backup og meta

အမျိုးသမီးတွေလုပ်သင့်တဲ့ ကျန်းမာရေးစစ်ဆေးမှု ၅ ခု

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 18/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အမျိုးသမီးတွေလုပ်သင့်တဲ့ ကျန်းမာရေးစစ်ဆေးမှု ၅ ခု

    အမျိုးသမီးတွေဟာ အလုပ်အတွက်၊ အိမ်အတွက်၊ မိသားစုအတွက်၊ ကိုယ့်ရဲ့အလှအပအတွက် စတဲ့ ဘာကြောင့် ညာကြောင့် အကြောင်းရင်းတွေအတွက် အမျိုးသားတွေထက် အလုပ်ပိုများပါတယ်။ ဒါပေမယ့် ဘယ်လိုပဲအလုပ်များပါစေ ကိုယ့်ကျန်းမာရေးအတွက်အရေးပါတဲ့ ပုံမှန်ကိုယ်လက်လှုပ်ရှားမှုလုပ်တာ၊ စိတ်ဖိစီးမှုဖြေရှင်းတာတွေအပြင် မှန်ကန်တဲ့အစားအစာတွေကိုရွေးချယ်ဖို့ အလေ့အကျင့်လုပ်သင့်ပါတယ်။ ဖြစ်လာနိုင်တဲ့ ကျန်းမာရေးပြဿနာတွေကို စောစောသိရှိထားနိုင်ဖို့ ပုံမှန် ကျန်းမာရေး စစ်ဆေးမှု ခံယူဖို့လည်း လိုအပ်ပါတယ်။

    ဘာအတွက်ပဲ အလုပ်တွေများများ ကိုယ့်ကျန်းမာရေး ကိုယ်ပဲဂရုစိုက်မှ အသက်ရှည်နိုင်မှာပါ။ရောဂါတစ်ခုခုကိုစောစောသိလိုက်ရရင်နောက်ဆက်တွဲပြဿနာတွေကိုကြိုတင်ကာကွယ်နိုင်ပြီး ဘဝနေထိုင်မှုအနေအထားကို ပိုကောင်းမွန်စေပါလိမ့်မယ်။ ကိုယ့်မှာ ဘာကျန်းမာရေးပြဿနာတွေရှိနေလဲ၊ ဘာတွေဆင်ခြင်ဂရုစိုက်ရတော့မလဲ သိထားတဲ့သူတစ်ယောက်က တခြားသူတွေထက်အန္တရာယ်တွေကိုရှောင်ကွင်းနိုင်တဲ့အခွင့်အလမ်းပိုများပါတယ်။ ဒါ့ကြောင့် အမျိုးသမီးတွေပုံမှန်လုပ်သင့်တဲ့ ကျန်းမာရေး စစ်ဆေးမှု တွေထဲက အရေးကြီးဆုံး ၅ ခုကိုဖော်ပြလိုက်ပါတယ်။

    အမျိုးသမီးတွေလုပ်သင့်တဲ့ ကျန်းမာရေးစစ်ဆေးမှု ၅ ခု

    အမျိုးသမီးတွေလုပ်သင့်တဲ့ ကျန်းမာရေးစစ်ဆေးမှု

    လေဒီလေးတွေ ပုံမှန် လုပ်ဆောင်သင့်တဲ့ ကျန်းမာရေး စစ်ဆေးမှုလေးတွေရှိပါတယ်။

    # သားအိမ်ခေါင်းကင်ဆာ စစ်ဆေးမှု
    # ရင်သားကင်ဆာ စစ်ဆေးမှု
    # အရိုးပွရောဂါ စစ်ဆေးမှု
    # အူမကြီးကင်ဆာ စစ်ဆေးမှု
    # ဆီးချို၊ သွေးချို စစ်ဆေးမှု
    # BMI စစ်ဆေးမှု
    တွေက

