backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

ဆောင်းရာသီ မှာ ကလေးတွေကြုံရတတ်တဲ့ အရေပြားပြဿနာများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 09/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ဆောင်းရာသီ မှာ ကလေးတွေကြုံရတတ်တဲ့ အရေပြားပြဿနာများ

ကလေးငယ်တွေရဲ့ အသားအရေက နုနယ်လွန်းလို့ ဆောင်းရာသီ ရဲ့လေအေးတွေနဲ့ ထိတွေ့တဲ့အခါ ခြောက်သွေ့မှုဒဏ် အတော် ခံစားရတတ်ပါတယ်။ အရေပြား ခြောက်သွေ့မှုက ကလေးတွေ အတွက် နောက်ဆက်တွဲ ပြဿနာများ စေတဲ့ အကြောင်းရင်း တစ်ခုလည်း ဖြစ်ပါတယ်။ ဆောင်းရာသီမှာ ကလေးတွေမှာ အဖြစ်များတဲ့ အရေပြားပြဿနာတွေကို ဂရုစိုက်ပြီး ကာကွယ်သင့်တာ ကာကွယ်၊ ကုသသင့်တာကုသမှ ရောဂါ ကင်းစင်ပြီး အသားအရေ ကြည်လင်လှပတဲ့ သားသမီးရတနာလေးတွေ ဖြစ်စေမှာပါ။ ကဲ …. ဆောင်းရာသီ မှာ ကလေးတွေကြုံရတတ်တဲ့ အရေပြားပြဿနာများ အကြောင်း လေ့လာလိုက်ရအောင်နော်။

ဆောင်းရာသီ မှာ ကလေးတွေကြုံရတတ်တဲ့ အရေပြားပြဿနာများ

ဆောင်းရာသီ မှာ ကလေးတွေကြုံရတတ်တဲ့ အရေပြားပြဿနာများ ကတော့ –

မိတ်ထွက်တယ်ဆိုတာနွေရာသီမှာပဲဖြစ်တာမဟုတ်ပါဘူး။ ရာသီဥတုအေးတယ်ဆိုပြီး ကလေးကို အဝတ်တွေအထပ်ထပ်ဝတ်ပေးထားတာများနေရင်လည်း ချွေးပေါက်လေးတွေပိတ်ပြီး မိတ်ဖုလေးတွေထွက်စေတတ်ပါတယ်။ ကလေးကိုရေဖတ်တိုက်ပေးတာ၊ကြက်သီးနွေး ရေနဲ့ရေချိုးပေးတာက အသားအေးစေပြီး အရေပြားကို ချွေးပေါက်ပွင့်စေနိုင်တာကြောင့်မိတ်ယားသက်သာစေမှာပါ။ မိတ်ဖုတွေပေါ်ကို လိုးရှင်းတွေလိမ်းတာက အကူအညီမဖြစ်စေတဲ့အပြင် ချွေးပေါက်တွေပိတ်စေလို့ ပိုဆိုးစေနိုင်ပါတယ်။ ကလေးကို ပိတ်လှောင်နေအောင် အထပ်ထပ်မဝတ်ပေးပါနဲ့၊ ပူအိုက်နေပုံရရင် အနွေးထည်တွေချွတ်ပေးပါ။

ဆောင်းရာသီမှာဖြစ်တဲ့ အသားပပ်ခြင်းက အရေပြားခြောက်သွေ့၊နီရဲပြီး အရေခွံကွာတာဖြစ်ပြီး ကလေးငယ်တွေမှာဆို မျက်နှာနဲ့လက်တွေမှာဖြစ်တတ်ပါတယ်။ နှုတ်ခမ်းလေးတွေခြောက်သွေ့အက်ကွဲတာ၊ ပါးမှာ အသားပပ်တာတွေဖြစ်တတ်ပါတယ်။ ကလေးတွေက နှုတ်ခမ်းခြောက်တဲ့အခါ လျှာလေးထုတ်၊နှုတ်ခမ်းသပ်တတ်ကြတဲ့အခါ တံထွေးကနှုတ်ခမ်းပိုခြောက်စေပါတယ်။ ဒါ့ကြောင့် အစိုဓါတ်ထိန်းဖို့ အမွှေးနံ့မပါတဲ့hypoallergenic လိုးရှင်း၊ ခရင်မ်စတဲ့ အဆီတစ်ခုခုနဲ့ ကလေးရဲ့ပါးကို အစိုဓါတ်ထိန်းပေးနိုင်ပါတယ်။ နှုတ်ခမ်းလေးတွေကိုတော့ ကလေးတွေအတွက်ထုတ်တဲ့ lip balmလေးတွေဆိုးပေးပါ။

