ကိုယ့်ရဲ့ကလေးကို အချိုလျှော့စားအောင် ဘယ်လိုကူညီမလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဇန်နဝါရီ 8, 2021 . 2 mins read
Share now

ကလေးတွေအတွက်တော့ အချိုကြိုက်တာဟာ သဘာဝဖြစ်စဉ်ပေမယ့် မိဘတွေအတွက်တော့ အမြဲ စိုးရိမ်စရာ ကိစ္စတစ်ခုလို ဖြစ်နေတတ်ပါတယ်။ အချိုဓါတ်ကြောင့် ကိုယ့်ရဲ့ ကလေးကျန်းမာရေး ထိခိုက်လာနိုင်လား၊ ကလေးက အချိုတွေ အရမ်းစားနေလား၊ အချိုစားလွန်းတဲ့ ကလေးတွေဟာ သွားနဲ့ ခံတွင်းကျန်းမာရေးမှာ ပြဿနာရှိလာနိုင်လား၊ ကလေးကို တစ်နေ့ကို အချိုဘယ်လောက်နှုန်းကျွေးသင့်လဲ အစရှိသဖြင့် မိဘတွေကြားမှာ အမြဲ မေးခွန်းထုတ်နေရတဲ့ ပြဿနာကြီး တစ်ခုလိုပါပဲ။

ကလေးတွေရဲ့ အချိုကြိုက်တဲ့ သဘာဝ

ကလေးအများစုက အချိုကြိုက်တာ သဘာဝပါ။ ကျန်းမာရေးအတွက် အာဟာရဓါတ် မပေးစွမ်းနိုင်ပေမယ့် ကလေးတွေရဲ့ လျှာက အချိုတွေ၊ အဆီပါဝင်မှုများတဲ့ အစားအစာတွေကို တောင့်တတတ်တာ သဘာဝပါ။ ဒီအမူအကျင့်ကို အတင်းဖျောက်ဖျက်ဖို့ ကြိုးစားတာထက်စာရင် နေ့စဉ် နည်းနည်းစီ ကျွေးပေးတာက ကလေးတွေ အချို အလွန်အကျွံစားတဲ့ ပြဿနာကို ကောင်းကောင်း ထိန်းညှိပေးနိုင်ပါတယ်။

မိဘတွေနဲ့ အချိုပြဿနာ

အချိုဓါတ်ဟာ အာဟာရဓါတ်လည်း မပေးစွမ်းနိုင်တဲ့အပြင် ကိုယ်ခန္ဓါနဲ့သွားကျန်းမာရေးကို ထိခိုက်စေတာ၊ စားသောက်နေထိုင်မှုပုံစံကို ပျက်စီးစေတာ မိဘတွေက နားလည်ထားပေမယ့် ကလေးတွေအတွက်တော့ နားလည်မှာ မဟုတ်ပါဘူး။

တချို့မိဘတွေက ကလေးတွေကို အချိုလုံးဝမစားဖို့ ပိတ်ပင်တားမြစ်တယ်။ မစားနဲ့လို့ ပြောရင် ပိုစားချင်လာတာ ကလေးတွေရဲ့ အကျင့်ပါ။ လုံးဝမစားရဘူးလို့ တားမြစ်ထားလေ သူတို့တွေက မရ ရအောင် ခိုးစားမှာပါ။ ဒီတော့ ပြဿနာဟာ နဂိုကထက် ပိုပြီးဆိုးသွားနိုင်ပါတယ်။

တချို့မိဘတွေက ကလေးတွေ စိတ်ချမ်းသာရင်ပြီးရော ဆိုပြီး လွှတ်ပေးထားတယ်။ ဒီအခါမှာ ကလေးတွေ စိတ်တိုင်းကျ အချိုစားရတော့ ပျော်တယ်။ ကြာလာတော့ ကလေးက ကိုယ်အလေးချိန်တက်လာမယ်။ အစားရွေးလာမယ်။ သွားကို ထိခိုက်လာမယ်။ အဝလွန်လာမယ်။ ဆီးချိုရောဂါ စောစီးစွာ ဖြစ်လာနိုင်တယ်။

ဒါကြောင့် ကိုယ့်ရဲ့ ကလေးကို အချိုလျှော့စားဖို့ မိဘတွေက ဘယ်လိုနည်းလမ်းတွေနဲ့ ကူညီလို့ ရမလဲဆိုတာကို ပြောပြပေးမယ်နော်။

၁။ အချိုကို မျှတစွာ စားဖို့ အလေ့အကျင့်လုပ်ပေးပါ။

အချိုမစားရဘူးနော်လို့ ပိတ်ပင်တာထက် တစ်နေ့ကို ပမာဏနည်းနည်းစီ ကျွေးလို့ ရပါတယ်။ အချိုကို နေ့စဉ် ပမာဏနည်းနည်းနဲ့ ပုံမှန်လေး စားပေးတဲ့ကလေးဟာ ကျန်းကျန်းမာမာနဲ့ ကြီးပြင်းသွားနိုင်သလို အချို အလွန်အမင်းစားတတ်တဲ့ အလေ့အကျင့်လည်း ဖြစ်လာတော့မှာ မဟုတ်ပါဘူး။