    (၁) သားအိမ်ခေါင်းကင်ဆာစစ်ဆေးမှု

    အသက် ၂၁ နှစ်ကနေ ၆၅ နှစ်အတွင်း အမျိုးသမီးတွေဟာPap Test (သားအိမ်ခေါင်းချွဲမြှေးစစ်ဆေးခြင်း)ကို သုံးနှစ်တစ်ကြိမ်ခံယူသင့်ပါတယ်။သားအိမ်ခေါင်းအချွဲမြှေးစစ်ဆေးစဉ်အတွင်း ဆရာဝန်တွေက သားအိမ်ခေါင်းမှာ ရှိတဲ့ဆဲလ်တွေကို ညင်သာစွာခြစ်ထုတ်ယူပြီး ပုံမှန်မဟုတ်တဲ့ကြီးထွားမှုရှိမရှိစစ်ဆေးမှာဖြစ်ပါတယ်။ အသက် ၃၀ နဲ့အထက်ဆိုရင် HPV စစ်ဆေးမှုနဲ့ပေါင်းပြီး ငါးနှစ်တစ်ကြိမ်စစ်ဆေးလို့ရပါတယ်။ HPV ဗိုင်းရပ်စ်ဟာ သားအိမ်ခေါင်းကင်ဆာဖြစ်လာစေနိုင်တဲ့ရောဂါပိုးဖြစ်ပါတယ်။

    (၂) ရင်သားကင်ဆာစစ်ဆေးမှု

    အသက် ၄၀ကနေ ၇၅နှစ်အတွင်း အမျိုးသမီးတွေဟာ တစ်နှစ်တစ်ကြိမ် ဒီ စစ်ဆေးမှု ခံယူသင့်ပါတယ်။ မိသားစုထဲမှာ မျိုးဥအိမ်ကင်ဆာ သို့မဟုတ် ရင်သားကင်ဆာရှိသူ မျိုးရိုးရှိတယ်ဆိုရင် မမ်မိုဂရမ်စစ်ဆေးမှုကို အကြိမ်ရေပိုများများ ခံယူသင့်ပါတယ်။

    (၃) အရိုးပွရောဂါ စစ်ဆေးမှု

    အသက် ၆၅ နှစ်နဲ့အထက် အမျိုးသမီးတွေ စစ်ဆေးမှု ခံယူသင့်ပါတယ်။ မိသားစုမှာ အရိုးပွရောဂါ သို့မဟုတ် အရင်ကအရိုးကျိုးအက်မှုဖြစ်ခဲ့ဖူးတဲ့ မျိုးရိုးရှိတယ်ဆိုရင် တစ်နှစ်တစ်ကြိမ်စစ်ဆေးဖို့ ဆရာဝန်က အကြံပြုလာနိုင်ပါတယ်။

    အရိုးကျိုးအက်ဖူးတဲ့ မိသားစုမျိုးရိုးရှိတယ်ဆိုရင်၊သွေးဆုံးပြီးအမျိုးသမီးဆိုရင်၊ အရိုးသေးတဲ့ အရိုးပါးတဲ့သူတွေဖြစ်ရင်၊ဆေးလိပ်သောက်တာ၊ ကယ်လ်စီယမ်နဲ့ဗီတာမင်ဒီချို့တဲ့တာ၊ ကိုယ်လက်လှုပ်ရှားမှုနည်းတဲ့ အမျိုးသမီးတွေဆိုရင် အရိုးပွရောဂါဖြစ်လာနိုင်တဲ့ အန္တရာယ်ပိုများလို့ ပိုပြီးစောစောစစ်ဆေးသင့်ပါတယ်။

