· အမြင့်က ပြုတ်ကျနိုင်ချေရှိတဲ့ လေ့ကျင့်ခန်းတွေ။
· ဝမ်းဗိုက်ပိုင်းကို ထိခိုက်ဒါဏ်ရာရစေနိုင်တဲ့ လေ့ကျင့်ခန်းတွေ (ဥပမာ ခန္ဓါကိုယ်ကို လှုပ်ခါရတဲ့ လေ့ကျင်ခန်းတွေ၊တဦးနဲ့တဦး ထိမိခိုက်မိနိုင်တဲ့ လေ့ကျင့်ခန်းတွေ၊ရုတ်တရက် ဦးတည်ချက်လားရာပြောင်းလဲရတဲ့ လေ့ကျင့်ခန်းတွေ စသဖြင့်)။
· အလွန်မင်း ခုန်ရတဲ့ လေ့ကျင့်ခန်းတွေ။
· ခန္ဓါကိုယ်ကို အလွန်အမင်း ဆန့်တန်းဖြေလျှော့ရတဲ့ လေ့ကျင့်ခန်းတွေ။
· မတ်တပ်ရပ်ရင်း ခါးကို လှည့်ရတဲ့ လေ့ကျင့်ခန်းတွေ။
· အပြင်းအထန် လုပ်ရပြီး ကာလကြာရှည်စွာ အနားယူရတဲ့ လေ့ကျင့်ခန်းတွေ။
· ပူပြင်း၊စိုစွတ်တဲ့ ရာသီဥတုမှာ ပြုလုပ်ရတဲ့ လေ့ကျင့်ခန်းတွေ။
· အချိန်ကြာမြင့်စွာ အသက်ရှုအောင့်ရတဲ့ လေ့ကျင့်ခန်းတွေ။
· မောပန်းတကြီးဖြစ်တဲ့အထိ ပြုလုပ်ရတဲ့ လေ့ကျင့်ခန်းတွေ။
ကိုယ်ဝန်ဆောင်စဉ် လေ့ကျင့်ခန်းပြုလုပ်ဖို့ အစီအစဉ်ဆွဲတဲ့အခါ လိုက်နာသင့်တဲ့ အချက်လေးတွေက အောက်ပါအတိုင်း ဖြစ်ပါတယ်။
· သက်တောင့်သက်သာရှိပြီး ချောင်ချိတဲ့ အဝတ်အစားတွေနဲ့ ရင်သားကို ကောင်းစွာ အထောက်အပံ့ပေးတဲ့ ဘရာစီယာတို့ကို ဝတ်ဆင်ရမှာ ဖြစ်ပါတယ်။
· သင်ပြုလုပ်မယ့် လေ့ကျင့်ခန်းပုံစံအတွက် အထူးပြုလုပ်ထားတဲ့ ဖိနပ်ကို ရွေးချယ်ရမှာဖြစ်ပြီး ဆိုဒ်ကလည်း သင့်ခြေထောက်နဲ့ အတိအကျ ဖြစ်နေသင့်ပါတယ်။
· ထိခိုက်ဒါဏ်ရာ ရရှိခြင်းတွေကို ကာကွယ်နိုင်ဖို့အတွက် ပြန့်ပြူးညီညာတဲ့ မျက်နှာပြင်မှာ လေ့ကျင့်ခန်းလုပ်ပါ။
· ကိုယ်ဝန်အတွက်ရော၊လေ့ကျင့်ခန်းလုပ်ဆောင်ဖို့အတွက်ပါ သင့်တော်လုံလောက်တဲ့ ကယ်လိုရီပမာဏကို စားပေးရပါမယ်။
· လေ့ကျင့်ခန်းမလုပ်မီ၊လုပ်နေစဉ်နဲ့ လုပ်ပြီးတဲ့အချိန်တွေမှာ ရေများများသောက်ရပါမယ်။
· ပက်လက်လှန်တဲ့ အနေအထားနဲ့ လေ့ကျင့်ခန်းလုပ်ပြီး ထတဲ့အခါ မိုက်ခနဲ ဖြစ်သွားတာမျိုးကို ရှောင်ရှားနိုင်ဖို့အတွက် ဖြည်းညင်းစွာ ထရပါမယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။