နဂါးမောက်သီးမှာ ကယ်လ်ဆီယမ် ပါဝင်နေတာကြောင့် ကိုယ်ဝန်ဆောင်ကာလမှာ အရိုးနဲ့ သွားတွေ ကြံ့ခိုင်သန်စွမ်းစေဖို့ အထောက်အကူ ပြုပေးသလို မွေးမလာသေးတဲ့ ဘေဘီလေးရဲ့ အရိုးတွေ ဖွံ့ဖြိုးမှုအတွက်လည်း အကောင်းဆုံး အထောက်အပံ့ ပေးနိုင်ပါတယ်။
သွေးအားနည်းရောဂါမဖြစ်အောင်ကာကွယ်ပေးနိုင်တယ်
နဂါးမောက်သီးမှာ သံဓာတ်နဲ့ ဗီတာမင် C ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ကိုယ်ဝန်ဆောင် ကာလအတွင်းမှာ သံဓာတ် ချို့တဲ့မှုကြောင့် သွေးအားနည်း ရောဂါ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
ဝမ်းမချုပ်အောင် ကာကွယ်ပေးနိုင်ပါတယ်
နဂါးမောက်သီးမှာ ပါတဲ့ အမျှင်ဓာတ်က အစာကြေစေနိုင်ပြီး အူတွေရဲ့ လှုပ်ရှားမှုကို ကောင်းစေနိုင်သလို ဝမ်းမှန်စေဖို့ အထောက်အပံ့ ပေးနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ကာလ ဝမ်းချုပ်တာကြောင့် ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲ ပြဿနာတွေကို အကောင်းဆုံး ကာကွယ်ပေးနိုင်ပါတယ်။ အစာခြေစနစ် ပြဿနာတွေကို ကာကွယ်ပေးပြီး အစာခြေစနစ်ကျန်းမာစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးနိုင်မှာပါ။
ရောဂါပိုးတွေကူးစက်ခံရမှုကနေ ကာကွယ်ပေးပါတယ်
အရသာရှိတဲ့ နဂါးမောက်သီးမှာ ဘက်တီးရီးယားတွေနဲ့ မှိုပိုးတွေကို တိုက်ဖျက်နိုင်တဲ့ အာနိသင် ရှိနေတာကြောင့် ကိုယ်ဝန်ဆောင်ကာလမှာ ဘက်တီးရီးယားတွေနဲ့ မှိုပိုးတွေ ကူးစက်ခံရမှုကနေ အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။ ဆဲလ်အသစ်တွေ ဖြစ်ပေါ်စေမှုကြောင့် ထိခိုက်မှုတွေကို အမြန်ဆုံး သက်သာစေနိုင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။