    (၄) အူမကြီးကင်ဆာ စစ်ဆေးမှု

    အူမကြီးကင်ဆာစစ်ဆေးမှုကို အသက် ၅၀ မှာ စတင်ခံယူသင့်ပါတယ်။ အူမကြီးအတွင်းကိုစစ်ဆေးဖို့ စအိုကနေပြွန်ထည့်ပြီး မှန်ပြောင်းစစ်ဆေးမှုဖြစ်ပါတယ်။ အူမကြီးမှန်ပြောင်းစစ်ဆေးမှုမှာ sigmoidoscopy ကို ၅ နှစ်တစ်ကြိမ် နဲ့colonoscopy ကို ၁၀ နှစ်တစ်ကြိမ် စစ်ဆေးမှုခံယူသင့်ပါတယ်။ အသက် ၅၀ အထက် အသက်ကြီးသူတွေမှာ အများဆုံးတွေ့ရတဲ့ရောဂါဖြစ်ပေမယ့် လူငယ်တွေမှာလည်းတွေ့ရနိုင်ပါတယ်။ ဖြစ်နိုင်ခြေများစေတဲ့ အန္တရာယ်အချက်တွေကတော့ အသက်ကြီးသူတွေ၊ အူမကြီးကင်ဆာမျိုးရိုးရှိတာ၊ အူရောင်ရောဂါ၊ အမျှင်ဓာတ်နည်းပြီး အဆီများတဲ့စားသောက်မှုပုံစံ၊ အထိုင်များခြင်း၊ ဆီးချိုရောဂါ၊ အဝလွန်ခြင်း၊ ဝမ်းဗိုက်ပိုင်းမှာ ဓာတ်ရောင်ခြည်ကုထုံးထိတွေ့မိခြင်းတို့ဖြစ်ပါတယ်။

    (၅) ဆီးချို၊သွေးချိုစစ်ဆေးခြင်း

    ပုံမှန်ကျန်းမာရေးစစ်ဆေးမှုအနေနဲ့ အမျိုးအစား ၂ ဆီးချိုရောဂါရှိမရှိကို ဆီး သို့မဟုတ်သွေးနမူနာ နဲ့သွေးတွင်းသကြားဓာတ်စစ်ဆေးသင့်ပါတယ်။ ကိုယ်အလေးချိန်များနေတာ သို့မဟုတ် အဝလွန်နေတဲ့ အသက် ၄၀ နဲ့ ၇၀ ကြားအမျိုးသမီးတွေမှာ ပိုအဖြစ်များပါတယ်။ အမျိုးအစား၂ ဆီးချိုရောဂါဟာ နှလုံးရောဂါဖြစ်စေနိုင်ဖို့ အန္တရာယ်အများဆုံးအကြောင်းရင်းခံတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် ဆီးချိုရောဂါဟာ စိတ်ကျရောဂါနဲ့ စားသောက်မှုမူမှန်ခြင်းကိုဖြစ်နိုင်ခြေပိုများစေနိုင်ပြီး ဒီနှစ်မျိုးလုံးဟာ အမျိုးသားတွေမှာထက် အမျိုးသမီးတွေမှာပိုအဖြစ်များတာတွေ့ရပါတယ်။ ကံကောင်းတာတစ်ခုကသွေးတွင်းသကြားဓါတ်ကိုထိန်းညှိပြီး ပုံမှန်အတိုင်းနေထိုင်လို့ရနိုင်သလို ဆီးချိုအကြိုလက္ခဏာအဆင့်မှာပဲ ထိန်းလို့ရနိုင်ပါတယ်။ ဒါပေမယ့် မဆင်ခြင်ရင်တော့ခြေလက်ဖြတ်တောက်ကုသရတာ၊ မျက်စိကွယ်တာ၊ အသက်ဆုံးရှုံးရတာတွေအထိဖြစ်စေနိုင်လောက်တဲ့အထိ အန္တရာယ်ကြီးပါတယ်။

    ဘာပဲဖြစ်ဖြစ် အရေးပါတဲ့တစ်ချက်ကျန်နေပါသေးတယ်။ အဲဒါကတော့ အလှအပအတွက်ရော ကျန်းမာရေးအတွက်ပါ အရေးကြီးတဲ့ ကိုယ်အလေးချိန်ထိန်းသိမ်းရေးပါပဲ။ အမျိုးသမီးတွေအနေနဲ့ ခန္ဓါကိုယ်ထုထည်ညွှန်းကိန်း (BMI) ကို အမြဲစစ်ဆေးနေဖို့လိုပါတယ်။ ရှိသင့်တာထက် ကိုယ်အလေးချိန်များနေတာ ၊အဝလွန်နေတာဆိုရင် ဆီးချို၊သွေးတိုး၊နှလုံးစတဲ့ရောဂါကြီးတွေဖြစ်လာနိုင်ဖို့ လမ်းဖွင့်ပေးသလိုဖြစ်နေနိုင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 18/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement