backup og meta

ညစ်ပေတဲ့အရာတွေနဲ့ ကစားမိရာကနေ ကလေးမှာဖြစ်လာတဲ့ အရေပြားပြဿနာတွေကို ဘယ်လိုဖြေရှင်းမလဲ


Aye Thi Mon မှ ရေးသားသည်။ · 28/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးဆိုတာမျိုးကတော့ အမြဲလိုလိုဆော့ကြမှာပါပဲ။ ဒါပေမယ့်ဆော့တဲ့နေရာမှာ မသန့်ရှင်းတဲ့အရာတွေနဲ့ဆော့မိတဲ့အခါ ကလေးရဲ့အရေပြားမှာပြဿနာတွေဖြစ်လာနိုင်ပါတယ်။ ကလေးကိုဆော့တဲ့အခါ ဘာတွေနဲ့တော့ဆော့လို့ရတယ်။ ဘာတွေနဲ့ဆော့လို့မရဘူးလို့တော့ပြောပြဖို့က မလွယ်သလို ကလေးကစားနေတာကို တစ်ချိန်လုံးလိုက်ကြည့်နေဖို့ဆိုတာလည်း မဖြစ်နိုင်ပါဘူး။ ဒါကြောင့် မိဘတွေအနေနဲ့ ကလေးငယ်တွေ ညစ်ပေတဲ့အရာတွေနဲ့ဆော့လို့ဖြစ်လာတဲ့ အရေပြားပြဿနာတွေကို ဘယ်လိုပျောက်ကင်းအောင်စောင့်ရှောက်မှုပေးရမလဲဆိုတာကို သိထားဖို့လိုအပ်မယ်ထင်ပါတယ်။ ကလေးတွေမှာဖြစ်တတ်တဲ့ အရေပြားပြဿနာတွေကို ဘယ်လိုကုသစောင့်ရှောက်မှုပေးရမလဲဆိုတာကို အခုဆောင်းပါးလေးထဲမှာပြောပြပေးချင်ပါတယ်။

    ညစ်ပေတဲ့အရာတွေနဲ့ဆော့တဲ့အခါ အခုလိုအရေပြားပြဿနာတွေဖြစ်လာနိုင်ပါတယ်

    နှင်းခူ

    ကလေးငယ်လေးတွေမှာဖြစ်တတ်တဲ့ အရေပြားပြဿနာတွေထဲက တစ်ခုပါ။ မျိုးရိုးရှိတဲ့ကလေးငယ်တွေမှာ ပိုဖြစ်နိုင်ပါတယ်။ ညစ်ပေတဲ့အရာတွေနဲ့ထိတွေ့တာ၊ အသားအရေကိုသေချာမထိန်းသိမ်းတာကြောင့် အသားအရေခြောက်သွေ့တာကနေတဆင့် အရေပြားမှာ နှင်းခူဖြစ်နိုင်ပါတယ်။ နှင်းခူဖြစ်တဲ့အခါ အရေပြားက နီမြန်းယားယံပြီး အရေခွံလန်တာမျိုးတွေဖြစ်နိုင်ပါတယ်။

  • ကလေးအရေပြားမှာ နှင်းခူမဖြစ်စေချင်ဘူးဆိုရင်တော့ ကလေးအရေပြားကို အစိုဓါတ်ထိန်းပေးရပါမယ်။
  • Baby Oil ဒါမှမဟုတ် Baby Lotion တစ်ခုခု လူးပေးရပါမယ်။
  • ကလေးထိတွေ့မယ့်အရာတွေကို သန့်ရှင်းအောင်ထားပေးရပါမယ်။
  • ပွေး

    ပွေးက ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ပြဿနာတစ်ခုပါ။ပွေးက အရေပြားမှာ မှိုပိုးဝင်တာကြောင့်ဖြစ်ရတာဖြစ်ပါတယ်။ သန့်ရှင်းမှုမရှိတဲ့ ပတ်ဝန်းကျင်အနေအထားတွေနဲ့ ထိတွေ့မိတဲ့အခါ ကလေးအရေပြားမှာ မှိုပိုးကူးစက်ခံရပြီး အရေပြားမှာ အနီရောင်အကွက်တွေဖြစ်လာတာမျိုးပါ။ပွေးပျောက်ချင်တယ်ဆိုရင်တော့ ကလေးအရေပြားကို မှိုသေစေနိုင်တဲ့ဆေးတစ်မျိုးမျိုးလူးပေးရပါမယ်။

    ဝဲ

    ဝဲကလည်း ကူးစက်တတ်တဲ့ အရေပြားပြဿနာတော့မဟုတ်ပါဘူး။ အရေပြားပေါ်မှာ ဝဲဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားလေးတွေကပ်ညှိရာကနေဖြစ်လာတဲ့ အရေပြားအနာတစ်မျိုးပါ။ သဲတွေ၊ရွှံ့တွေနဲ့ကစားပြီးသေချာစင်ကြယ်အောင် မဆေးကြောတဲ့အခါ ဝဲဖြစ်စေတဲ့ ဘက်တီးရီးယားတွေက အရေပြားအပေါ်ယံလွှာမှာ ကပ်ညှိပါလာပြီး ဥတွေဥချရာကနေ အရေပြားအနာတစ်မျိုးဖြစ်တဲ့ ဝဲတွေဖြစ်လာရတာဖြစ်ပါတယ်။

    • အရေပြားယားယံတာတွေဖြစ်မယ် (ညပိုင်းမှာ ပိုဆိုးမယ်)
    • အနီရောင်အဖုအပိမ့်လေးတွေဖြစ်မယ်
    • အရေပြားကွာတာမျိုးဖြစ်မယ်
    • ယားယံကုတ်ခြစ်တာကနေ အနာတွေဖြစ်လာမယ် ဆိုရင်တော့ ကလေးမှာ ဝဲဖြစ်နေတာပါ။

    ဝဲဖြစ်တဲ့အခါ ဝဲပျောက်စေတဲ့ဆေးတွေလူးပေးလို့ရသလို ကလေးကငယ်သေးတာကြောင့်ဆေးတွေကို ဆရာဝန်ညွှန်ကြားချက်မပါဘဲ လူးပေးရမှာကို စိုးရိမ်တယ်ဆိုရင်တော့ ဆရာဝန်နဲ့ပြသပြီး ကုသမှုခံယူရပါမယ်။

    ကြွက်နို့

    ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ အရေပြားပြဿနာတစ်မျိုးပါ။ တစ်ဦးဆီကနေ တစ်ဦးဆီကို ကူးစက်နိုင်သလို ခန္ဓါကိုယ် အစိတ်အပိုင်း တစ်ခုဆီကနေတစ်ခုဆီကိုလည်း ကူးစက်နိုင်ပါတယ်။ ကြွက်နို့ကခြေဖဝါးနဲ့ လက်ချောင်းလေးတွေမှာ အသားမာတက်သလို ဖုလေးတွေဖြစ်တာ များပါတယ်။ ကြွက်နို့ဖြစ်တဲ့အခါ လှီးထုတ်တာမျိုး ကုတ်ဖဲ့တာမျိုးတွေမလုပ်ပါနဲ့။ အရေပြားမှာ ကြည့်ရဆိုးတဲ့ အမာရွတ်တွေဖြစ်လာနိုင် တာကြောင့်ပါ။ ကြွက်နို့ကို တတ်သိနားလည်သူတွေနဲ့ပြသပြီး ဖယ်ရှားပစ်ရပါမယ်။ ဒီလိုဖယ်ရှားတဲ့နေရာမှာလည်း အချိန်ပေးပြီး စိတ်ရှည်ရှည်နဲ့လုပ်ရမှာဖြစ်ပါတယ်။

