ထူးချွန်ထက်မြက်တဲ့ ကလေးတစ်ယောက်ရဲ့ ဘဝအစခြေလှမ်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 3 mins read
Share now

ပတ်ဝန်းကျင်မှာ အရမ်းဉာဏ်ကောင်းပြီး ထက်ထက်မြက်မြက်ရှိတဲ့ ကလေးတွေကို တွေ့ဖူးကြမှာပါ။ ဒီလိုကလေးတွေရဲ့ ဘဝကို အနီးကပ်လေ့လာကြည့်မယ်ဆိုရင် ပင်ကိုယ်သဘာဝကိုက ကြိုးစားချင်စိတ်ရှိတယ်၊ မိဘတွေကလည်း နောက်ကွယ်ကနေ စိတ်ပိုင်းဆိုင်ရာ အားပေးကူညီမှုတွေ၊ လိုအပ်တဲ့ ပညာရေးဆိုင်ရာ အထောက်အပံ့တွေ ပေးနိုင်တဲ့အပြင် သားသမီးနဲ့ မိဘကြားမှာ အဆင်ပြေပြေ စကားပြောဆိုဆက်ဆံလို့ရတဲ့ ငြိမ်းချမ်းတဲ့ ဆက်ဆံရေးတစ်ခု ရှိနေတတ်ပါတယ်။

ကိုယ့်သားသမီးကိုလည်း သူတို့လိုမျိုး ဉာဏ်ရည်ထက်မြက် ပျော်ရွှင်ကျန်းမာစွာနဲ့ ကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ စေတနာ မေတ္တာပါပဲ။ ဒီဆောင်းပါးလေးမှာ ကိုယ့်ကလေးကို ဘယ်လိုထူးချွန်ထက်မြက်အောင် ပုံသွင်းပေးနိုင်မလဲဆိုတာနဲ့ပတ်သက်ပြီး မိဘတွေ သိထားသင့်တဲ့ ဆောင်ရန်၊ ရှောင်ရန်တွေကို ပြောပြပေးချင်ပါတယ်။

၁။ ကိုယ်ဝန်ဆောင်နေစဉ် ကာလသည် ပထမခြေလှမ်းပါ။

မေမေတွေ ကိုယ်ဝန်ရှိနေတဲ့အချိန် စားလိုက်သမျှ အစားအစာတွေ၊ နေထိုင်စားသောက်မှုပုံစံတွေ၊ ကိုယ့်ကျန်းမာရေးနဲ့ပတ်သက်ပြီး အလေးထားမှုရှိမရှိ စတဲ့အချက်တွေက ဗိုက်ထဲမှာ ရှိနေတဲ့ သန္ဓေသားရဲ့ ဦးနှောက်ဉာဏ်ရည်ကို သွားပြီးသက်ရောက်မှုရှိစေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်နေစဉ် ကာလတွင်းမှာ မေမေတွေ အိပ်ချိန်မှန်အောင် ဂရုစိုက်ပါ။ အစာအာဟာရကို စုံလင်စွာစားပေးပါ။ စားချင်စိတ်မရှိဘူးဆိုရင်တောင် ဗိုက်ထဲက ကလေးရဲ့ ကျန်းမာရေးအတွက် ရည်စူးပြီး စားပေးပါ။

၂။ ကလေး အသက် ၆လမပြည့်မချင်း မိခင်နို့တစ်မျိုးတည်းကိုသာ တိုက်ပါ။

မိခင်နို့မှာ ကလေးရဲ့ ကျန်းမာရေး၊ ကြီးထွားဖွံ့ဖြိုးခြင်းအပြင် ဦးနှောက်ဉာဏ်ရည်ကို မြှင့်တင်ပေးနိုင်တဲ့ အာဟာရဓာတ်တွေ များစွာ ပါဝင်နေပါတယ်။ ဒါကြောင့် ကိုယ့်ကလေး အသက် ၆လအထိကို မိခင်နို့တစ်မျိုးတည်း ဝဝလင်လင် တိုက်ကျွေးဖို့ လိုအပ်ပါတယ်နော်။ ကလေး အသက် ၆လပြည့်ပြီးတဲ့အခါ မိခင်နို့အပြင် ဖြည့်စွက်စာ၊ အာဟာရပြည့်နို့မှုန့်တွေပါ ရောတိုက်နိုင်ရင် ပိုကောင်းပါတယ်။

၃။ ကလေးကြီးလာတဲ့အခါ အစာအာဟာရကို စုံလင်စွာ ကျွေးပေးပါ။

ဒီခေတ်မှာ အာဟာရမပြည့်လို့ ပိန်လွန်း၊ ဝလွန်းနေတဲ့ ကလေးတွေ အရမ်းများလာတာ သတိထားမိမှာပါ။ အဓိကတရားခံကတော့ ကလေးဗိုက်ဝရင်ပြီးရော၊ သူတို့ ကြိုက်တာစားပါစေဆိုပြီး လွှတ်ပေးလိုက်တာကြောင့်ပါပဲ။ ကြီးထွားဖွံ့ဖြိုးနေဆဲအရွယ်မှာ အာဟာရမဖြစ်တဲ့ အသင့်စားအစားအစာတွေ၊ ဆီကြော်၊ အချိုများတဲ့ မုန့်၊ အအေးဖျော်ရည်တွေပဲ ကျွေးနေရင်တော့ ကလေးရဲ့ ကျန်းမာရေးအပြင် ဦးနှောက်ဉာဏ်ရည်ကိုပါ သွားပြီးထိခိုက်စေနိုင်ပါတယ်။

ဒါကြောင့် ကလေးရဲ့ နေ့စဉ်အစာအာဟာရ ပြည့်ဝနေစေဖို့ မေမေတို့ကိုယ်တိုင် သေချာချက်ပြုတ်ပြင်ဆင်ပေးပါ။ အသား၊ ငါး၊ ဟင်းသီးဟင်းရွက်၊ ပဲအမျိုးမျိုး၊ ဥအမျိုးမျိုး၊ အစေ့အဆန်တွေကို စုံလင်စွာ ကျွေးပေးပါ။ မုန့်ပဲသရေစာအနေနဲ့ သစ်သီးဝလံတွေကို စားချင်စဖွယ်ဖြစ်အောင် ပြင်ဆင်ပြီး ကျွေးပါ။ အိပ်ခါနီး နွားနို့နွေးနွေးလေး တစ်ခွက် တိုက်ပြီးမှ အိပ်ခိုင်းပါ။

၄။ ကလေးရဲ့ ဝါသနာကို ပြုစုပျိုးထောင်ပေးပါ။

လူတချို့ရဲ့ အမြင်မှာ ဝါသနာဆိုတာ အချိန်ကုန် အကျိုးမရှိတဲ့အလုပ်သက်သက်လို့ ယူဆထားတာကြတာမျိုးတွေ ရှိပါတယ်။ တကယ်တော့ ဒီလိုဝါသနာက ကလေးအရွယ်မှာသာမက လူကြီးတွေမှာလည်း ရှိနေဖို့လိုပါတယ်။ အထူးသဖြင့် ကလေးတွေ ကိုယ်ဝါသနာပါတာ လုပ်နေရတဲ့အခါ တီထွင်ဖန်တီးနိုင်စွမ်းနဲ့ ဦးနှောက်ဉာဏ်ရည်ကို ထက်အောင် သွေးပေးလိုက်သလို ဖြစ်သွားပါတယ်။

ဒါကြောင့် ကလေးကို အားလပ်ချိန်တစ်ချိန် သတ်မှတ်ပေးထားပြီးတော့ သူတို့ ဝါသနာပါတဲ့၊ ပျော်ရွှင်စေတဲ့ အရာတွေကို လုပ်ခွင့်ပေးလိုက်ပါ။ မိဘတွေအနေနဲ့ ကိုယ့်ကလေး ဘာကိုဝါသနာပါလဲဆိုတာ အမြဲလေ့လာအကဲခတ်နေဖို့ လိုပြီး သူတို့ဝါသနာအတွက် အထောက်အကူဖြစ်စေမယ့်အရာတွေကို ဝယ်ပေးပါ။ ဝါသနာဆိုတဲ့ နေရာမှာ ကလေးရဲ့ပျော်ရွှင်မှုကိုသာ ဦးစားပေးပြီး ရွေးချယ်ခွင့်ပေးပါ။ အဓိကကတော့ ကလေးဘဝကို စာချည်းပဲလုပ်ပြီး ကုန်ဆုံးသွားတာမျိုး မလုပ်ပါနဲ့။

၅။ ကလေးကို အိမ်ထဲမှာပဲ လှောင်ပိတ်မထားပါနဲ့။

ပညာရေးသည် အရေးကြီးတာမှန်ပေမယ့် ကလေးဆိုတာ အရာရာကို စူးစမ်းလေ့လာချင်စိတ်ရှိတဲ့အရွယ်ကောင်းပါ။ ဒီလိုအရွယ်မှာ အသစ်အဆန်းတွေကို လေ့လာမယ့်အစား ထိုင်ခုံမှာပဲ ငြိမ်ငြိမ်လေးထိုင်ပြီး စာလုပ်နေတော့ ကိုယ်လက်လှုပ်ရှားမှု မရှိဘူး။ အဲ့ဒီအခါ ကလေးက ဦးနှောက်ကထိုင်းမှိုင်းလာပြီး စာလုပ်ချင်စိတ် နည်းသွားတယ်။ တီထွင်ဖန်တီးနိုင်စွမ်း ကျဆင်းလာတယ်။ ကျန်းမာရေးဘက်ကနေ ကြည့်ရင်လည်း အဝလွန်လာတော့ ကလေးရဲ့ အနာဂတ်မှာ ရောဂါတွေ အလွယ်တကူဝင်ရောက်လာနိုင်ပါတယ်။ ဒါကြောင့် ကလေးရဲ့ တစ်နေ့တာအတွက် စာလုပ်ချိန်တန် စာလုပ်၊ ကစားချိန်တန် ကစား၊ စားချိန်တန် စား အချိန်ဇယားတစ်ခု သတ်မှတ်ထားပေးဖို့လိုပါတယ်။

၆။ ကလေးရဲ့ ကျန်းမာရေးကိုလည်း ဂရုစိုက်ပါ။

ကလေးဆိုတာ ကိုယ်ခံအားနည်းတဲ့အတွက် လူကြီးတွေထက်ပိုပြီး ဖျားနာလွယ်ပါတယ်။ ဒါကြောင့် မေမေတွေအနေနဲ့ ကလေးအလွယ်တကူ နေမကောင်းမဖြစ်စေဖို့ အိပ်ချိန်ကို တစ်နေ့ ၈နာရီအနည်းဆုံးရအောင် အိပ်စက်အနားယူခိုင်းပါ။ ညနောက်ကျမှ အိပ်တာမျိုး လုံးဝပေးမလုပ်ပါနဲ့။ အစာအာဟာရကို မျှတစွာ ကျွေးဖို့၊ ကိုယ်လက်လှုပ်ရှားမှု ရှိဖို့ ဂရုစိုက်ပါ။ ကလေးတွေကိုလည်း တစ်နှစ်တစ်ကြိမ် ကျန်းမာရေးစစ်ဆေးမှုပြုလုပ်ပေးပါ။ အာဟာရမပြည့်ဘူးလို့ သံသယရှိရင် ကလေးအထူးကုဆရာဝန်နဲ့ သေချာတိုင်ပင်ပြီး လိုအပ်တဲ့အာဟာရပေါ်မူတည်ပြီး အားဆေးတွေကို တိုက်ပေးလို့ရပါတယ်။

ကလေးထူးချွန်ထက်မြက်ဖို့ဆိုတာ ပညာရေးတစ်ခုတည်းသာမက သူတို့တွေရဲ့ ကျန်းမာရေး၊ အစာအာဟာရ၊ ဝါသနာ၊ အမူအကျင့်၊ ပျော်ရွှင်မှုစတာတွေနဲ့လည်း သက်ဆိုင်တယ်ဆိုတာ မေ့ထားလို့မဖြစ်ပါဘူး။ ဒါကြောင့် ကိုယ့်ကလေးထူးချွန်ထက်မြက်စေဖို့ ခုပြောပြပေးသွားတဲ့အချက်တွေကို မေမေတို့အနေနဲ့ သေချာလိုက်နာပေးဖို့ အကြံပေးလိုက်ချင်ပါတယ်နော်။

Hello ဆရာဝန်ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ မိသားစုဘဝကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲနိဂုံးချုပ်လိုက်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

မေမေတို့ချစ်မဝတဲ့ ဘေဘီလေး

ဘေဘီလေးတွေဟာ အသက် တစ်နှစ်တာမှာ ရုပ်ပိုင်း စိတ်ပိုင်းဆိုင်ရာပါ လျင်လျင်မြန်မြန် ဖွံ့ဖြိုးလာပါတယ်။  ဘေဘီလေးတွေက သူတို့ရဲ့ ပထမနှစ်မှာဘာတွေ ဖွံ့ဖြိုးသလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ကလေးငယ် ဇန်နဝါရီ 18, 2021 . 3 mins read

ဘေဘီလေးတွေမှာ သံဓာတ်လွန်ကဲနေပြီလား

သံဓာတ်ဆိုတာက ဘေဘီလေးတွေအတွက် မရှိမဖြစ် လိုအပ်တဲ့ သတ္တုဓာတ် တစ်မျိုးပါ။ ဘေဘီလေးတိုင်းအတွက် လိုအပ်တဲ့ အာဟာရတစ်မျိုးပေါ့။ ဒါပေမယ့် အလွန်အကျွံမဖြစ်ဖို့လိုပါမယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ကလေးငယ် ဇန်နဝါရီ 14, 2021 . 2 mins read

မေမေတစ်ယောက်အတွက် ဂုဏ်ယူစရာအကောင်းဆုံးက ဘာလဲ……………….

လူတစ်ယောက်စီမှာ ဂုဏ်ယူစရာအကောင်းဆုံး ကိစ္စ အမျိုးမျိုးရှိစမြဲပါ။ ဒီလိုပါပဲ မေမေတွေမှာလည်း ဂုဏ်ယူစရာအကောင်းဆုံး ကိစ္စရပ်တစ်ခု ရှိပါတယ်။ ဒါကတော့............

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ဆောင်းရာသီအတွက် အကောင်းဆုံး စားသောက်နေထိုင်မှုပုံစံ

ဆောင်းတွင်းလို ကာလမျိုးမှာ ပုံမှန်အချိန်ထက် ချမ်းစိမ့်ပြီး ကျန်းမာရေးပြဿနာတွေ ...

ရေးသားသူ Ye Myo Myat

သင့်အတွက် ရွေးချယ်ထားသည်

ကျောင်းနေအရွယ် ကလေးတစ်ယောက် ဖွံ့ဖြိုးမှု

ကျောင်းနေအရွယ် ကလေးတစ်ယောက် ဖွံ့ဖြိုးမှု

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 3, 2021 . 3 mins read
လမ်းလျှောက်တတ်စအရွယ် ကလေးတစ်ယောက် ဖွံ့ဖြိုးမှု

လမ်းလျှောက်တတ်စအရွယ် ကလေးတစ်ယောက် ဖွံ့ဖြိုးမှု

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 3, 2021 . 3 mins read
ကလေးကျန်းမာရေး အကြောင်း

ကလေးကျန်းမာရေး အကြောင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 3, 2021 . 3 mins read
ဘေဘီလေးက ကြက်သွန်ဖြူစားလို့ရလား..............

ဘေဘီလေးက ကြက်သွန်ဖြူ စားလို့ရလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 18, 2021 . 2 mins read