backup og meta

မျှဝေပါ။

ကလေးရဲ့စူးစမ်းချင်စိတ်ကို ဘယ်လိုအားပေးမလဲ

ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိဖို့ဆိုတာ လူကြီးတွေအတွက်မှ မဟုတ်ပါဘူး။ ကလေးတွေလည်း ယုံကြည်မှုရှိဖို့လိုအပ်ပါတယ်။ကြောက်ရွံ့စိတ်၊စိုးရိမ်စိတ်ဆိုတာ အတွေ့အကြုံသစ်တွေ၊ စိန်ခေါ်မှုတွေနဲ့ကြုံရင်ဖြစ်လာနေကျ တုံ့ပြန်မှုတစ်ခုဖြစ်ပါတယ်။ ဒီစိတ်က ကလေးတွေရဲ့စူးစမ်းလေ့လာမှုနဲ့ ဖွံ့ဖြိုးမှုအတွက်က အဟန့်အတားတစ်ခုပါပဲ။ ဒါ့ကြောင့် ယုံကြည်မှုရှိရှိစူးစမ်းလေ့လာနိုင်ဖို့ဖန်တီးပေးတာက မိဘတွေအနေနဲ့ကလေးအတွက်ပေးနိုင်တဲ့ အကောင်းဆုံးလက်ဆောင်တစ်ခုလည်းဖြစ်ပါတယ်။

ဥပမာ အစားအစာအသစ်တွေ စားတတ်လာဖို့၊အမူအကျင့်အသစ်တွေမွေးမြူပေးဖို့ စတဲ့လေ့လာစူးစမ်းမှုတွေမှာ လုပ်ရဲကိုင်ရဲရှေ့တိုးနိုင်ဖို့ မိဘကပံ့ပိုးပေးသင့်ပါတယ်။ အရာရာတိုင်းကို စူးစမ်းလေ့လာချင်နေတဲ့ ကလေးအတွက် –

သေးသေးလေးက စတင်ပါ

ကလေးတွေကို လူကြီးတွေသိသလောက်အဆင့်အထိ တန်းတူမသင်ပြပါနဲ့။ ကလေးမို့ ကလေးလို တစ်ဆင့်ချင်း သင်ပေးပါ။ သိပ်မလောပါနဲ့။ ကလေးရဲ့နားလည်နိုင်စွမ်းကို မူတည်ပြီး စိတ်ရှည်ရှည်နဲ့ သင်ပြပေးပါ။

အသစ်အဆန်းလေ့လာချင်လာအောင်လုပ်ဖို့ အချိန်ပေးပြင်ဆင်ပါ

သူတို့စိတ်ဝင်စားတဲ့အရာတွေကိုသေချာဂရုစိုက်မှတ်သားပြီး သူတို့စိတ်ဝင်စားလောက်မယ့်ကစားနည်းတွေကိုပြင်ဆင်ပါ၊ အသစ်အဆန်းတွေလုပ်ကြည့်ဖို့အားပေးပါ။ ဥပမာ ကလေးကို ဝလုံးရေးခိုင်းမယ်ဆိုပါစို့၊ သူချစ်တတ်တဲ့တိရစ္ဆာန်လေးပုံကို ဝလုံးနဲ့ဆွဲပြဖို့ စီစဉ်လိုက်ပေါ့။ ဒါဆို စာရေးကြည့်ဖို့ သူစိတ်ဝင်စားလာနိုင်တယ်။ ဒီလိုမျိုးဉာဏ်ကစားပြင်ဆင်ပြီး ကလေးကိုဆွဲဆောင်ပါ။

အတူတူလုပ်ကြည့်ပါ

ဒါလေး ဒီလိုလုပ်ကြည့်ပါလားဆိုတာထက် အတူတူလုပ်ကြည့်မယ်၊ဒီမှာကြည့်၊ ဒီလိုလေးလုပ် ဆိုတာမျိုးက ကလေးကို စူးစမ်းချင်စိတ်ဖြစ်လာစေပါတယ်။ တစ်ယောက်တည်းလုပ်ရလို့ မလုပ်ရဲတာတွေမရှိတော့ဘဲ မိဘနဲ့အတူလုပ်ကြည့်ရတဲ့အခါ ယုံကြည်မှုရှိလာပါတယ်။ ဥပမာ သူမစားဖူးတဲ့ အသီးတစ်မျိုးကိုကျွေးတဲ့အခါ ကိုယ်ပါစားပြပြီး စားလို့ ကောင်းလိုက်တာ၊ စားကြည့်ပါဦးဆိုတာမျိုးက ပိုဆွဲဆောင်နိုင်ပါတယ်။

တစ်ခါတစ်လေ ပြဿနာကို ကိုယ်တိုင်ဖြေရှင်းခိုင်းပါ

ကလေးက ဇွဲနဲ့ကြိုးစားနေပါလျက်နဲ့ ကြာနေတဲ့အခါ မိဘက ဝင်သင်ပြလိုက်တာမျိုးက ကလေးရဲ့လုပ်ဆောင်နိုင်စွမ်းနဲ့ ဖြေရှင်းနိုင်စွမ်းကို ဖွံ့ဖြိုးလာစေတော့မှာမဟုတ်ပါဘူး။ အရွယ်ရောက်လာလည်း အရာရာမိဘကိုအားကိုးနေတော့မှာကို သတိရပါ။ မိဘက ဘေးကကြပ်မတ်အကြံပြုတာလောက်ပဲလုပ်ပြီး အလုပ်တစ်ခုပြီးမြောက်တဲ့အထိ သူ့ဘာသာဖြေရှင်းပါစေ။

စူးစမ်းချင်စိတ်ကို အားပေးပါ

တစ်ခါတစ်လေ ကလေးတွေရဲ့တရစပ်မေးခွန်းတွေက လူကိုစိတ်ပင်ပန်းစေပေမယ့် တတ်နိုင်သလောက်စိတ်ရှည်ရှည်နဲ့ ရှင်းပြပေးပါ။ အသစ်အဆန်းတွေ စူးစမ်းကြည့်၊လုပ်ကြည့်တဲ့အခါ အန္တရာယ်ဖြစ်မယ့်ကိစ္စမျိုးကလွဲရင်ပေးလုပ်လိုက်ပါ။ မဟန့်ပါနဲ့။ ကိုယ်တိုင်စူးစမ်းသိရှိလာတာက သူတို့ရဲ့ဖွံ့ဖြိုးမှုမှာ အရေးပါတဲ့အချက်ပါ။

သူတို့ရဲ့လုပ်ဆောင်သမျှကို ဘယ်တော့မှအပြစ်မတင်ပါနဲ့

သူတို့လုပ်တဲ့အလုပ်ကို ဟိုလိုမဖြစ်လို့၊ ဒီလိုမဖြစ်လို့ ဆိုပြီး အပြစ်မတင်ပါနဲ့။ တိုးတက်လာသမျှတိုင်းကို ချီးကျူးပေးပါ။ ကလေးတွေက မိဘတွေငြိုငြင်မှာ၊ ကိုယ် မှားလုပ်မိလို့ မိဘတွေစိတ်ဆိုးမှာကို သိပ်စိုးရိမ်တတ်ကြပါတယ်။ မိဘတွေရဲ့အသိအမှတ်ပြုမှုက သူတို့ရဲ့ဖွံ့ဖြိုးမှုအတွက် အကောင်းဆုံးအားဆေးဖြစ်နေလို့ပါ။နောက်တစ်ကြိမ်မှာ ဒီထက်ကောင်းအောင်ကြိုးစားချင်လာစေမယ့် ပံ့ပိုးမှုအားလည်းဖြစ်ပါတယ်။

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Ref:

https://kidshealth.org/en/parents/self-esteem.html

Accessed Oct 18, 2018.

https://www.huffingtonpost.com/donna-b-pincus-phd/kids-fear_b_1725248.html

Accessed Oct 18, 2018.

ယခုပုံစံ

12/09/2022

Yun Sandi Nan Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။

avatar

Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Yun Sandi Nan Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 12/09/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement