ကလေးတွေကိုဝမ်းချုပ်စေတဲ့အကြောင်းရင်းကလည်းအများကြီးရှိပါတယ်။ အိမ်သာသွားဖို့တည်မရတာ၊ အမျှင်ဓာတ် ရေဓာတ်နည်းတဲ့ စားသောက်မှု အာဟာရ၊ ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း စတာတွေပါဝင်ပါတယ်။ ကလေးက တစ်နေ့တစ်ကြိမ်တောင် ပုံမှန်ဝမ်းမသွားဘူးဆိုရင် ဝမ်းမချုပ်စေဖို့ ဆရာဝန်အကြံပြုချက်ကိုတောင်းပါ။
ဝမ်းပျက်နေတဲ့ကလေးတွေက အရည်တွေသွားမယ်၊ဝမ်းပျော့ပျော့တွေမကြာခဏသွားမယ်။ ဗိုက်အောင့်၊ ဗိုက်နာတာ ရှိချင်မှလည်းရှိမယ်။ ဝမ်းအရည်တွေသွားတဲ့ကလေးတွေအတွက်တော့ ရေဓာတ်ဆုံးရှုံးမှုများလွန်းတဲ့အခြေအနေ အမြန်ဖြစ်သွားနိုင်တာမို့ မြန်မြန်ကုသဖို့လိုပါတယ်။
အစာအိမ်အက်စစ်ပြန်ဆန်တက်ခြင်း
အစာအိမ်ထဲကအက်စစ်ရည်ပြန်ဆန်တက်တာ(စားချဉ့်ပြန်ရောဂါ)လို့ခေါ်တဲ့ GERDလက္ခဏာတွေက ကလေးတွေမှာလည်းအဖြစ်များပါတယ်။အစားအစာဓာတ်မတည့်မှု၊အစာပြွန်အောက်ခြေကြွက်သားမှာ ပြဿနာရှိနေခြင်းတို့ကြောင့်ဖြစ်တတ်ပါတယ်။ကလေးကဒါမျိုးဖြစ်တတ်တယ်ဆိုရင်ငရုတ်သီး၊ချောကလက်၊အဆီများတဲ့အစားအစာတွေကိုမကျွေးပါနဲ့။
အစားရွေး၊ အစားကြေးများလာတယ်
ကလေးတွေ အရင်ကလောက် အစားသိပ်မစားတော့ဘူးဆိုတာ မိဘတွေအတွက် သတင်းဆိုးတစ်ခုပါပဲ။ ဒါဟာအစာခြေစနစ်ပြဿနာရှိနေတဲ့ ခပ်ပါးပါးလက္ခဏာတစ်ခုဖြစ်နေပါသေးတယ်။ GERD ကြောင့်လည်း ကလေးတွေကအစားကြေးများလာတယ်၊ အရင်ကြိုက်နေကျစားစရာတစ်ခုခုရဲ့အနံ့၊ပုံစံတို့ကိုတောင်မကြိုက်တော့ဘူး ငြင်းဆန်လာတယ်ဆိုတာဗိုက်ထဲ နေလို့မကောင်းတာလည်းဖြစ်နိုင်လို့ပါ။
အစာခြေစနစ်ပြဿနာတွေကိုဘယ်လိုကာကွယ်မလဲ
(၁) အမျှင်ဓာတ်
ဂျုံပြောင်းနှံတွေ၊အသီးအနှံတွေ၊အသီးအရွက်တွေလိုမျိုးအမျှင်ဓာတ်ကြွယ်ဝတဲ့အစားအစာတွေကအစာခြေစနစ်အတွက်တကယ်ကောင်းပါတယ်။ ပန်းသီး၊ဟင်းနုနွယ်၊ပန်းဂေါ်ဖီစိမ်း၊မုန်လာဥနီစတာတွေကိုတနေ့တာအာဟာရထဲပါအောင်ကျွေးပါ။
(၂) ကိုယ်လက်လှုပ်ရှားမှု
ကိုယ်လက်လှုပ်ရှားမှုက ကျန်းမာစေတယ်ဆိုတဲ့အပြင် ကလေးရဲ့အစာခြေစနစ်အတွက်လည်း အရမ်းကိုအရေးပါပါတယ်။ ကလေးတွေကိုထိန်းရလွယ်အောင် တီဗီရှေ့မှာအကျင့်လုပ်ထားတာ ဒါမှမဟုတ် ဖုန်းပေးပြီးဆော့ခိုင်းတာတွေကအစာခြေစနစ်လုပ်ဆောင်ချက်တွေကိုအနှောင့်အယှက်ဖြစ်စေပါတယ်။ ပေါ့ပေါ့ပါးပါးလှုပ်ရှားပျော်ရွှင်အောင်ထားပေးရမယ်၊ တက်ကြွလှုပ်ရှားမှုကိုအားပေးရပါမယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။