ရေများများသောက်ပါ – ဒါကတော့ရေမြွှာရည်များစေမယ့် အလွယ်ကူဆုံးနည်းလမ်းပါ။ ကိုယ်တွင်းရေပမာဏတိုးလာလေလေရေမြွှာရည်က တိုးလာလေလေပါ။ ဒါကြောင့်ရေသောက်မပျင်းပါနဲ့။
အရည်ဓါတ်များတဲ့ အသီးတွေစားပေးပါ – ကိုယ်ဝန်ဆောင်ချိန်မှာ အရည်ဓါတ်များတဲ့ အသီးအနှံတွေစားပေးတာကရေမြွှာရည်မနည်းစေဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်မှာပါ။
အယ်လ်ကိုဟောပါတာတွေကိုရှောင်ပါ – အယ်လ်ကိုဟောပါတာတွေက ကိုယ်တွင်းရေဓါတ်ကိုဆုံးရှုံးစေတဲ့အရာတစ်ခုပါ။ ဒါကြောင့်ကိုယ်ဝန်ဆောင်မေမေတို့အနေနဲ့ ခန္ဓါကိုယ်မှာရေဓါတ်ဆုံးရှုံးပြီးရေမြွှာရည်နည်းတာမျိုးမဖြစ်စေဖို့ အယ်လ်ကိုဟောပါတဲ့သောက်စရာတွေကိုရှောင်ပါ။
ကဖင်းရှောင်ပါ – ကဖင်းကလည်း အယ်လ်ကိုဟောလိုပါပဲ။ ဒါကြောင့်ရေဓါတ်ဆုံးရှုံးမှုဖြစ်ပြီး ရေမြွှာရည်မနည်းစေချင်ဘူးဆိုရင် ကဖင်းပါတဲ့ စားစရာသောက်စရာတွေကိုရှောင်ရပါမယ်။
ဆေးဖက်ဝင်သောက်စရာတွေကိုရှောင်ပါ – ဂျင်ဆင်းလက်ဖက်ရည်လိုမျိုးဆေးဖက်ဝင်တယ်ဆိုတဲ့သောက်စရာတွေကိုလည်း ကိုယ်ဝန်ဆောင်မေမေတို့အနေနဲ့ရှောင်သင့်ပါတယ်။ ဒီလိုသောက်စရာတွေက ဆီးခဏခဏသွားစေပြီး ကိုယ်တွင်းကရေဓါတ်ဆုံးရှုံးစေနိုင်တာကြောင့်ပါ။
လေ့ကျင့်ခန်းပုံမှန်လုပ်ပေးပါ -ပေါ့ပေါ့ပါးပါးလေ့ကျင့်ခန်းလေးတွေ ပုံမှန်လုပ်ပေးတာက ခန္ဓါကိုယ်ကအစိတ်အပိုင်းတွေဆီသွေးစီးဆင်းရောက်ရှိမှုကောင်းစေနိုင်သလို အချင်းနဲ့ သားအိမ်ဆီကိုသွေးရောက်ရှိမှုတိုးစေပြီးရေမြွှာရည်ကိုတိုးစေဖို့ ထောက်ပံ့ပေးနိုင်ပါတယ်။ ဒါကြောင့် ပုံမှန်လမ်းလျှောက်ပေးတာမျိုး ကိုယ်ဝန်ဆောင်ယောဂလေ့ကျင့်တာမျိုးလုပ်ပေးပါ။
ဘာတွေစားရမလဲ….
ရေမြွှာရည်နည်းတဲ့မေမေတို့အနေနဲ့ရေမြွှာရည်တိုးစေဖို့ဆိုရင်
- သခွားသီး၊
- ဆလတ်ရွက်၊
- ဟင်းနုနွယ်၊
- မုန်လာဥဖြူ၊
- ပန်းဂေါ်ဖီစိမ်း၊
- ပန်းဂေါ်ဖီ
- စတော်ဘယ်ရီ၊
- ဖရဲသီး၊
- ခရမ်းချဉ်သီး၊
- သခွားမွှေး၊
- စပျစ်သီး၊
- အုန်းစိမ်းရည်စတာတွေလည်း စားပေးလို့ရပါတယ်။
Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။