သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

အသီးအနှံကြိုက်တဲ့ လေဒီဗိုက်တို့ သိထားသင့်တဲ့အချက်အချို့

အသီးအနှံကြိုက်တဲ့ လေဒီဗိုက်တို့ သိထားသင့်တဲ့အချက်အချို့

အသီး တွေ စားရတာကို အရင်ကတည်းက ကြိုက်တာ။ ဒါပေမယ့် ကိုယ်ဝန်ဆောင်နေရတဲ့အချိန်မှာ ကိုယ်စားလိုက်တဲ့ အစားတစ်လုတ်ကြောင့် ဗိုက်ထဲက လူမမယ်ဘေဘီလေး ထိခိုက်သွားမလားဆိုပြီး စိုးရိမ်နေတဲ့ မေမေဗိုက်တွေ ရှိလား။ ဒါဆိုရင် ဒီဆောင်းပါးလေးက စဉ်းစားနေရသမျှကို အဖြေပေးနိုင်မှာပါ။

ကိုယ်ဝန်ဆောင်နေချိန်မှာ ဘယ်အသီးတွေစားလို့ ဘယ်အသီးတွေရှောင်ရမလဲ…….

ကိုယ်ဝန်ဆောင်နေချိန်မှာ ဘာစားစား ခံတွင်းမတွေ့ဘူး။ သစ်သီးတွေပဲ စားချင်နေတယ်၊ စားလို့ဖြစ်ပါ့မလားဆိုပြီး စိတ်ပူနေလား။ ဒါဆိုရင်တော့ တူတူဆက်ကြည့်ရအောင်နော် အသီးအနှံကြိုက်တဲ့ လေဒီဗိုက်တို့ ရေ ……….

ဒီအသီးတွေ ရှောင်ပါ

ကိုယ်ဝန်ဆောင်နေချိန်မှာ ဗိုက်ထဲက ဘေဘီလေးကျန်းမာစေဖို့ဆိုရင် မေမေတို့အနေနဲ့ ဒါတွေကို ဆင်ခြင်သင့်ပါတယ်။

(၁) နာနတ်သီး

ကိုယ်ဝန်ဆောင်နုချိန်မှာ ခဏရှောင်သင့်တဲ့ အသီးတစ်မျိုးပါ။ နာနတ်သီးမှာbromelain လို့ခေါ်တဲ့ အင်ဇိုင်းတစ်မျိုးပါဝင်နေတာကြောင့် သားအိမ်ကျုံ့ဆန့်မှုကိုဖြစ်စေနိုင်ပါတယ်။ အရင်က ကိုယ်ဝန်ပျက်ဖူးတဲ့ မေမေတွေ၊ ခုကိုယ်ဝန်မှာ ပျက်နိုင်ခြေများတဲ့ မေမေတွေ ရှောင်ထားသင့်ပါတယ်။

(၂) သင်္ဘောသီး

ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေပါတယ်ဆိုပေမယ့် ကိုယ်ဝန်ဆောင်မေမေတွေ သတိထားသင့်ပါတယ်။ အထူးသဖြင့် သင်္ဘောသီးအစိမ်းမှာ ပါဝင်တဲ့ ဓာတ်တစ်မျိုးက သားအိမ်ကြွက်သားကို ကျုံ့ဆန့်စေတာကြောင့် ကိုယ်ဝန်နုစဉ်မှာ မစားသင့်ပါဘူး။ အရင်က ကိုယ်ဝန်ပျက်ဖူးတဲ့ မေမေတွေ၊ ခုကိုယ်ဝန်မှာ ပျက်နိုင်ခြေများတဲ့ မေမေတွေ ရှောင်ထားသင့်ပါတယ်။

သင်္ဘောသီးအမှည့်ကတော့ စားလို့ရပါတယ်။

(၃) စပျစ်သီး

ကိုယ်ဝန်ဆောင်ချိန်မှာ စပျစ်သီးကို အလွန်အကျွံ မစားမိဖို့ပဲ လိုတာပါ။ လုံးဝကြီး ရှောင်စရာတော့ မလိုပါဘူး။ စပျစ်သီးက သကြားဓာတ်များတဲ့အတွက် ကိုယ်ဝန်ဆောင် ဆီးချိုသည်တွေ နည်းနည်းပဲစားပါ။ ရင်ပူတတ်သူတွေ လျှော့စားပါ။ ပိုးသတ်ဆေးမပါအောင် အခွံခွာစားပါ။ Resveratrol ပါဝင်မှုက သန္ဓေသားရဲ့ ပန်ကရိယကို ထိခိုက်စေတယ်ဆိုပေမယ့် ဒါကို အတိအကျ သက်သေမပြနိုင်သေးပါဘူး။

ဒီအသီးတွေစားပေးပါ

ကိုယ်ဝန်ဆောင်မေမေတွေ စားလို့ရတဲ့ အသီးတွေက

(၁) လိမ္မော်သီး

ရေဓာတ်ပြည့်ဝနေစေမှာပါ။ ဖောလိတ်ကြွယ်ဝစွာ ပါဝင်နေတာကြောင့် သန္ဓေသားရဲ့ ဦးနှောက်နဲ့ အာရုံကြောစနစ်ကို အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။ ဗီတာမင် C ပါဝင်နေတာကြောင့် ဆဲလ်တွေ ထိခိုက်ပျက်စီးမှုမရှိအောင် ကာကွယ်ပေးပါတယ်။ သံဓာတ်စုပ်ယူမှုလည်း ကောင်းစေနိုင်ပါတယ်။

(၂) ပန်းသီး

ရင်သွေးလေးရဲ့ ကိုယ်ခံအားကို တိုးစေနိုင်ပြီး ဘေဘီလေး သန်မာစေဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။ ပန်းသီးမှာ ဗီတာမင် A၊ ဗီတာမင် E၊ ဗီတာမင် D နဲ့ ဇင့်တို့ ပါဝင်နေတာကြောင့်မေမေရော ကလေးကိုပါကျန်းမာစေနိုင်မှာပါ။

(၃) ပန်းသစ်တော်သီး

ဖောလစ်အက်ဆစ်နဲ့ ဗီတာမင် C ကြွယ်ဝတာကြောင့် မေမေရော ဘေဘီလေးကိုပါ ကျန်းမာစေနိုင်ပါတယ်။

(၄) သြဇာသီး

သြဇာသီးမှာ ဘေဘီလေးရဲ့ မျက်လုံး၊ ဆံပင်။ အရေပြားနဲ့ ခန္ဓာကိုယ် တစ်ရှူးတွေကို ကြီးထွားစေနိုင်ဖို့ လိုအပ်တဲ့ ဗီတာမင် A နဲ့ ဗီတာမင် C တို့ကြွယ်ဝစွာပါဝင်နေတာကြောင့် ကိုယ်ဝန်ဆောင်မေမေတို့ စားပေးသင့်တဲ့ အသီး တစ်မျိုးပါ။

(၅) သလဲသီး

ကယ်လ်ဆီယမ်၊ ဖောလိတ်၊ သံဓာတ်၊ ပရိုတင်း၊ ဗီတာမင် C တို့ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ကိုယ်ဝန်ဆောင်မေမေတွေ စားပေးသင့်တဲ့ အသီး တစ်မျိုးပေါ့။

(၆) ထောပတ်သီး

အခြားသစ်သီးတွေထက် ဖောလိတ်ပိုမိုကြွယ်ဝတဲ့ အသီး တစ်မျိုးပေါ့။ ထောပတ်သီးမှာ ဗီတာမင် C၊ ဗီတာမင် B၊ ဗီတာမင် K၊ အမျှင်ဓာတ်၊ ကိုလင်း၊ မဂ္ဂနီဆီယမ် နဲ့ ပိုတက်ဆီယမ်တို့ ကြွယ်ဝစွာပါဝင်နေသလို သံဓာတ်လည်းကြွယ်ဝစွာပါဝင်နေတာကြောင့် ဘေဘီလေးရဲ့ ဦးနှောက်နဲ့အာရုံကြောကို ဖွံ့ဖြိုးစေနိုင်ပါတယ်။ ဘေဘီလေးကို မှတ်ဉာဏ်ကောင်းစေမှာ အသေအချာပါ။

(၇) သရက်သီး

သရက်သီးမှာ ဗီတာမင် C ကြွယ်ဝစွာပါဝင်တာကြောင့် အစာကြေစေနိုင်ပြီး ကိုယ်ဝန်ဆောင်ချိန် ဝမ်းချုပ်တာကို ကာကွယ်ပေးပါတယ်။ ရောဂါပိုးတွေ ကူးစက်ခံရမှုကနေလည်း အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။

(၈) စတော်ဘယ်ရီ

ဗီတာမင်၊ အမျှင်ဓာတ်နဲ့ ဖောလိတ်တို့ ကြွယ်ဝစွာပါဝင်နေသလို မဂ္ဂနိစ်နဲ့ ပိုတက်ဆီယမ်တို့ ကြွယ်ဝတာကြောင့်ဘေဘီလေးကို အရိုးတွေ ကြံ့ခိုင်ဖွံ့ဖြိုးစေနိုင်မှာပါ။

အသီးအနှံကြိုက်တဲ့ လေဒီဗိုက်တို့ အနေနဲ့ ကိုယ်ဝန်ဆောင်ထားရချိန်မှာ အခုပြောပြခဲ့တာလေးတွေကို သတိထားကြဖို့ တိုက်တွန်းပါရစေ……

health-tool-icon

မွေးဖွားမယ့်ရက် တွက်ချက်ခြင်း

ဒီတွက်ချက်တဲ့ ကိရိယာကို အသုံးပြုပြီး ကလေးမွေးဖွားမယ့်ရက်ကို တွက်ချက်နိုင်ပါတယ်။ အတိအကျဖြစ်မယ်လို့တော့ အာမမခံနိုင်ပါဘူး။ အနီးစပ်ဆုံး ခန့်မှန်းတွက်ချက်ပေးမှာ ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင် မိခင်အနေနဲ့ ခန့်မှန်းရရှိလာတဲ့ ရက်ရဲ့ မတိုင်ခင် သီတင်းတစ်ပတ်အတွင်း သို့မဟုတ် သီတင်းတစ်ပတ်အကျော်မှာ မွေးဖွားနိုင်ပါတယ်။

ရာသီစက်ဝန်း ကြာချိန်

28 ရက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Aye Thi Mon မှ ရေးသားသည်။ 9 နာရီ အကြာက တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Dr. Thurein Hlaing Win မှ အချက်အလက် စစ်ဆေးထားပါသည်။