၂။ ကိုယ်တိုင်လုပ်တဲ့ အချိုမုန့်တွေ ကျွေးပေးပါ။

ပိတ်ရက်တွေမှာ အိမ်မှာ မုန့်အတူလုပ်စားကြတာဟာ မိသားစုတွေအတွက် ကောင်းတဲ့ အလေ့အကျင့်တစ်ခုပါ။ အပြင်မှာ ဝယ်လို့ရတဲ့ မုန့်တွေထက်စာရင် အိမ်မှာ ကိုယ်တိုင်လုပ်တဲ့ မုန့်တွေကို သကြားလျှော့ထည့်လို့ရတဲ့အပြင် ကိုယ့်ကလေးအတွက် အာဟာရလည်း ဖြစ်စေမယ့် ပါဝင်ပစ္စည်းတွေကို ပိုထည့်ပေးလို့ရပါတယ်။

၃။ သကြားပါဝင်မှုများတဲ့ အအေးတွေကို သတိထားပါ။

စတိုးဆိုင်မှာ အလွယ်တကူဝယ်လို့ ရတဲ့အအေးတွေ၊ အချိုရည်တွေမှာ သာမန်မုန့်တွေထက် သကြားပါဝင်နှုန်း ပိုများနေတတ်တာကို တွေ့ရပါတယ်။ ဒီလို အအေးတွေဟာ ကလေးတွေရဲ့ အချိုစားချင်စိတ်ကို နှိုးဆွပေးနိုင်တဲ့အရာတွေပါပဲ။ သကြားဓါတ်များတဲ့ အအေးတွေ အစား သီးနှံတွေကို သေချာကြိတ်ထားတဲ့ ဖျော်ရည်တွေ၊ သဘာဝနွားနို့ ဒါမှမဟုတ် ရေကိုပဲ အဓိက တိုက်ပေးပါ။

၄။ အချိုနဲ့ပတ်သက်ပြီး အထူးတလည် ဂရုစိုက်တာမျိုး မလုပ်ပါနဲ့။

မိဘတွေက အချိုနဲ့ပတ်သက်လာရင် အရမ်း ဂရုစိုက်တတ်ကြတယ်။ ဥပမာ – ဟင်းရွက်ကိုကုန်အောင် စားပြီးရင် ဆုချတဲ့အနေနဲ့ သကြားလုံး၊ ကိတ်မုန့် စတဲ့ အချိုတွေ ကျွေးတာမျိုး၊ အကဲပိုပြီး အချိုကို လုံးဝမစားရ ဆိုပြီး အမိန့်ထုတ်ထားတာမျိုးတွေဟာ ကလေးရဲ့ အချိုစားချင်တဲ့စိတ်ကို ပိုပြီး နှိုးဆွပေးနိုင်ပါတယ်။ ဒါကြောင့် အချိုမုန့်တွေနဲ့ ပတ်သက်ပြီး အထူးတလည် ဂရုစိုက်တဲ့ပုံစံမျိုး မလုပ်ပဲ ပုံမှန်စားနေကျ အစားအစာတစ်ခုလိုပဲ သဘောထားပေးပါ။

၅။ ကလေးတွေ မြင်တဲ့နေရာမှာ အချိုမုန့်တွေ မထားပါနဲ့။

ကလေးတွေ မြင်နိုင်တဲ့နေရာ၊ အလွယ်တကူ လှမ်းယူလို့ ရတဲ့နေရာမျိုးမှာ သကြားလုံးတွေ၊ ကွတ်ကီးတွေ ထားမဲ့အစား အရောင်စုံ သစ်သီးဝလံတွေကို ပြထားတာက ကလေးတွေရဲ့ စားသောက်မှုပုံစံကို ကောင်းသော အကျိုးသက်ရောက်မှု ရှိစေပါတယ်။

ထမင်းစားပြီးတဲ့အခါမှာလည်း သစ်သီးတွေကို သေချာပြင်ဆင်ပြီး ကလေးတွေကို ကျွေးတဲ့ အလေ့အကျင့်မျိုး လုပ်ထားသင့်ပါတယ်။

၆။ ကလေးတွေအတွက် စံနမူနာ ဖြစ်ပါစေ။

အတုမြင်၊ အတတ်သင် လွယ်တဲ့ ကလေးတွေဟာ မိဘတွေရဲ့ နေထိုင်ပုံတွေကို အမြဲလေ့လာနေပြီး အတုယူတတ်ကြပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ ကလေးကို ကျန်းမာပြီး အာဟာရရှိစေတဲ့ အစားအစာတွေကိုပဲ စားစေချင်တယ်ဆိုရင် ကိုယ်တိုင်က စပြီး ပြောင်းလဲဖို့ အရေးကြီးပါတယ်။

ထမင်းစားပြီး အချိုတည်းတဲ့ အမူအကျင့်တွေ၊ ရုပ်ရှင်ကြည့်ရင်း မုန့်ပဲသရေစာ စားတတ်တဲ့အကျင့်တွေ အစရှိတဲ့ မှားယွင်းနေတဲ့ စားသောက်နေထိုင်ပုံ အမူအကျင့်တွေကို မိဘတွေဘက်က အရင်ဆုံး ပြင်ဆင်သင့်ပါတယ်။

ဘယ်လို အပြုအမူတွေကို ရှောင်ကြဉ်သင့်လဲ။

အချိုစားတဲ့ ကလေးတွေကို အပြစ်တင်ဆူပူတာ၊ အချိုလုံးဝမစားရဘူးလို့ တားမြစ်တာမျိုး ရှောင်ကြဉ်ပေးပါ။ ကလေးတွေ အချိုစားတာ ပြဿနာ မဟုတ်ပါဘူး။ အလွန်အကျွံ မစားမိဖို့သာ အရေးကြီးတာပါ။

ကိုယ့်ကလေးရဲ့ တစ်နေ့တာ စားသင့်တဲ့ အချိုပမာဏကိုတော့ သေချာ အကန့်အသတ်လုပ်ပေးဖို့ အရေးကြီးပါတယ်။ ကလေးတွေရဲ့ စားသောက်နေထိုင်မှု ပုံစံဟာ လူကြီးတွေရဲ့ အပြုအမူပေါ်မှာ အများကြီး သက်ရောက်မှုရှိနေတာကို မမေ့သင့်ပါဘူး။ ကိုယ့်ရဲ့ တစ်နေ့တာ လိုအပ်တဲ့ အာဟာရတွေ ပြည့်ဝစွာ ရရှိဖို့အတွက် အစားအသောက်ကို သေချာစီမံခန့်ခွဲပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

သွားကျန်းမာရေးကို အများဆုံးထိခိုက်စေသော အစားအစာ ၈ မျိုး

သွားကျန်းမာရေး သွားနဲ့ခံတွင်း သွားဖုံးရောဂါများ အပေါ်ယံကြွေလွှာ သွားပွတ်ကြိုး သွားကျောက်တည်ခြင်း ချိုချဉ်များ ချောကလက် ပေါင်မုန့်များ အာလူးကြော်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr.Thant Zin

ကလေးရဲ့သွား ကျန်းမာကြံ့ခိုင်စေမယ့် အာဟာရ (၆) မျိုး

သွားပုံမှန်တိုက်ပေးရုံနဲ့ ကလေးတွေရဲ့သွားကျန်းမာရေးအတွက်ပြီးပြည့်စုံပြီလို့ ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon

ကိုယ့်ကလေး အဝမလွန်အောင် ဘယ်လိုပြုစုစောင့်ရှောက်မလဲ

အဝလွန်တယ်ဆိုတာ ဘယ်အရွယ်အတွက်မဆို ကောင်းတဲ့အရာတစ်ခုတော့ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat

အချိုစားသုံးမှုများတဲ့ ကလေးတွေရဲ့ ကျန်းမာရေးအန္တရာယ်

သကြားပါဝင်မှုများတဲ့ အစားအစာ၊ ဖျော်ရည်တွေဟာ ကလေးတွေအတွက် ကျန်းမာရေးကို ထိခိုက်စေတဲ့အပြင် ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat

သင့်အတွက် ရွေးချယ်ထားသည်

အရိုးပွခြင်းကို ကာကွယ်နိုင်ဖို့ ဆင်ခြင်သင့်တဲ့ အစားအသောက်တွေ

အရိုးပွခြင်းကို ကာကွယ်နိုင်ဖို့ ဆင်ခြင်သင့်တဲ့ အစားအသောက်တွေ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 27, 2020 . 2 mins read
ကိုယ်အလေးချိန် လျှော့ချလိုသူများ ရှောင်ကြဉ်သင့်သော စားသောက်ဖွယ်ရာများ

ကိုယ်အလေးချိန် လျှော့ချလိုသူများ ရှောင်ကြဉ်သင့်သော စားသောက်ဖွယ်ရာများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 17, 2020 . 2 mins read
အရိုးအဆစ်တွေကို ထိခိုက်စေနိုင်တဲ့ အပြုအမူ (၁၀) မျိုး

အရိုးအဆစ်တွေကို ထိခိုက်စေနိုင်တဲ့ အပြုအမူ (၁၀) မျိုး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 17, 2019 . 2 mins read
အချိုရည်စွဲနေတဲ့ ကလေးကို ဘယ်လိုဖျောင်းဖျဆွဲဆောင်မလဲ

အချိုရည်စွဲနေတဲ့ ကလေးကို ဘယ်လိုဖျောင်းဖျဆွဲဆောင်မလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 26, 2019 . 2 mins read