Copper IUCD
- Copper IUCD ကျတော့ စစချင်းထည့်ပြီးပြီးချင်း ၆လ အတွင်းမှာ ာရာသီသွေးဆင်းများတတ်ပြီး ရာသီ ကြောင့်ကိုက်ခဲမှုတွေကို ပိုဖြစ်နိုင်ပါတယ်။ ဒါပေမယ့်ထည့်ပြီး ၆လ ကြာရင်တော့ အားလုံးပုံမှန် ပြန်ဖြစ်သွားပါတယ်။
- ဟော်မုန်းမပါတဲ့အတွက် သင့်ရာသီစက်ဝန်းကို ရပ်စေမှာမဟုတ်ဘဲ ပုံမှန်အတိုင်းပဲ ဖြစ်စေမှာပါ။
IUCD တွေကို ရာသီလာနေတဲ့ အချိန် ထည့်လို့ရလား ။ ။
ရာသီလာနေတဲ့အချိန် သင်ကတော့ IUCD ကို မထည့်ချင်ပေမယ့် ဆရာဝန်တော်တော်များများက IUCD ကို ရာသီလာနေတဲ့အချိန် ထည့်ပေးတတ်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့
- ရာသီလာနေအချိန်မှာ သားအိမ်ခေါင်းက ပျော့ပျောင်းနေတတ်ပြီး ပိုကျယ်နေတဲ့အတွက်ကြောင့် IUCD ထည့်ရတာ ပိုပြီးလွယ်ကူလို့ပါ။
- ရာသီလာနေတယ်ဆိုတော့ ကိုယ်ဝန်မရှိဘူးဆိုတာ သေချာတဲ့ အတွက်ကြောင့်လည်း ပါပါတယ်။ ကိုယ်ဝန်ရှိနေချိန်မှာ IUCD သွားထည့်လိုက်မိမယ်ဆိုရင် မိန်းမကိုယ်ပိုးဝင်တာ၊ ကလေးပျက်ကျတာ၊ ကလေးကို နေ့မစေ့ဘဲ မွေးတာမျိုးတွေ ဖြစ်နိုင်ပါတယ်။
ဟော်မုန်းပါတဲ့ IUCD တွေက ရာသီလာနေစဉ် ထည့်ရင် ကိုယ်ဝန်ကို တန်းပြီး ကာကွယ်ပေးပါတယ်။ အခြားရက်တွေမှာထည့်မယ်ဆိုရင်တော့ IUCD ရဲ့ အာနိသင်ရဖို့အတွက် ၇ရက်စောင့်ရမှာ ဖြစ်လို့ အတူနေတာကို ၇ရက် ရှောင်ရပါမယ်။ မရှောင်နိုင်ရင်တော့ ကွန်ဒုံးသုံးပါ။
Copper IUCD ကျတော့ ရာသီစက်ဝန်းအပေါ်မှီခိုတာမျိုး မရှိဘဲ ထည့်လိုက်ပြီဆိုတာနဲ့ ကိုယ်ဝန်ကို တန်းပြီး တားဆီးပေးပါတယ်။ အကာအကွယ် မသုံးဘဲ အတူတူ ၅ ရက်လောက်နေပြီးမှ Copper IUCD ထည့်မယ်ဆိုရင်တောင် သူက ကိုယ်ဝန်ကို တားဆီးပေးပါသေးတယ်။
နောက်တစ်ခု အရေးကြီးတာက တစ်လတစ်ခါ ရာသီလာတိုင်း IUCD သူ့နေရာ အတည်တကျမှာ ရှိနေလား မရှိတော့ဘူးလားဆိုတာကို အဖြေပေးတဲ ကြိုးလေးကို စစ်ပေးဖို့ပါ။ ကြိုးကို မစမ်းမိတော့ဘူးဆိုရင် ဆရာဝန်ဆီ ချက်ချင်းသွားပါ။ ဘာကြောင့်လဲဆိုတော့ IUCD ဟာ ရာသီသွေးနဲ့ အတူ ကိုယ်ခန္ဓါ အပြင်ဘက်ကိုထွက်သွားတာဖြစ်နိုင်သလို ဗိုက်ထဲပေါက်ပြီး ရောက်သွားတာမျိုးလဲ ဖြစ်တတ်လို့ပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။