ရုပ်ရှင်ထဲမှာ မင်းသမီးအန်နေပြီဆိုရင် ကိုယ်ဝန်ရှိဖို့ ၉၉ရာခိုင်နှုန်းသေချာပါတယ်။ အပြင်မှာလည်း နေလို့မကောင်းဘူး။ အန်တယ်။ ပျို့တယ်ဆိုရင် ကိုယ်ဝန်ရှိနေလားဆိုပြီး အရင်စဥ်းစားကြပါ တယ်။ ကိုယ်ဝန်ဆောင်တွေ မှာ ပျို့တာ၊ အန်တာကပုံမှန်ပါပဲ။ ဒါကို Morning sicknessလို့ခေါ်ပါတယ်။ Morning ဆိုပေမယ့် တစ်နေကုန်အန်ချင်လည်း အန်နိုင်ပါတယ်။ ၁ရာခိုင်နှုန်းလောက်ကတော့ အပြင်းအထန်အန်တာ၊ ပျို့တာ ဖြစ်နိုင်ပါတယ်။ ဒါကို hyperemesis gravidarum (HG)လို့ခေါ်ပါတယ်။ ပြင်းထန်လွန်းလို့အစားမဝင်တာ၊ ရေမဝင်တာအထိဖြစ်တတ်ပါတယ်။ သိပ်ဆိုးရင် ဆေးရုံတက်ရတဲ့အထိ ဖြစ်တတ်ပါတယ်။