home

သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

ကလေးကို ချစ်ရင် ဒါတွေလုံးဝမကျွေးပါနဲ့

ကလေးကို ချစ်ရင် ဒါတွေလုံးဝမကျွေးပါနဲ့

မွေးကင်းစအရွယ်မှာ မိခင်နို့တိုက်တယ်။ ဒီလိုကနေ အသက် ၆ လအရွယ်ရောက်လာတယ်။ တစ်လချင်းအလိုက်မှာလည်း ကလေးက တိုးတက်မှုအဆင့်ဆင့်နဲ့ မှတ်တိုင်လေးတွေ စိုက်ထူခဲ့တယ်ပေါ့။ ဒီလိုနဲ့ အသက် ၆ လရောက်လာတဲ့အခါ နို့အပြင် စားစရာလေးတွေပါကူရပြီလေ။ ဒီအချိန်မှာ ဘာတွေကျွေးလို့ရလို့ ဘာတွေကျွေးလို့မရဘူးလဲဆိုတဲ့အချက်ကမေမေတို့အတွက် ခေါင်းစခြောက်ရပြီလေ။ ဒီပြဿနာကို ဝိုင်းပြီးဖြေရှင်းပေးပါရစေနာ်။

ကလေးကို အားဖြစ်စေချင်လို့ စစားလို့ရပြီဆိုတဲ့အချိန်မှာ စုံစုံလင်လင်လေးကျွေးချင်နေလောက်တယ်ဆိုတာ သိပေမယ့် အချို့သောအစားအစာတွေက ကလေးတွေအတွက် မသင့်တော်တာအမှန်ပါ။ ဒီတော့ ကလေးကို ကျန်းမာပျော်ရွှင်စွာကြီးပြင်းစေချင်တယ်ဆိုရင် ဒီအစားအစာလေးတွေတော့ရှောင်လိုက်ပါ။ တစ်သက်လုံးမဆိုလိုပါဘူး။ ငယ်စဉ်နဲ့ အစားစကျွေးစမှာပါနော်။

ကလေးကိုချစ်ရင် ဒါတွေမကျွေးပါနဲ့

ပျားရည်

သဘာဝအားဆေးလို့တောင် တင်စားကြတယ်နော်။ ဒါပေမယ့် ဒီအချက်က ကလေးတွေအတွက်တော့ မမှန်ပါဘူး။ အစာခြေစနစ်အပြည့်အဝမဖွံ့ဖြိုးသေးတဲ့ ကလေးတွေအတွက် ပျားရည်က ပြင်းထန်တဲ့နောက်ဆက်တွဲပြဿနာတွေဖြစ်စေနိုင်ပါတယ်။

မြေပဲထောပတ်

မြေပဲဓါတ်မတည့်မှြုဖစ်စေနိုင်သလို မျိုချရခက်တာကြောင့် ကလေးကို နင်တာ၊သီးတာမျိုးတွေဖြစ်စေနိုင်ပါတယ်။ ကလေကိုမြေပဲထောပတ်ကျွေးချင်ရင်တောင် ၂ နှစ်ကျော်မှကျွေးပါနော်။

အချို့သောဟင်းသီးဟင်းရွက်တွေ

ကလေးကငယ်သေးတဲ့အရွယ်မှာ နိုက်ထရိတ်ပါဝင်မှုများတဲ့ ဟင်းသီးဟင်းရွက်တွေကိုမကျွေးသင့်ပါဘူး။ ဥပမာပြောပြရရင် နိုကိုဥ၊ ဟင်းနုနွယ်၊ စမုန်စပါး၊ တရုတ်နံနံ၊ ဆလတ်ရွက်တွေပေါ့။ ကလေးတွေရဲ့ အစာအိမ်မှာ လုံလောက်တဲ့ အက်ဆစ်ဓါတ်တွေမရှိတာကြောင့် မချေဖျက်နိုင်ပါဘူး။

အချို့သောငါးတွေ

မာကျူရီများတဲ့ ငါးတွေဖြစ်ကြတဲ့ မက်ကာရယ်၊ ငါးမန်း၊ ၊တူနာ တို့လိုမျိုးငါးတွေကို မကျွေးသင့်ပါဘူး။ ပင်လယ်စာတွြေဖစ်တဲ့ ခရု၊ ကမာ၊ ကေျာက်ပုစွန်တို့ကိုလည်း မကျွေးသင့်ပါဘူး။ ကလေးကိုပြင်းထန်တဲ့ ဓါတ်မတည့်မှြုဖစ်စေနိုင်တာကြောင့်ပါ။ ကလေးအသက် ၃နှစ်ကျော်မှ ဒီအစားအစာတွေကျွေးသင့်ပါတယ်။

ချောကလက်တင်မကပါဘူး။ ကဖင်းပါတဲ့ စားစရာတွေ၊သောက်စရာတွေက ကလေးအတွက်မကောင်းပါဘူး။ အစာခြေစနစ်ကို ထိခိုက်စေပြီး ကလေးကို လေနာတာ၊ ဗိုက်ပွတာမျိုးတွေဖြစ်စေနိုင်ပါတယ်။ အသက် ၁ နှစ်ကျော်လာပြီဆိုရင်တော့ချောကလက်ကို နည်းနည်းလောက်ကျွေးလို့ရပါပြီ။
ဗီတာမင်၊ ပရိုတင်းနဲ့သတ္တုဓါတ်တွေပြည့်ဝစွာပါဝင်နေတဲ့ အစားအစာကို ကေးလကိုမကျွေးနဲ့လို့ ဘာလို့များပြောရတာလဲလို့တွေးနေမိလား။ ကြက်ဥ၊ ဘဲဥနဲ့ ဓါတ်မတည့်တာမျိုးဖြစ်နိုင်တာကြောင့်ပါ။ ကလေးတွေဟာ ငယ်စဉ်ကာလမှာ ကြက်ဥ၊ဘဲဥနဲ့ဓါတ်မတည့်တာကို ခံစားရနိုင်ပါတယ်။ အရေပြားမှာ အဖုအပိမ့်တွေထွက်တာ၊ အသားအရေမှာ ယားယံမှုတွေဖြစ်တာ နဲ့ ဝမ်းလျှောတာလိုမျိုး အစာခြေစနစ်ပြဿနာတွေခံစားရနိုင်ပါတယ်။

အချဉ်ဓါတ်ပါတဲ့ အသီးတွေ

ကလေးကို လိမ္မော်သီး၊ရှောက်ချိုသီးအပါအဝင် အခြား အချဉ်ဓါတ်ပါတဲ့ အသီးတွေကို မကျွေးသင့်သေးပါဘူး။ ဒိအစားအစားတွေက ဗီတာမင် C နဲ့ အက်ဆစ် ပါဝင်နေတာကြောင့် အစာအိမ်အက်ဆစ်ပြန်ဆန်တက်တာမျိုးဖြစ်စေနိုင်ပါတယ်။

ဒီတော့ ကိုယ့်ကလေးကို ကျန်းမာပျော်ရွှင်စွာကြီးပြင်းအရွယ်ရောက်လာစေဖို့ ဒီအစားအစာလေးတွေကို ငယ်စဉ်မှာ မကျွေးဖို့ အကြံပြုပါရစေနော်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ

Foods that can be unsafe for your babyhttps://www.babycenter.com/0_foods-that-can-be-unsafe-for-your-baby_9195.bc Accessed Date 7 March 2019

Foods to Avoid Feeding Babyhttps://www.familyeducation.com/life/starting-solids/foods-avoid-feeding-baby?slide=8#fen-gallery Accessed Date 7 March 2019

10 Foods Babies Should Avoid Eatinghttps://parenting.firstcry.com/articles/10-foods-babies-should-avoid-eating/ Accessed Date 7 March 2019

စာရေးသူ ဓာတ်ပုံbadge
Aye Thi Mon မှ ရေးသားသည်။ 3 ရက် အကြာက တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Dr. Thurein Hlaing Win မှ အချက်အလက် စစ်ဆေးထားပါသည်။