ကလေးတွေရဲ့ လက်၊ခြေထောက်၊ ဦးရေပြား၊ နဖူးနဲ့ပါးတို့မှာ နှင်းခူ ဖြစ်လာတတ်ပါတယ်။ အသားခြောက်လွန်းပြီး ယားယံတဲ့ နှင်းခူဟာ ဓါတ်မတည့်ခြင်းလိုပဲ မိသားစုထဲမှာ မျိုးရိုး လိုက်တတ် ပါတယ်။ နှင်းခူက ဆောင်းတွင်းရဲ့ ခြောက်သွေ့တဲ့လေ သို့မဟုတ် နွေရာသီရဲ့အပူနဲ့ချွေးတို့ကြောင့် ပိုဆိုးတတ်ပါတယ်။ လိုးရှင်းတွေ၊ အဝတ်လျှော်ဆပ်ပြာတွေနဲ့ခေါင်းလျှော်ရည်တွေမှာပါတဲ့ အမွှေးနံ့နဲ့ဓါတုပစ္စည်းတွေအပြင်polyester အဝတ်အထည်တွေကလည်း အရေပြားကို ပိုထိခိုက်စေပါတယ်။ ကလေးကို တစ်နေ့နှစ်ကြိမ် ရေချိုးပေးတာ၊ ရေဖတ်တိုက်ပေးတာက အရေပြားကို ရေဓါတ်ပြည့်ဝစေပါလိမ့်မယ်။

  • Cradle cap (ဦးရေပြားရောင်ခြင်း)

Cradle cap ဟာ ကလေးရဲ့ ဦးရေပြားက အဆီဂလင်းတွေမှာ အဆီတွေ များလာတဲ့အခါ ဖြစ်လာတဲ့ အရေပြားပြဿနာပါ။ အဆီတွေပြန်နေပြီး အဝါရောင်အဖတ်တွေကွာလာတတ်ပါတယ်။Cradle cap ကဘေးအန္တရာယ်မရှိသလို ကလေးအသက် ၆လ ကနေ ၈ လအတွင်းမှာ မဖြစ်တော့လောက်ပါဘူး။ ဒီကြားထဲမှာ ဦးရေပြားက အဖတ်တွေကို ဖယ်ရှားနိုင်ဖို့ ခေါင်းမလျှော်ခင် သံလွင်ဆီလေးနဲ့ပွတ်လိမ်းပေးပြီး ဘရက်ရှ်အနုလေးနဲ့အသာအယာဖြီးပေးပါ။

အေးလို့ ကလေးကို အဝတ်တွေအထပ်ထပ်ဝတ်ပေးထားတယ်ဆိုရင်တောင်မှ ဒိုင်ပါကိုမကြာခဏစစ်ကြည့်ပေးပါ။ ကလေးရဲ့ပေါင်ကြားနဲ့တင်ပါး တဝိုက်ဟာ အစိုပြန်ခြင်း၊ ပူလောင်ခြင်း၊ ယားယံခြင်းစတဲ့အရေပြားပြဿနာတွေဖြစ်လွယ်တဲ့နေရာဖြစ်ပါတယ်။ ဒိုင်ပါက ဆီးနဲ့ဝမ်းကြောင့် စိုစွတ်၊ပေကျံနေတာ ကြာသွားရင် ၊ဒိုင်ပါဝတ်တာအရမ်းတင်းကျပ်နေရင်၊သို့မဟုတ် ပူလွန်း၊ချွေးထွက်များလွန်းရင်သေးခံလောင်တဲ့ဝေဒနာဖြစ်စေနိုင်ပါတယ်။

ဆောင်းရာသီ အရေပြားပြဿနာတွေကို ဘယ်လိုကာကွယ်ပေးမလဲ

ဆောင်းတွင်းမှာ ကလေးကိုအသားခြောက်စေတဲ့အကြောင်းရင်းတွေက အများကြီးရှိပါတယ်။ လေပူ၊လေအေးတွေကြောင့်ဆိုတာထက်လေထုတစ်ခုလုံးကိုက ကလေးရဲ့အသားအရေကိုခြောက်သွေ့စေတာဖြစ်ပါတယ်။

  • ရာသီဥတုက အရမ်းအေးနေရင် နှစ်ရက် တစ်ခါတော့ ရေချိုးပေးပါ။ ဒါပေမယ့် ရေချိုးချိန်က မြန်ရပါမယ်။ ရေမချိုးချင်ဘူးဆိုရင် တဘက်နွေးနွေးလေးနဲ့ရေဖတ်တိုက်ပြီးအဝတ်လဲပေးပါ။
  • ရေချိုးပြီးရင်baby lotion သို့မဟုတ် baby moisturiserလေးလိမ်းပေးမှ ကလေးကို အသား မခြောက်အောင် ကာကွယ်ပေးနိုင်မှာပါ။
  • ကလေးကို တစ်နေ့ နှစ်ကြိမ်၊ သုံးကြိမ်လောက် နှိပ်နယ်ပေးပါ။ သံလွင်ဆီ သို့မဟုတ် baby oil ကို အသားထဲ စိမ့်ဝင်အောင် နှိပ်လိမ်းပေးရင်းနဲ့ အသားအရေ နူးညံ့စိုပြေလာစေပါ လိမ့်မယ်။
  • ကလေးရဲ့ အရေပြားကို ရေဓါတ် ဖြည့်တင်းပေးနိုင်ဖို့ ကလေးရဲ့ အသက်အရွယ်ကို လိုက်ပြီး ရေနွေးနွေးလေး တိုက်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 09/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement