ကိုယ်ဝန်ဆောင်မေမေ ကိုက်ကင်းသုံးတဲ့အခါသွေးစီးဆင်မှုကနေတဆင့်ဘေဘီလေးဆီရောက်ရှိသွားမှာပါ။ ကိုကင်းရဲ့ အခြားမူးယစ်ဆေးတွေနဲ့မတူတာကမေမေဆီမှာ သက်ရောက်မှုနည်းပြီးဘေဘီလေးဆီမှာ သက်ရောက်မှုအားများနေတာပါ။ ကိုယ်ဝန်အစောပိုင်းကာလမှာ ကိုကင်းသုံးမယ်ဆိုရင် ကိုယ်ဝန်ပျက်ကျနိုင်ခြေများပါတယ်။ ကိုယ်ဝန်ဆောင်နောက်ပိုင်းကာလမှာ ကိုကင်းသုံးမယ်ဆိုရင် အချင်းကွာကျတာ၊သွေးဆင်းတာ၊ လမစေ့ဘဲမွေးတာ၊ သန္ဓေသားသေဆုံးတာမျိုးတွေဖြစ်စေနိုင်ပါတယ်။
ကိုယ်ဝန်ဆောင်မေမေ ဘိန်းဖြူသုံးရင်……..
စွဲလမ်းစေတတ်တဲ့ ဘိန်းဖြူက အချင်းကနေဆင့် ကလေးဆီရောက်ရှိသွားမှာပါ။မေမေက ကိုယ်ဝန်ဆောင်ချိန်မှာ ဘိန်းဖြူသုံးမိမယ်ဆိုရင်ပေါင်မပြည့်တာ၊ လမစေ့တာ၊ အသက်ရှုရခက်တာ၊သွေးတွင်းသကြားဓာတ်ကျတာ၊ ဦးနှောက်ထဲမှာသွေးယိုစီးတာ၊ သန္ဓေသားသေဆုံးတာမျိုးတွေဖြစ်နိုင်ပါတယ်။
ကိုယ်ဝန်ဆောင်မေမေ မက်သာဖက်တမင်းသုံးရင်…….
ဒီဆေးကမေမေရောဘေဘီလေးကိုပါ နှလုံးခုန်နှုန်းမြန်စေနိုင်ပါတယ်။ မက်သာဖက်တမင်းကမေမေထက် ကလေးဆီမှာ သက်ရောက်မှုများပါတယ်။ ကလေးဆီအောက်ဆီဂျင်ရောက်ရှိမှုနည်းစေနိုင်ပြီး ကလေးကိုပေါင်မပြည့်ဘဲမွေးတာမျိုးဖြစ်စေနိုင်ပါတယ်။ လမစေ့ဘဲမွေးတာ၊ အချင်းကွာတာ၊ ကိုယ်ဝန်ပျက်ကျတာတွေဖြစ်နိုင်ပါတယ်။ တကယ်လို့ ကလေးကမွေးဖွားလာခဲ့ရင်လည်း မအိပ်တာ၊ ကြွက်သားတွေ အကြောဆွဲတာ၊ အစားအစာကျွေးတဲ့အခါ အခက်အခဲရှိတာမျိုးတွေဖြစ်နိုင်ပါတယ်။ ကလေးကအရွယ်ရောက်လာတဲ့အခါမှာလည်း သင်ယူမှုပိုင်းမှာ အခက်အခဲဖြစ်တာမျိုးတွေရှိနိုင်ပါတယ်။
ကိုယ်ဝန်ဆောင်မေမေတွေကက မူးယစ်ဆေးမပြောနဲ့ ကဖင်းနဲ့ တစ်ဆင့်ခံဆေးလိပ်ငွေ့ကိုတောင် မခံမိအောင်နေရမယ့်အနေအထားမှာ မူးယစ်ဆေးသုံးတယ်ဆိုတာက ကိုယ်တိုင်အတွက်ရောဘေဘီလေးအတွက်ပါ အဆိပ်အတောက်ပါ။ ဒါကြောင့် ကိုယ်ကိုယ်တိုင် ကိုယ့်ရင်သွေးလေးကို အဆိပ်ခတ်မိတဲ့သူမဖြစ်စေဖို့ မူးယစ်ဆေးကိုဝေးဝေးရှောင်ပါလို့ပြောပါရစေ……
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။