ရေလုံလောက်အောင်သောက်ပါ
မိခင်ရော ကလေးပါကျန်းမာစေဖို့ ကိုယ်ဝန်ဆောင်မေမေတွေက ပုံမှန်ထက်ရေဓါတ်ပြည့်ဝနေဖို့ လိုပါမယ်။ ဒါကြောင့် ရာသီဥတုအေးနေပေမယ့်လည်းရေကို လုံလောက်အောင်သောက်ဖို့မမေ့ပါနဲ့။ ဒါမှ မအီမသာဖြစ်တာ၊ခေါင်းကိုက်တာ၊ မူးဝေတာတွေ ကင်းစေမှာပါ။ရေပဲသောက်မနေချင်ဘူးဆိုရင် အုန်းစိမ်းရည်သောက်ပေးလို့ရပါတယ်။
ချော်မလဲစေဖို့ သတိထားပါ
မိုးရာသီရဲ့ စိုစွတ်မှု၊ရေညှိတွေပေါက်ဖွားမှုကြောင့် မတော်တဆချော်လဲတာမျိုးဖြစ်နိုင်ပါတယ်။ ဒါကြောင့် မိုးတွင်းမှာ တစ်ယောက်တည်း မသွားပါနဲ့။ချော်နိုင်တဲ့နေရာတွေကို တတ်နိုင်သမျှရှောင်ပေးပါ။ မိုးတွင်းစီးဖိနပ်ကောင်းကောင်းလေးစီးပေးပါ။
မိုးမမိပါစေနဲ့
မိုးမိတဲ့အခါဆေးသောက်ဖို့ မလွယ်ပါဘူး။ ဒီတော့ မိုးမိတာကြောင့်ဖြစ်လာမယ့် ရောဂါတွေကို ကာကွယ်ဖို့အတွက် အစောကတည်းက မိုးမမိအောင်ကာကွယ်ဖို့လိုပါမယ်။ ကိုယ်ဝန်ဆောင်မေမေတွေကဆေးသောက်တဲ့အခါဘေဘီလေးကိုထိခိုက်တာမျိုးဖြစ်လာနိုင်တာကြောင့် မိုးမမိအောင် ဂရုစိုက်ပေးပါ။
ရေပုံမှန်ချိုးပါ
မိုးရွာတာမှန်ပေမယ့် တစ်ကိုယ်ရေသန့်ရှင်းရေးကိုလည်း ဂရုမစိုက်လို့ မဖြစ်ပြန်ပါဘူး။ ဒီတော့ တစ်ကိုယ်ရေသန့်ရှင်းရေးအတွက် အရေးကြီးတဲ့အချက်တစ်ခုဖြစ်တဲ့ရေချိုးတာကိုမေ့မထားပါနဲ့။ တစ်နေ့ကိုတစ်ကြိမ်တော့ရေချိုးသန့်စင်ပေးပါ။
အဝတ်အစား သက်တောင့်သက်သာရှိပါစေ
အဝတ်အစားကလည်း အရေးကြီးပါတယ်။ မိုးရွာတာကြောင့် အပူချိန်လျော့သွားတာမှန်ပေမယ့် စိုထိုင်းဆမျာေးနတဲ့ အနေအထားက သင့်ကိုချွေးပြန်စေမှာ အသေအချာပါ။ ဒါကြောင့် အရမ်းထူတဲ့အဝတ်အစားမျိုးတွေကို မဝတ်ပါနဲ့။ချောင်ချောင်ချိချိနဲ့ သက်တောင့် သက်သာရှိတာမျိုးကို ဝတ်ဆင်ပေးပါ။ချွေးမစုပ်တဲ့အဝတ်အစားတွေက အရေပြားပြဿနာတွေဖြစ်စေနိုင်တာကြောင့် သတိထားစေချင်ပါတယ်။
နေအိမ်ကို သန့်ရှင်းအောင်ထားပါ
နေအိမ်မှာ မှိုနဲ့ ဘက်တီးရီးယားတွေပေါက်ဖွားနေနိုင်တာကြောင့် အရေပြားပြဿနာတွေဖြစ်နိုင်သလို အအေးမိတုပ်ကွေး တွေ နှာစေးနှာပိတ်တာတွေဖြစ်နိုင်ပါတယ်။ ဒါကြောင့် မိုးတွင်းမှာမေမေလောင်းတွေအနေနဲ့နေရာထိုင်ခင်းကို သန့်ရှင်းအောင်ထားဖို့ မမေ့သင့်ပါဘူး။
ရာသီတိုင်းမှာ သတိထားရမှာဆိုပေမယ့် မိုးကျလာရင်ခြင်တွေကို ပိုသတိထားရတာက အမြဲလိုလိုပါ။ ဒါကြောင့်ခြင်ကိုက်မခံရအောင် အဝတ်အစားကို လုံလုံခြုံခြုံဝတ်ဆင်ပေးပြီးခြင်ကင်းစင်တဲ့ ပတ်ဝန်းကျင် ဖန်တီးဖို့လည်း မမေ့ဖို့ပြောပါရစေ။
အခုမိုးရာသီမှာ ဒီအချက်လေးတွေကို ဂရုစိုက်လို့ဆေးသောက်ဖို့ခက်တဲ့လေဒီမေမေတို့ ကိုယ့်ကျန်းမာရေးကို ကိုယ်ဂရုစိုက်ကြပါလို့ အကြံပြုရင်း………….
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။