အစားအစာကို အချိန်အကန့်အသတ်နဲ့စားမယ်
လူတစ်ယောက်အနေနဲ့ အမြဲကျန်းမာနေစေဖို့ဆိုရင် တစ်နေ့တာမှာ အစားအသောက်ကို အချိန်အတိုင်းအတာတစ်ခုသတ်မှတ်လို့ သတ်မှတ်ထားတဲ့ ကာလအတွင်းမှာပဲ စားပေးသင့်ပါတယ်။ ဥပမာ မနက် ၆ နာရီကနေ ညနေ၆ နာရီအတွင်းပဲ အစားစားတာမျိုးပေါ့။ ဒီလိုစားသုံးမှုက ခန္ဓါကိုယ်ရဲ့ ဇီဝဖြစ်စဉ်အပေါ်မှာကောင်းကျိုးပိုသက်ရောက်စေနိုင်သလို ကယ်လ်လိုရီလျှော့စား ထက်ပိုပြီးထိရောက်မှုရှိပါတယ်၊ လို့ သုတေသီတွေကဆိုပါတယ်။