backup og meta

ကိုယ့်နေအိမ်ထဲမှာ ရင်သွေးလေးတွေကို ထိခိုက်စေနိုင်တဲ့နေရာ အမြောက်အများရှိနေတာ သိကြရဲ့လား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Zon Aung မှ ရေးသားသည်။ · 21/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ့်နေအိမ်ထဲမှာ ရင်သွေးလေးတွေကို ထိခိုက်စေနိုင်တဲ့နေရာ အမြောက်အများရှိနေတာ သိကြရဲ့လား

    ကိုယ့်ရဲ့ ရင်သွေးလေးကို အိမ်မှာ ပြုစုစောင့်ရှောက်ကြပြီဆိုတဲ့အခါမျိုးမှာ ဘေဘီလေး ဘေးအန္တရာယ်ကင်းကင်း၊ ကျန်းကျန်းမာမာနဲ့ ကြီးပြင်းလာအောင် ထားရှိနိုင်ဖို့က မိဘတိုင်းရဲ့ မျှော္လင့်ချက်ဖြစ်ပါတယ်။

    ရင်သွေးလေးတွေဆိုတာလည်း အရာရာကို ပြည့်ပြည့်ဝဝနားမလည်နိုင်သေးကြသူတွေမို့ ပစ္စည်းတွေ ဆွဲချတာမျိုး၊ တွေ့ကရာကောက်ဝါးမိတာမျိုးတွေ မကြာခနပြုမူတတ်ကြတယ်လေ။ တစ်ခါတစ်ရံမှာ ထင်မှတ်မထားတဲ့ အခြေအနေတွေကြောင့် ဘေဘီလေးတွေ တစ်စုံတစ်ရာ ထိခိုက်မိရင် အရင်ဆုံး ရင်ပူရ၊ စိတ်သောက ရောက်ရတာက မိဘတွေကိုယ်တိုင်၊ ကိုကို မမ၊ ဘိုးဘိုး ဘွားဘွားတွေ ကိုယ်တိုင်ပါပဲ။

    မိမိရဲ့ နေအိမ်ထံမှာ ဘေဘီလေးတွေကို ထိခိုက်စေနိုင်တဲ့ နေရာတွေ၊ အန္တရာယ်ဖြစ်စေနိုင်တဲ့ နေရာတွေ ရှိနေတာကို ကြိုတင်သတိပြမိထားမယ်ဆိုရင် ဒီပြဿနာကို အတော်များများ ဖြေရှင်းလို့ရနိုင်မှာဖြစ်သလို ရင်သွေးလေးကိုလည်း ကောင်းကောင်းကာကွယ်နိုင်မှာပါ။ ဒီတော့ ဘေဘီလေးတွေကို ဘေးအန္တရာယ်ဖြစ်စေနိုင်မယ့် နေရာတွေကို ကြိုတင်သိထားအောင် ပြောပြပေးချင်ပါတယ်။

    ရင်သွေးလေးတွေကို ထိခိုက်စေနိုင်တဲ့ မိမိ အိမ်တွင်းက နေရာတွေ

  • ထမင်းစားခန်း – ထမင်းစားခန်းမို့ အန္တရာယ်မရှိဘူးလို့ မထင်လိုက်ပါနဲ့။ ထမင်းစားခန်းဟာ ရင်သွေးငယ်တွေကို အန္တရာယ်ပေးနိုင်တဲ့ နေရာတစ်ခုဖြစ်ပါတယ်။ အထူးသဖြင့် ထမင်းစားပွဲက ထိုင်ခုံတွေ၊ စကားပွဲခုံတွေနဲ့ ပူလောင်နေတဲ့ အစားအစာတွေဟာ ကလေးတွေနဲ့ ရင်သွေးတွေအတွက် အန္တရာယ်များတဲ့ နေရာတွေပါ။
  • လှေကား – လှေကားတွေဟာ ကလေးငယ်တွေအတွက် ဘယ်လောက် အန္တရာယ်များတယ်ဆိုတာ မိဘတိုင်း နားလည်ထားကြပြီးသားဖြစ်မယ်ထင်ပါတယ်။ အထပ်မြင့်လှေကားတွေကနေစလို့ အိမ်ရှေ့က အတက်အဆင်းလှေကားလေးတွေအထိ ကလေးတွေအတွက်တော့ အန္တရာယ်များလှပါတယ်။ ဖြစ်နိုင်ရင် လှေကားတွေကို ကာရံထားတာမျိုး လုပ်သင့်ပါတယ်။
  • အဝတ်လျှော် ပစ္စည်းများ – အဝတ်လျှော်စက်နဲ့ အဝတ်လျှော်ရာမှာ သုံးတဲ့ ဆပ်ပြာတွေ၊ ဆပ်ပြာမှုန့်တွေ အမွှေးဆီတွေဟာ ကလေးငယ်တွေကို ထိခိုက်စေနိုင်တဲ့အရာတွေပါ။ အထူးသဖြင့် ဓာတုဗေဒပစ္စည်းတွေနဲ့ ဖန်တီးထားတဲ့ ဆပ်ပြာလိုအရာတွေဟာ ရင်သွေးငယ်လေးတွေရဲ့ နုနယ်တဲ့ အရေပြားတွေကို ထိခိုက်စေနိုင်တဲ့ အရာတွေဖြစ်ပါတယ်။
  • ပရိဘောဂပစ္စည်းများ – ပရိဘောဂပစ္စည်းတွေကလည်း ရင်သွေးတွေနဲ့ ကလေးတွေကို ထိခိုက်နိုင်တဲ့ အန္တရာယ်ရှိတာပါပဲ။ ပြုတ်ကျတာမျိုး၊ တံခါးညပ်တာမျိုးတွေပေါ့။ သတိထားဖို့ လိုအပ်ပါတယ်။
  • အိပ်ယာ၊ ခုတင် – ပုံမှန် အိပ်စက်နေကြ၊ ကုတင်တို့ ပုခက်တို့ကိုလည်း သတိထားဖို့ လိုအပ်ပါတယ်။ အိပ်ယာတစ်ခုတည်းမှာ ရင်သွေးနဲ့ အတူအိပ်စက်တယ်ဆိုရင် Sudden Infant Death Syndrome ကို သတိထားဖို့ လိုအပ်မှာဖြစ်သလို ပုခက်တွေဘာတွေနဲ့ သိပ်တယ်ဆိုရင်လည်း ပြုတ်ကျနိုင်တဲ့ အန္တရာယ်မျိုးမဖြစ်အောင် သတိထားဖို့ လိုအပ်တာကြောင့်ဖြစ်ပါတယ်။
  • ဆေးဝါးသိမ်းဆည်းရာနေရာ – များသောအားဖြင့် ဆေးဝါးတွေကို နံရံကပ် ဗီဒိုတွေ၊ ဘူးတွေနဲ့ သိမ်းဆည်းကြတာများပါတယ်။ ဆေးဝါးတွေဟာ ဘေဘီလေးတွေ အလွယ်တကူ လက်လှမ်းမှီတဲ့ နေရာမျိုးတွေမှာ မရှိသင့်တာကတော့ အမှန်ပါပဲ။
  • အစားအစာ – အစားအသောက်တွေ ထားရှိတဲ့ ဗီဒိုတွေ၊ အိုးတွေ၊ ခွက်တွေကိုလည်း ဘေဘီလေးတွေ အလွယ်တကူ လှမ်းဆွဲလို့မရနိုင်တဲ့ နေရာတွေမှာ ထားရှိသင့်ပါတယ်။ တစ်ချို့သော အစားအစာတွေဟာ မတော်တဆယူငင် စားသောက်မိရင် နင်တာ၊ အသက်ရှူကျပ်တာတွေဖြစ်စေနိုင်တာကြောင့်ပါ။
  • မီးဖိုချောင် – အပူလောင်နိုင်တာတွေ၊ ထိခိုက်ရှနာ ဖြစ်စေနိုင်တာတွေ စုပြုံတည်ရှိနေတဲ့ မီးဖိုချောင်ကတော့ ဘေဘီလေးတွေ မရှိနေသင့်တဲ့ နေရာတစ်ခုပါပဲ။ ဒါတင်မကပါဘူး။ မီးဖိုချောင်ထဲက မသန့်ရှင်းတဲ့လေထုကလည်း ရင်သွေးတွေကို ထိခိုက်စေနိုင်ပါသေးတယ်။
  • အိမ်မွေးတိရိစ္ဆာန်ရှိရာနေရာတွေ – ရင်သွေးငယ်တွေကို အိမ်မွေးတိရိစ္ဆာန်တွေနဲ့လည်း ခပ်ဝေးဝေးမှာ နေစေသင့်ပါတယ်။ တိရိစ္ဆာတွေဆီကနေ မသန့်ရှင်းတဲ့ အမွှေးအမျှင်တွေ၊ ရောဂါပိုးမွှားတွေနဲ့ ထိခိုက်ရှနာဖြစ်စေနိုင်တဲ့ အန္တရာယ်တွေ ကြုံရနိုင်တာမို့ဖြစ်ပါတယ်။
  • ရေချိုးခန်း – ရေချိုးခန်းတွေထဲမှာ ရေချိုးချိန်နဲ့ သန့်စင်ပေးနေချိန်တွေကလွဲပြီး ကျန်အချိန်မှာ ရင်သွေးတွေကို မရှိနေစေသင့်ပါဘူး။ ချော်လဲတာမျိုး၊ မျက်လုံးထဲကို ဆပ်ပြာရည် ဒါမှမဟုတ် မသန့်ရှင်းတဲ့ အရည်တွေ ဝင်ရောက်နိုင်ချေမြင့်မားပါတယ်။
  • ဒီလိုနေရာလေးတွေက ရင်သွေးလေးတွေကို ထိခိုက်စေနိုင်ချေရှိတယ်ဆိုတာကို သိထားပြီဆိုတော့ ဘေးအန္တရာယ်ကင်းရှင်းအောင် ကြိုတင်ကာကွယ်ထားဖို့နဲ့ ဘေဘီလေးတွေကို ဂရုစိုက်ပေးဖို့ကတော့ ဖေဖေ၊ မေမေတို့ရဲ့ တာဝန်ပါပဲနော်။

    Hello Health Group သည် ဆေးပညာ အကြံပြုချက်များ ၊ ရောဂါရှာဖွေ အတည်ပြုချက်များ နှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Zon Aung မှ ရေးသားသည်။ · 21/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement