ကလေးများအတွက် ကျန်းမာရေးနှင့်ညီညွှတ်သော သရေစာများ

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.

ကလေးများ ကြီးထွားဖွံဖြိုးမှုအတွက် အစာတစ်ခုတွင် ပါဝင်ရမည့် မရှိမဖြစ်အာဟာရများ များစွာလိုအပ်ပါသည်။ သို့သော် လမ်းလျှောက်စအရွယ်များတွင် အစားကျွေးချိန်၌ စားချင်သလောက် များများစားမည့် ၀မ်းဗိုက်လေးများအတွက်တော့ ခက်ခဲနိုင်သည်။ တစ်နည်းပြောရလျှင် ကလေးကို သေချာထိုင်ခိုင်းပြီး အစာကောင်းကောင်းကျွေးနိုင်ဖို့က မိခင်အတွက် ဒုက္ခတစ်ခုပင်ဖြစ်သည်။

ထို့ကြောင့် အာဟာရပြည့် သရေစာများသည် ကွာဟနေမည့် အာဟာရလိုအပ်ချက်ကို ဖြည့်ဆည်းပေးသည့်နေရာတွင် အရေးပါပါသည်။ ကလေးများတွင် ကျန်းမာရေးနှင့် ညီညွှတ်သော သရေစာများက အခရာကျသော အစာပင်ဖြစ်သည်။

 ကလေးများအတွက် ကျန်းမာရေးနှင့်ညီသော သရေစာစားရန် အချိန်ကောင်းတစ်ခု

ဒီနည်းလမ်းသည် ကလေးများ ကျန်းမာသော ကိုယ်အလေးချိန် ရရှိစေမည့် အခြေခံများဖြစ်သည်။

နည်းနည်းနှင့်ခဏခဏကျွေးခြင်း – ပုံမှန်အစားအစာအား ၆ ကြိမ်ကျွေးမည့်ပုံစံကို ခွဲလိုက်ပါ။ ဆိုလိုသည်မှာ ကလေးများ ၂-၃ နာရီ ခြားတစ်ခါ ထမင်း (သို့မဟုတ်) သရေစာ စားရမည်ဖြစ်သည်။ ထိုသို့ဖြင့် ကလေး၏ ၀မ်းဗိုက်လေး ပြည့်ဝကျေနပ်နေစေနိုင်မည်။ ထို့အပြင် ဒီနည်းသည် ကလေး၏ သွေးတွင်းသကြားဓာတ်နှင့် စွမ်းအင်ရရှိမှုကို တည်ငြိမ်စေနိုင်ပါသည်။

အချိန်ဇယားလုပ်ပါ – အောက်ပါအချက်များကို လိုက်နာပြီး ကလေးများအတွက် နည်းနည်းနှင့်ခဏခဏကျွေးချိန်ကို ပြင်ဆင်သင့်ပါသည်။ မနက်စာ၊ မနက်လည်စာကို ကျန်းမာရေးနှင့်ညီသော သရေစာ ကျွေးပါ၊ နေ့လည်စာ၊ မွန်းလွဲချိန် သရေစာ၊ ညစာ နှင့် မအိပ်ခင် သရေစာ။

စားချင်သလို လွှတ်မစားခိုင်းပါနှင့် – ကလေးများကို တစ်နေကုန် စားမနေပါစေနှင့်။ ထိုသို့ဆိုလျှင် အ၀လွန်သွားနိုင်ပါသည်။

ကျန်းမာရေးနှင့် ညီညွတ်သော သရေစာများတွင် အောက်ပါတို့ပါရမည်။

ကျန်းမာရေးကျွမ်းကျင်သူအများက ကျန်းမာရေးနှင့်ညီသော သရေစာများတွင် ကာဗိုဟိုက်ဒြိတ်၊၊ ပရိုတင်း၊ ဟင်းသီးဟင်းရွက် သို့ သစ်သီးများ ပါသင့်သည်ဟု ဆိုသည်။ သို့သော် တစ်ခါတစ်ရံ ထိုအစားအစာများကို အဓိကအစာမှာ မပါသွားသည့်အာဟာရဓာတ်များကို ဖြည့်ပေးသည့်အစာများဟုသာ သိထားရပါမည်။

ကလေးများအတွက် ကျန်းမာရေးနှင့်ညီမည့် စံပြသွားရေစာများ

  •  နှံစားသီးနှံ အကြမ်းထည် – နှံစားသီးနှံအကြမ်းထည်များကို နွားနို့ သစ်သီးတို့နှင့် ရောစပ်ပါက လိုအပ်သည့် ဗီတာမင်၊ အမျှင်ဓာတ်နှင့် ကယ်လ်စီယမ်တို့ ရရှိနိုင်မည်။
  • စတော်ဘယ်ရီ – ၎င်းတွင် ဗီတာမင်စီ ကြွယ်ဝစွာ ပါ၏။
  • ဒိန်ခဲ – ဤသွားရေစာတွင် ညစာစားချိန်ထိတောင် စွမ်းအင်ပမာဏကို မြင့်နေစေမည့် ပရိုတင်းများ ပါပါသည်။
  • ဒိန်ချဉ် – ဒိန်ချဉ်တွင် အဆီနည်းပြီး ကယ်စီယမ်ကြွယ်ဝ၏။
  • ကန်စွန်းဥ – ကန်စွန်းဥချပ်ပြားများတွင် ဗီတာမင် အေ၊ B6 ၊ စီနှင့် ဖောလစ်အက်စစ်တို့ ပါဝင်ပါသည်။
  •  မြေပဲထောပတ် –  ဒီအစားအစာ၌ များစွာသော ပရိုတင်းနှင့် အမျှင်ဓာတ်များပါသည်။ မိဘများက ဒိန်ချဉ်နှင့် ရက်စ်ဘယ်ရီသီးများရောစပ်ကာ အေးခဲအောင်လုပ်ထားပြီး အရသာရှိရှိနှင့် ကလေးများကို ဆွဲဆောင်နိုင်ပါသည်။
  •  ခေါက်ဆွဲများ – ၎င်းတွင်း ကာဗိုဟိုက်ဒြိတ်များ ကြွယ်ဝစွာပါ၏။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

ရင်းမြစ်များ
သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။