ရေမြွာ ဆိုတာက အရည်တွေနဲ့ ပြည့်နေတဲ့ အိတ်လေးပါ။ ရေမြွာအိတ်ကလေးက ဘေဘီလေး အတွက် အိမ်ကလေးပေါ့။ ဘေဘီလေးရဲ့ ရှင်သန်ကြီးထွားမှုကို ထောက်ပံ့ပေးနေတဲ့ စနစ်ရဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်တဲ့ ရေမြွာရည်တွေက သားအိမ်ထဲက သန္ဓေသား လေးကို ဖုံးလွှမ်းပေးထားပါတယ်။ ရေမြွာအိတ်ဟာ တစ်ခါတလေမှာ အရည် နည်းလွန်းတာတွေ၊ များလွန်းတာတွေ ဖြစ်တတ်ပြီး ဒါတွေက အချင်းကို ပိုးဝင်စေပါတယ်။
ရေမြွာရည်ပိုးဝင်ကူးစက်ခြင်း
ရေမြွာရည်ပိုးဝင်ကူးစက်ခြင်း ဆိုတာက သန္ဓေသား၊ ချက်ကြိုး၊ အချင်းတို့ကို ကာကွယ်ပေးထားတဲ့ ရေမြွာအိတ်ရဲ့ အမြှေးပါး ဒါမှမဟုတ် အရည်ထဲကို ဝင်ရောက် ကူးစက်တာပါ။ ဒီ ကူးစက်မှုက မိခင်ရော ကလေးကိုပါ ထိခိုက်စေနိုင်ပါတယ်။ များသောအားဖြင့် မိန်းမကိုယ်ကနေတဆင့် ဘက်တီးရီးယားတွေ ကူးစက်တာကြောင့် ဖြစ်ရတာပါ။ E. coli ဒါမှမဟုတ် B streptococci အမျိုးအစား ဘက်တီးရီးယားတွေ ကူးစက်ခံရတာကြောင့် ဖြစ်တာပါ။ ကိုယ်ဝန်ဆောင်ကာလ ၃၅ ပတ်လောက်မှာ စစ်ဆေး သိရှိ နိုင်ပါတယ်။
ဘယ်လောက်ထိ အဖြစ်များလဲ
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။