အရေပြားအဖတ်လေးတွေလန်ခြင်းကိုသက်သာစေပါတယ်
ကလေးငယ်လေးတွေမှာ မိခင်ဝမ်းကထွက်လာချိန်မှာ အရေပြားပေါ်မှာ vernix လို့ခေါ်တဲ့အလွှာတစ်မျိုးပါလာပြီး အဆိုပါအလွှာကအသားအရေကို ကာကွယ်ပေးထားပါတယ်။ အဆိုပါအရည်တွေကို ဖယ်ရှားလိုက်တဲ့အခါမှာတော့ အသားအရေပြောင်းလဲမှုကစတင်ဖြစ်ပေါ်လာပါတော့တယ်။ ဒီလိုမျိုးအခြေအနေမှာ ကလေးရဲ့အရေပြားကအဖတ်လန်တာမျိုးတွေ ဖြစ်လာပါတယ်။ ကလေးငယ်ရဲ့အရေပြားအဖတ်လန်တာမျိုးအတွက် သီးသန့်ကုထုံးရယ်လို့မရှိပါဘူး။moisturizer လိုမျိုး အရေပြားအစိုဓါတ်ထိန်းတဲ့ အသားအရေထိန်းသိမ်းမှု ပစ္စည်းတစ်မျိုးမျိုးသုံးပေးရင်း သက်သာအောင်လုပ်ဆောင်ပေးရမှာဖြစ်ပါတယ်။
Eczema (နှင်းခူ)ကို ကာကွယ်ပေးပါတယ်။
ကလေးတွေမှာ အဖြစ်များတဲ့ အရေပြားပြဿနာတစ်ခုပါ။ ကလေးငယ်လေးတွေမှာနှင်းခူဖြစ်တဲ့အခါ အပျော့စားmoisturizer ကိုအသုံးပြုပေးလို့ရပါတယ်။ နှင်းခူက မျိုးရိုးလိုက်တတ်တဲ့အရေပြားပြဿနာတစ်မျိုးဖြစ်တာကြောင့် မျိုးရိုးရှိတဲ့ကလေးတွေကိုမွေးကင်းစအရွယ်ကတည်းကmoisturizer လိမ်းပေးမယ်ဆိုရင် နှင်းခူမဖြစ်အောင် ကာကွယ်ပြီးသားဖြစ်မှာပါ။
အရေပြားဓါတ်မတည့်ခြင်းကိုလျှော့ချပေးတယ်။
ကလေးငယ်တွေရဲ့ အရေပြားက လူကြီးအရေပြားထက်ပိုပါးလွှာပြီး နုနယ်တယ်ဆိုတာကပြောစရာတောင်လိုမယ်မထင်ပါဘူး။ ဒါ့အပြင်ကို ကလေးတွေရဲ့အရေပြားက ဘက်တီးရီးယားတွေ နဲ့ ပတ်ဝန်းကျင်က အန္တရာယ်ရှိတဲ့အရာတွေကို ခုခံနိုင်စွမ်းလည်းနည်းပါတယ်။ ဒါကြောင့် ကလေးတွေရဲ့အရေပြားက ဓါတ်မတည့်တဲ့အရာတစ်ခုခုနဲ့ထိတွေ့မိတဲ့အခါ တုံ့ပြန်လွယ်ပါတယ်။ ဒါကြောင့် ပတ်ဝန်းကျင်က ညစ်ညမ်းတဲ့အရာတွေ၊ အပူရှိန်၊ရေတို့နဲ့ထိတွေ့မိတဲ့အခါမျိုးမှာ အရေပြားကျိန်းစပ်တာ၊ယားယံတာတွေမဖြစ်စေဖို့အတွက် moisturizer လိမ်းပေးပြီး အရေပြားအစိုဓါတ်ထိန်းပေးလို့ရပါသေးတယ်။
ကလေးလေးတွေရဲ့ အရေပြားက လူကြီးအရေပြားထက် အစိုဓါတ်ကိုထိန်းထားနိုင်စွမ်း ၅ ဆလောက်နည်းပါတယ်။ ကလေးလေးတွေကို သူတို့အသားအရေနဲ့လိုက်ဖက်မယ့်moisturizerရွေးချယ်အသုံးပြုပေးခြင်းဖြင့် ကျန်းမာတဲ့အရေပြားပိုင်ရှင် သားသားမီးမီးလေးတွေဖြစ်လာမှာပါ။ ဒါ့အပြင်ကို အရေပြားပြဿနာတော်တော်များများကိုmoisturizer လိမ်းပေးရုံနဲ့ ကာကွယ်ပြီးသားဖြစ်မှာဖြစ်တာကြောင့် င့်တော်တဲ့moisturizer ကိုရွေးချယ်အသုံးပြုပေးရုံနဲ့တင်ဖေဖေမေမေတွေအတွက်လည်းတော်ေ်တာ်လေးအဆင်ပြေမှာသေချာပါတယ်။ ပါ။ ဒီလောက်ဆိုရင်တော့moisturizer လူးပေးရင် ကလေးအရေပြားအတွက် ဘယ်လိုအကျိုးကျေးဇူးတွရရှိစေနိုင်မလဲဆိုတာကို သိလောက်မယ်လို့ယူဆပါတယ်။
Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။