မိဘရယ်လို့ ဖြစ်လာပြီဆိုရင် ကိုယ့်ကလေး ကျန်းကျန်းမာမာ ကြီးပြင်းလာနိုင်ဖို့အတွက် အစစ အရာရာ ဂရုစိုက်ပေးဖို့ လိုလာပါတယ်။ ကိုယ့်ကလေးကို ဉာဏ်ကောင်းစေချင်တယ်။ ကျန်းမာပြီး သန်စွမ်းစေချင်တယ်။ အရပ်ရှည်ြပီး ခန္ဓါကိုယ်ကြီးထွားဖွံ့ဖြိုးစေချင်တယ်။ ဒါတွေကတော့ ပြောစရာတောင် မလိုတဲ့ မိဘတွေရဲ့ စေတနာမေတ္တာတွေပါပဲ။