backup og meta

ကလေးအတွက် ဘာရွေးမလဲ....အားဆေးလား...၊ ဖြည့်စွက်စာလား .....

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 21/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးအတွက် ဘာရွေးမလဲ....အားဆေးလား...၊ ဖြည့်စွက်စာလား .....

    ကိုယ့်ကလေးက အိပ်နေတာလေးကိုကြည့်ရင်းတောင် သနားလိုက်တာဆိုပြီးဖြစ်တတ်တာကမေတ္တာတရားကြီးမားတဲ့မေမေတို့မဟုတ်လား။ ကလေးကဆော့ရင်းမောလို့ အိပ်သွားရင်တောင်မှတော်တော်ပင်ပန်းနေလား မသိဘူး။ သနားပါတယ်ဆိုပြီးဖြစ်တတ်တယ်ဟုတ်။ ဒီခံစားချက်ကိုမေမေဖြစ်ဖူးသူတွေပဲနားလည်မှာပါနော်။ ဘယ်သူတွေဘယ်လောက်ချစ်ချစ် ဝမ်းနဲ့လွယ်မွေးထားရတဲ့ သားသမီးတွေကို အချစ်ဆုံးက မိခင်တွေပါပဲ။မေမေဖြစ်လာရင် ကိုယ့်အတွက်ထက် သားသမီးအတွက် အရင်ဆုံးစဉ်းစားမိတယ်ဟုတ်။မေမေတို့စဉ်းစားမိတဲ့အချက်တွေထဲကတစ်ခုကို ဒီဆောင်းပါးလေးထဲမှာ တူတူဆွေးနွေးကြည့်ရအောင်နော်။

    မေမေတို့စဉ်းစားမိတဲ့အချက်တွေထဲကတစ်ခု

    မေမေတွေက ကိုယ့်သားသမီးကို ဘယ်သူနဲ့ယှဉ်ယှဉ် မသာရင်တောင်အောက်မကျစေချင်တဲ့သူတွေပေါ့။ ဒီစိတ်ကူးတွေကို အကောင်အထည်ဖော်ဖို့လုပ်ပေးတဲ့ မေ့မထားသင့်တဲ့သူတွေကတော့ဖေဖေတို့ပေါ့။မေမေဖေဖေတို့က ကိုယ့်သားသမီးကို အမြဲ ကျန်းမာပျော်ရွှင်နေစေချင်သလို ကလေးက အခြားကလေးတွေနဲ့ယှဉ်လိုက်ရင် ညှက်နေမှာကိုလည်း စိုးရိမ်တတ်ကြပါသေးတယ်နော်။ ဒီအချိန်မှာမေမေတို့ ကလေးညှက်နေတာကိုဖြေရှင်းဖို့ စဉ်းစားမိနိုင်တဲ့ နည်းလမ်းတစ်ခုရှိနေတတ်ပါတယ်နော်။ ဒါကတော့ အားဆေးတိုက်ရင်ကောင်းမလားဆိုတာပါ။

    ကလေးကို ထွားစေဖို့ဘာရွေးရမလဲ…….ဖြည့်စွက်စာလား……… အားဆေးလား

    ကလေးတစ်ယောက်က ပထမ ၆ လမှာမေမေ့နို့ချိုကနေ လိုအပ်တဲ့အာဟာရတွေကို အပြည့်အဝရရှိပါတယ်။ ၆ လနောက်ပိုင်းရောက်လာတဲ့အခါ လိုအပ်တဲ့ အာဟာရလိုအပ်ချက်ပြည့်မီဖို့မေမေ့နို့အပြင်ဖြည့်စွက်စာတွေကိုပါမှီခိုလာရပါတယ်။ ဒီအချိန်မှာ ကလေးကမေမေ့နို့ကိုလည်းသောက်မယ်။ဖြည့်စွက်စာကိုလည်းစားမယ်ဆိုပေမယ့် အပြောင်းအလဲမှာ မှန်းထားသလောက်တက်မလာတာမျိုးဖြစ်နိုင်ပါတယ်။ ဒါက ကလေးကမကျန်းမာလို့ဖြစ်တာမဟုတ်ဘဲ အပြောင်းအလဲကြောင့်ဖြစ်တဲ့ သဘောပါ။ ဒီလိုအချိန်မှာ အားဆေးတိုက်မယ့်အစား အာဟာရပြည့်ဝတဲ့ဖြည့်စွက်စာလေးကျွေးတာက အဆင်ပြေဆုံးဖြစ်မှာပါ။

    ကလေးက အသက် ၄ လကနေ ၆လောက်ရောက်လာချိန်မှာ အရည်သောက်နေရာကနေ solid food ကိုစပြောင်းပြီဆိုတော့ အစားအသောက်ပြောင်းလဲမှုကြောင့် ကလေးရဲ့ ခန္ဓါကိုယ်မှာပြောင်းလဲမှုအနည်းငယ်ရှိနိုင်ပါတယ်။ ဒီအချိန်မှာမေမေတို့အကောင်းဆုံးလုပ်ပေးသင့်တာက ကလေးကို အာဟာရပြည့်ဝစွာပါဝင်တဲ့ဖြည့်စွက်စာလေးပြင်ဆင်ပေးဖို့ပါ။ အားဆေးထက်ဖြည့်စွက်စာက အကောင်းဆုံးဖြစ်မှာပါ။

    ကလေးအတွက် အသင့်တော်ဆုံးဖြစ်မယ့်ဖြည့်စွက်စာ

    ကလေးကိုကျန်းမာပျော်ရွှင်စွာ အရွယ်ရောက်ကြီးပြင်းစေချင်တယ်ဆိုရင်တော့ ကလေးကိုဖြည့်စွက်စာကျွေးချိန်မှာလိုအပ်တဲ့ အာဟာရတွေပြည့်ဝစွာပါဝင်အောင်ကျွေးရပါမယ်။ ဒီတော့မေးစရာရှိလာမှာက ကလေးကိုကျွေးမယ့်ဖြည့်စွက်စာထဲမှာ ဘာတွေပါရမလဲဆိုတာပေါ့။

    ကလေးအတွက် အသင့်တော်ဆုံးဖြည့်စွက်စာဖြစ်စေဖို့ ဘာတွေလိုအပ်လဲ

    ကလေးတစ်ယောက်ကို အာဟာရပြည့်ဝအောင်ဖြည့်တင်းပေးချင်တယ်ဆိုရင်တော့ ကလေးကိုကျွေးမယ့်အာဟာရထဲမှာ ဒါတွေပါဖို့လိုအပ်ပါမယ်နော်။

    lcFos – အစာခြေစနစ်က အကျိုးပြုဘက်တီးရီးယားလေးတွေကို အာဟာရဖြည့်တင်းပေးတဲ့ အကျိုးပြုဘက်တီးရီးယားအာဟာရပါ။ အစာခြေစနစ်ကျန်းမာပြီး ကိုယ်ခံအားကောင်းစေဖို့ အထောက်အပံ့ပေးပါတယ်။

    DHA – ကလေးရဲ့ အမြင်အာရုံနဲ့ဦးနှောက်ဖွံ့ဖြိုးမှုကိုအကောင်းဆုံးထောက်ပံ့ပေးတဲ့ Omega 3 fatty acid တစ်မျိုးပေါ့။ ဉာဏ်ကောင်းတဲ့ ကလေးအဖြစ်ကြီးပြင်းလာစေမှာပါ။

    ကယ်လ်ဆီယမ် – သွားနဲ့အရိုးတွေ ကြံ့ခိုင်သန်စွမ်းစေဖို့ လိုအပ်တဲ့ သတ္တုဓါတ်တစ်မျိုးပါ။

    ဗီတာမင် B12 – ခန္ဓါကိုယ်မှာသွေးနီဥဆဲလ်တွေကိုဖြစ်ပေါ်စေပြီး ခန္ဓါကိုယ်နေရာအနှံ့ကိုအောက်ဆီဂျင်တွေပေးပို့ပေးပါတယ်။

    သံဓါတ် -သွေးအားနည်းရောဂါကနေကာကွယ်ပေးပြီး ခန္ဓါကိုယ်ကိုအားပြည့်စေပါတယ်။ခန္ဓါကိုယ်မှာသွေးနီဥဆဲလ်တွေကိုဖြစ်ပေါ်စေပြီး ခန္ဓါကိုယ်နေရာအနှံ့ကိုအောက်ဆီဂျင်တွေပေးပို့ပေးပါတယ်။

    ဒါတွေအပြင်ကို ကလေးကိုပြင်ဆင်ပေးတဲ့ဖြည့်စွက်စာထဲမှာ ဗီတာမင်အေ၊ ဗီတာမင် စီ၊ ဗီတာမင် အီးတို့လိုမျိုး ကလေးရဲ့ဦးနှောက်နဲ့ အမြင်အာရုံကို ဖွံ့ဖြိုးစေတဲ့ ဗီတာမင်အုပ်စုတွေပါဝင်နေဖို့လိုအပ်ပါသေးတယ်။ အိုင်အိုဒင်းနဲ့ဗီတာမင် အီးတို့ကိုလည်းမေ့မကျန်ခဲ့ပါစေနဲ့နော်။ ဒါလေးတွေပြည့်စုံစွာပါဝင်တဲ့ဖြည့်စွက်အာဟာရက အားဆေးထက် ကလေးကြီးထွားဖွံ့ဖြိုးမှုကို အကောင်းဆုံးအားဖြည့်ပေးနိုင်မှာပါနော်။

    ဘယ်လိုအခြေအနေမှာ အားဆေးတိုက်ပေးဖို့လိုမလဲ

    ကလေးနေ့စဉ်စားသုံးလိုက်တဲ့ အစားအစာတွေထဲမှာ လိုအပ်တဲ့အာဟာရတွေပါဝင်ပြီးသားမို့ အားဆေးကို သီးသန့်ကြီးတိုက်ဖို့ မလိုဘူးဆိုပေမယ့် ဒီလိုအခြေအနေမျိုးဆိုရင်တော့ အားဆေးတိုက်တာအဆင်ပြေဆုံးဖြစ်မှာပါ။

    • တကယ်လို့ ကလေးက ပုံမှန်သောက်ရမယ့် နို့ပမာဏထက်နည်းပြီးသောက်နေမယ်
    • ကလေးကတစ်နေ့ကို နို့ကို ၃၂အောင်စထက်နည်းပြီးသောက်နေမယ်
    • ကလေးကမွေးတုန်းကပေါင်မပြည့်တာမျိုးဖြစ်မယ်
    • မွေးရာပါရောဂါတစ်ခုခုခံစားနေရမယ်
    • အခြားကလေးတွေထက် ဖွံ့ဖြိုးမှုနောက်ကျမယ်
    • အစားစားတာနောက်ကျမယ်
    • ကလေးက လိုအပ်တဲ့အာဟာရတွေပြည့်ဝအောင်မရရှိဘူးဖြစ်နေမယ်
    • အစားရွေးလွန်းမယ်ဆိုရင်တော့ ကလေးဆရာဝန်နဲ့ အားဆေးတိုက်သင့်၊ မတိုက်သင့်တိုင်ပင်ကြည့်ပါ။

    ကဲ ဘာရွေးမလဲမေမေတို့ အားဆေးလား……..ဖြည့်စွက်စာလား…….. စိတ်ကြိုက်သာရွေးပေတော့။ မရွေးတတ်လို့ အကြံပြုပါဦးဆိုရင်တော့ လိုအပ်တဲ့အာဟာရဓါတ်တွေပြည့်ဝနေတဲ့ဖြည့်စွက်စာပေါ့နော်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 21/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement