backup og meta

အသီးအရွက်တွေထပ်စားဖို့ နည်းလမ်း ၁၀ မျိုးူ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Nadi မှ ရေးသားသည်။ · 01/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အသီးအရွက်တွေထပ်စားဖို့ နည်းလမ်း ၁၀ မျိုးူ

    အသီးအရွက် လူ့ခန္ဓါကိုယ်အတွက် သံသယဖြစ်စရာမလိုလောက်အောင်ပင်ကောင်းသည်။ ထိုကြောင့် ဟင်းသီးဟင်းရွက်ကို ပုံမှန်အစားအသောက်တွင်ပါသင့်သည်။ ဒီဆောင်းပါးသည် အသီးအရွက်ကို အစားအသောက်တွင်မည်သို့ထည့်စားရမည်ဟူသော ၁၀ချက်ကိုဖော်ပြပေးသည်။

    အသီးအရွက်ချက်ခြင်းကိုမြန်မြန်လုပ်နိုင်သည်။

    လူတော်တော်များများက ကောင်းမွန်စွာချက်ပြုတ်ရန် အချိန်မရှိဟုဆိုကာုအသီးအရွက်စားရန် တွန့်ဆုတ်နေတတ်သည်။ သို့သော် လတ်ဆတ်သော သို့မဟုတ် ခဲထားသောအသီးအရွက်များကိုမိုက်ခရိုဝေ့ မီးဖိုထဲတွင်ထည့်ပြိး အမြန်ချက်ပြုတ်နိုင်သည်။ ပြုတ်ထားသော မှန်လာဥ ပဲသီး သို့မဟုတ် ဘော့ ချိုင်ကို ရေနည်းနည်းထည့်ပြိး မိုင်ကရိုဝေ့တွင်ထည့်ခြင်းက လွယ်ကူပြီး ချက်ရအဆင်စေသည်။

    ကြိုတင်ပြင်ဆင်ထားပါ။

    အသီးအရွက်ချက်ပြုတ်ရန်မသေချာဖြစ်နေပါကကြိုတင်ပြင်ဆင်ထားပါ။ ဥပမာ လုံလောက်သော ပန်းမှန်လာဥ ပန်းဂေါ်ဖီ သို့မဟုတ် ငရုတ်သီးကိုလှီးထားပြီး ရေခဲသေတ္တာထည့်ထားပါ။ သင်စားလိုသောအချိန်တွင်လွယ်ကူစွာစားနိုင်သည်။

    အသီးအရွက် အရောင်စုံတာကိုရွေးချယ်ပါ။

    အရောင်တောက်သော ဥပမာ အနီ အစိမ်းရင့် နှင့်လိမ္မော်ရောင်ပါသော အရွက်များက ဗီတာမင်နှင့် မင်နရယ်များစွာပါသည်။ ချယ်ရီ အာလူး ခရမ်းချဉ်သီး မှန်လာဥ နှင့် ပဲသီး တို့ကိုစားနိုင်သည်။ ထိုမှသာမက အစားအသောက်စားလိုစိတ်ကိုမြင့်စေပြီး အရောင်စုံစေသည်။

    အအေးခံထာသော အရွက်ကိုစားကြည့်ပါ။

    အအေးခံထားသောအရွက်က လွယ်ကူပြီးလတ်ဆတ်သောအရွက်များကဲ့သို့ အာဟာရပြည့်ဝသည်။ သို့သော် ဗီတာမင်နှင့်မင်နရယ်ဆုံးရှုံးမှုနည်းစေရန် အချိန်ခဏတာအတွင်းစားသင့်သည်။ လတ်ဆတ်သောအရာက် ဥပမာ ပဲ ဟင်းနုနွယ် သို့မဟုတ် ပြောင်းဖူးတို့က အနံအရသာကိုကောင်းစေပြီး သင့်အစားအသောက်စနစ်ကိုအကူအညီဖြစ်စေသည်။

    အရွက်များကိုကြိုဝယ်ထားပါ။

    သင်အရွက်စားလိုပြီး ထွက်ဝယ်ဖို့အချိန်မလုံမလောက်ဖြစ်နေပါသလား။ ကြိုတင်သိုလှောင်ထားခြင်း သွပ်သွင်းထားသော အသီးအရွက်များက အာဟာရပြည့်စေရုံသာမက ကြာရှည်လည်းခံသည်။

    အရောက်တောက်သောအသီးအရွက်များ သင့်ဥယျဉ်အတွင်းစိုက်ပျိုးပါ။

    အသီးအရွက်သုပ်က အရသာရှိသည် သို့သော် ပိုစားကောင်းအောင်ဘယ်လိုလုပ်မလဲ။ ထောပတ်သီး မှန်လာဥ ဂေါ်ဖီ ငရုတ်ကောင်းတို့ထည့်သုပ်စားသောက်ပါက အရသာရှိပုံရလိမ့်မည်။

    အသီးအရွက်စွပ်ပြုတ်လုပ်သောက်ပါ။

    အသီးအရွက်အစိမ်းကိုမကြိုက်ပါက စွပ်ပြုတ် ဟင်းရည် ဆန်ပြုတ် ကိုသင်ကြိုက်သောအသီးအရွက်နှင့်လုပ်နိုင်သည်။

    အပြင်ထွက်စားပါက အစုံစားပါ။

    အပြင်မှာစားပါက အကြော်အစား အသီးအရွက်သုပ်ကို နှုတ်မြိန်စာအဖြစ်မှာသင့်သည်။

    ရာသီအလိုက်စားပါ။

    ရာသီအလိုက်မဟုတ်သောအစားများက အကောင်းဆုံးအရသာပေးစွမ်းနိုင်သည်ဟု အာမမခံနိုင်ရုံမက ဈေးလဲပိုကြီးသည်။

    အသီးအရွက်အစုံစားပါ။

    အသီးအရွက်အစုံကိုစားပါ။ လူသိများသော အစားအသောက်ချက်ပြုတ်စာအုပ်ကို ဝယ်ပါ။ သင်ဟင်းတွင်ပါသောပစ္စည်းမျိုးစုံရှိနေပါက ဟင်းသီးဟင်းရွက်ပြည့်ဝဟင်းချက်ပြုတ်ရန်ခက်ခဲမည်မဟုတ်ပါ။

    Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Nadi မှ ရေးသားသည်။ · 01/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement