ကလေးတွေရဲ့အသားအရေက နူးညံ့လွန်းတာကြောင့် သူတို့လေးတွေအတွက် အသုံးအဆောင်ပစ္စည်းရွေးချယ်ရတာလွယ်တဲ့အလုပ်မဟုတ်ပါဘူး။ အသားအရေထိန်းသိမ်းရေးပစ္စည်းတွေဆို ရွေးရပိုခက်ပါတယ်။ ထုတ်ကုန်ထဲမှာ ဘာတွေပါမလဲ၊ ဓာတုပစ္စည်းတွေပါနေမလား၊ ကလေးနဲ့တည့်ပါ့မလား စိုးရိမ်နေရတယ်ဆိုရင် ဒါမှမဟုတ် ကိုယ့်ကလေးက တုံ့ပြန်လွယ်အသားအရေဖြစ်ရင် သဘာဝပစ္စည်းတွေကို သုံးတာကောင်းပါတယ်။ သဘာဝပစ္စည်းတွေက ကုန်ကျစရိတ်သက်သာသလို စီမံပြုပြင်ထားတဲ့ကုန်ပစ္စည်းတွေထက် ကလေးအသားအရေ အတွက် ထိခိုက်မှု၊ဘေးထွက်ဆိုးကျိုးနည်းစေမှာပါ။