    အနာပိုးဝင်နိုင်တယ်

    တကယ်လို့များ ကလေးမှာ ထိခိုက်ရှနာတစ်ခုခု ဒါမှမဟုတ် ပွန်းပဲ့ထားတဲ့ ဒဏ်ရာတွေရှိနေရက်နဲ့ အနာကိုသေချါဖုံးအုပ်ထားတာမျိုး မရှိဘဲ ညစ်ပေတာတွေနဲ့ဆော့မယ်ဆိုရင် အနာကိုပိုးဝင်တာမျိုးဖြစ်လာနိုင်ပါတယ်။ အနာက ကျက်ဖို့ကြာနေမယ်၊ပြည်တည်မယ်၊ နာတဝိုက်ကနွေးနေမယ်ဆိုရင်တော့ ကလေးအနာမှာ ပိုးဝင်နေတာဖြစ်နိုင်ပါတယ်။ တစ်ခါတလေ ဖျားတာမျိုးတောင်ဖြစ်နိုင်ပါတယ်။ ဒီလိုမျိုးတွေဖြစ်နေမယ်ဆိုရင်တော့ ကလေးကို နီးစပ်ရာဆေးခန်းကို အမြန်ဆုံးခေါ်သွားရပါမယ်။

    သဲဝဲစားခြင်း

    ကလေးငယ်လေးတွေအနေနဲ့ မိုးရာသီလိုမျိုး ရာသီဥတုအနေအထားမှာ ရွှံ့တွေ၊ဗွက်တွေနဲ့ကစားတာ၊ မိုးရေကြောင့် ဗွက်ထနေတဲ့နေရာတွေထဲမှာဆော့တဲ့အခါမျိုးမှာလည်းခြေထောက်မှာ သဲဝဲစားတာမျိုးတွေဖြစ်နိုင်ပါတယ်။ ကလေးကညစ်ပေတာတွေနဲ့ဆော့ပြီးတဲ့အခါခြေထောက်တွေကို သန့်အောင်ဆေးကြောပြီးခြောက်သွေ့အောင်ထားပေးရပါမယ်။ခြေထောက်မှာသဲဝဲစားတာမျိုး ဖြစ်မယ်ဆိုရင် ကလေးကို သဲဝဲသက်သာစေတဲ့ဆေးတွေလူးပေးဖို့လိုပါမယ်။

    ကလေးက ညစ်ပေတဲ့ အရာတွေနဲ့ဆော့တဲ့အခါ

    • ဘေဘီလေးတွေမှာ အခုပြောပြခဲ့တဲ့ပြဿနာတွေမဖြစ်စေဖို့အတွက် ကလေးကို အရမ်းညစ်ပေနေတဲ့အရာတွေနဲ့ မဆော့မိအောင် ဂရုစိုက်ပေးရပါမယ်။
    • ကလေးက ညစ်ပေတဲ့အရာတွေနဲ့ ဆော့မိတဲ့အခါမျိုးမှာလည်း ဆပ်ပြာကိုသုံးပြီး သေချာစင်ကြယ်အောင်ဆေးကြောသန့်စင်ပေးတာမျိုးလုပ်ပေးရပါမယ်။
    • ညစ်ပေတဲ့အရာတွေနဲ့ဆော့တဲ့အခါ အရေပြားမှာ အနာတွေဖြစ်နိုင်တယ်ဆိုတာကိုလည်းပြောပြပေးထားသင့်ပါတယ်။
    • ကလေးက ညစ်ပေတဲ့အရာတွေနဲ့ဆော့လာတဲ့အခါ ဆူတာမျိုးမလုပ်ဘဲ၊သေချာနားဝင်အောင်ပြောပြပေးရပါမယ်။
    • ကလေးရဲ့ တစ်ကိုယ်ရည်သန့်ရှင်းရေးကိုလည်း မပြတ်ဂရုစိုက်ပေးဖို့လိုအပ်မှာဖြစ်ပါတယ်။

    ဖေဖေမေမေတို့အနေနဲ့ အခုဖော်ပြခဲ့တဲ့ နည်းလမ်းလေးတွေအတိုင်း သားသားမီးမီးလေးတွေကို ဂရုစိုက်ပေးပြီး အရေပြားပြဿနာကင်းစင်တဲ့ သားသားမီးမီးလေးတွေအဖြစ် ပျိုးထောင်နိုင်ကြပါစေကြောင်း

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 28/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement