက်တွေဖြစ်တဲ့ ဆေးလိပ်ကဖင်း၊ အရက်သောက်တယ်ဆိုရင် ကလေးရရှိနိုင်ခြေကို ကြီးမားစွာ ထိခိုက်နိုင်ပါတယ်။

အခြားတစ်ဖက်မှာတော့ ကိုယ်အလေးချိန်များခြင်း၊ နည်းခြင်းတွေဟာ ဟော်မုန်းလုပ်ဆောင်မှုတွေကို အနှောင့်အယှက်ဖြစ်စေပြီး ကိုယ်ဝန်ရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကိုလည်း တိုးမြှင့်ပေးပါတယ်။

ဒါကြောင့် BMI ကို တွက်ချက်ပြီး ကိုယ်အလေးချိန်ကို ပုံမှန်စစ်ဆေးနေသင့်ပါတယ်။ အချို့အစားအစာတွေဟာ ကလေးရနိုင်ခြေကို တိုးမြှင့်ပေးပါတယ်။ ဒီအစားအစာတွေကတော့

  • monounsaturated fat (သံလွင်ဆီ)
  • ပရိုတင်းများတဲ့ အသီးအရွက်များ (ပဲ)၊
  • အမျှင်ဓာတ်၊ သံဓာတ်၊ ဗီတာမင် ဘီ
  • သကြားဓာတ်နည်းတဲ့ အစားအစာများ (oats၊ အာလူး၊ ပေါင်မုန့်ကြမ်း)
  • အဆီများတဲ့ နို့ထွက်ပစ္စည်းတွေကို အလယ်အလတ်ပမာဏ စားသုံးခြင်း (ရေခဲမုန့်၊ နွားနို့၊ ချိစ်)
  • ဒီအစားအစာတွေအပြင် multivitamin, prenatal vitamin (အထူးသဖြင့် ဗီတာမင် အီး) ဟာ ကိုယ်ဝန်ရနိုင်ခြေကို မြင့်မားစေပါတယ်။

အသက် ၃၀ကျော်အရွယ်မှာ ကိုယ်ဝန်ဆောင်နိုင်ခြေ မြင့်မားစေဖို့

စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေကို ပိုမိုကောင်းမွန်စေခြင်းဟာလည်း ကိုယ်ဝန် ရရှိမှုအပေါ် သက်ရောက်မှုရှိတာကြောင့် သင်ကြိုက်နှစ်သက်ပြီး ကျန်းမာစေတဲ့ လှုပ်ရှားမှုတွေ ဖြစ်တဲ့ ချက်ပြုတ်ခြင်း၊ သီချင်းနားထောင်ခြင်း၊ ယောဂကစားခြင်း၊ စာဖတ်ခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း၊ ပိတ်ရက်မှာ အနားယူခြင်း၊ အိမ်ထောင်ဖက်နဲ့ အချိန်ပိုဖြုန်းခြင်းတွေ လုပ်သင့်ပါတယ်။

  • မကောင်းတဲ့ အကျင့်တွေဖြစ်တဲ့ ဆေးလိပ်၊ ကဖင်း၊ အရက်တွေဟာ ကိုယ်ဝန်ရရှိနိုင်ခြေကို သက်ရောက်မှု ရှိတာကြောင့် ဒီအကျင့်ဆိုးတွေကို ရှောင်ကြဉ်သင့်ပါတယ်။
  • ကိုယ်အလေးချိန်ကို ထိန်းညှိပါ။ ကိုယ်အလေးချိန် များခြင်း၊ နည်းခြင်းတွေဟာ ဟော်မုန်းတွေလုပ်ငန်း ဆောင်တာကို သက်ရောက်မှုရှိပြီး ကိုယ်ဝန်ရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို ပိုဆိုးစေပါတယ်။ ဒါကြောင့် BMI ကို တွက်ချက်ပြီး ကိုယ်အလေးချိန်ကို ပုံမှန်တိုင်းတာသင့်ပါတယ်။
  • ကျန်းမာစွာ စားသောက်ခြင်း – အချို့အစားအစာတွေဟာ ကလေးမရရှိနိုင်ခြေကို မြင့်စေပြီး monounsaturated fats၊ ပရိုတင်းများသော အသီးအရွက်များ၊ အမျှင်ဓာတ်၊ သံဓာတ်၊ ဗီတာမင်ဘီ၊ အထူးသဖြင့် ဗီတာမင်အီးပါသော clean carbs တွေ ပါဝင်ပါတယ်။
  • စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေကို ပိုမိုကောင်းမွန်စေခြင်းဟာလည်း ကိုယ်ဝန်ဆောင်နိုင်ခြေ အပေါ် သက်ရောက်မှုရှိတာကြောင့် သင်ကြိုက်နှစ်သက်ပြီး ကျန်းမာစေတဲ့ လှုပ်ရှားမှုတွေ ဖြစ်တဲ့ ချက်ပြုတ်ခြင်း၊ သီချင်းနားထောင်ခြင်း၊ ယောဂကစားခြင်း၊ စာဖတ်ခြင်းတွေ လုပ်သင့်ပါတယ်။

၂။ အိမ်မှာ သင်ရော၊ သင့်အမျိုးသားအတွက်ပါ ကလေးရရှိရန် screening test ကို လုပ်သင့်ပါတယ်။

သားဥကြွေတဲ့ လက္ခဏာတွေဖြစ်တဲ့ ကိုယ်ခန္ဓာအပူချိန်မြင့်တက်တာ၊ အဖြူပျစ်ပျစ်ဆင်းတာတွေကို ပုံမှန်စစ်ဆေးနေဖို့ လိုပါတယ်၊၊ ပိုသေချာချင်ရင် သားဥကြွေတာကို အိမ်မှာ ဆီးစစ်တံနဲ့ စစ်လို့ရပါတယ်၊၊ ကိုယ်ဝန်စစ်တဲ့ ဆီးစစ်တံနဲ့ အမျိုးအစား မတူတာကြောင့် သေချာမေးဝယ်သင့်ပါတယ်၊၊

ဒါ့ပြင် သင့်အိမ်ထောင်ဖက်ကို သုက်ပိုးပမာဏနဲ့ ကျန်းမာရေး စစ်ဆေးမှုတွေ ပြုလုပ်သင့်ပါတယ်။ သူ့ကို ဝှေးစေ့ကျန်းမာရေး စစ်ဆေးစေခြင်း၊ အစားအသောက်ထဲကို အာဟာရမျှတအောင်ကျွေးခြင်း၊ ကိုယ်အလေးချိန်များနေရင် ကိုယ်အလေးချိန်နည်းအောင် ပြုလုပ်ခြင်း၊ ဝှေးစေ့တွေကို အပူဒဏ်မခံရအောင်ထားခြင်း အစရှိသည်တို့ ပြုလုပ်ပြီး ကျန်းမာရေး ကောင်းစေဖို့ ကူညီပေးနိုင်ပါတယ်။

အသက် ၃၀ကျော်အရွယ်မှာ ကိုယ်ဝန်ဆောင်နိုင်ခြေ မြင့်မားစေဖို့

၃။ ကလးရဖို့ခက်နေရင် Fertility specialist ကို ပြသသင့်ပါတယ်။

အကာအကွယ်မပါပဲ မကြာခဏ လိင်ဆက်ဆံခြင်းကို ၆ လ လောက်ပြုလုပ်အပြီးမှာ ကလေးမရဘူးဆိုရင် သားဖွားမီးယပ်ဆရာဝန်ကို ပြသသင့်ပါတယ်။

ဒါ့ပြင် သင့်မှာ ရာသီမမှန်ရင်၊ သားဥအိမ်အရည်အိတ်တည်တဲ့ရောဂါစု polycystic ovary syndrome (PCOS) ရှိရင်၊ လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေရှိရင်၊ သင့်အိမ်ထောင်ဖက်မှာ ကလေးရရှိမှုဆိုင်ရာ ပြဿနာတွေ ရှိဖူးရင် ဆရာဝန်နဲ့ အမြန်ဆုံးချိန်းဆိုပြသသင့်ပါတယ်။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr . Phyu Mon Latt မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 17/05/2022 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။