backup og meta

ကိုယ်အလေးချိန်များရင် အဆုတ်ပျက်စီးမယ်တဲ့နော်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Zon Aung မှ ရေးသားသည်။ · 04/09/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ်အလေးချိန်များရင် အဆုတ်ပျက်စီးမယ်တဲ့နော်

    ကိုယ်အလေးချိန် မြင့်မားလွန်းလာတဲ့အခါမှာ ကျန်းမာရေးဆိုင်ရာ ပြဿနာတွေ အမျိုးမျိုးအဖုံဖုံ ကြုံဆုံရင်ဆိုင်ရလာတတ်ပါတယ်။ အဝလွန်တာကြောင့် သွေးတိုး၊ ဆီးချို၊ နှလုံးနဲ့ ကင်ဆာအန္တရာယ်တွေ ရင်ဆိုင်ရနိုင်တယ်လို့ သိပ္ပံနည်းကျသက်သေပြနိုင်ခဲ့ပြီးသားပါ။

    ခုချိန်မှာတော့ နောက်ထပ်တွေ့ရှိချက်တွေအရ ကိုယ်အလေးချိန်မြင့်မားလွန်းရင် အဆုတ်ကိုလည်းထိခိုက်ပျက်ဆီးစေနိုင်ပြီး အဆုတ်နဲ့သက်ဆိုင်တဲ့ ဝေဒနာတွေ၊ အသက်ရှုလမ်းကြောင်းဆိုင်ရာဝေဒနာတွေ ခံစားရစေနိုင်တယ်လို့ သိရှိလာရပါပြီ။

    အဆုပ်ရဲ့ လုပ်ဆောင်ချက်တွေကျဆင်းပြီး နာတာရှည်ဝေဒနာစွဲကပ်ခံရပြီဆိုရင် လူတွေရဲ့ အလုပ်လုပ်ဆောင်နိုင်စွမ်း ကျဆင်းလာမှာဖြစ်ပြီး ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကိုလည်း ထိခိုက်စေမှာဖြစ်ပါတယ်။

    ဒီလိုအရေးပါလှတဲ့ အဆုတ်ဟာ အနေအထိုင် အစားအသောက် မဆင်ခြင်မှုကြောင့် အဝလွန်လာချိန်မှာ ပိုထိခိုက်နိုင်တယ်လို့ ဆေးပညာရှင်တွေက ဆိုလာနေကြပြီဖြစ်ပါတယ်။

    အဝလွန်တာက အဆုတ်ကို ဘယ်လိုထိခိုက်စေသလဲ။

    ဥရောပနဲ့ သြစတြေးလျက အသက်၂၀ နဲ့ ၄၄ နှစ်အကြား လူပေါင်း ၃၇၀၀ ကို ဆန်းစစ်လေ့လာချက်တွေအရ ကိုယ်အလေးချိန်မြင့်မားလာလေလေ၊ အဆုတ်ရဲ့ အိုမင်းရင့်ရော်မှု ပိုမြန်လာလေလေဆိုတာကို သိရှိလာရပါတယ်။ အဆုတ် ပိုမိုအိုမင်းရင့်ရော်လာတာနဲ့အမျှ စွမ်းဆောင်ရည်နဲ့ ကာကွယ်နိုင်စွမ်း ကျဆင်းလာမှာဖြစ်ပြီး ထိလွယ်ခိုက်လွယ် ရောဂါရလွယ်လည်း ပိုဖြစ်လာမှာဖြစ်ပါတယ်။

    ဒီလေ့လာမှုမှာ သာမန်ကျန်းမာစွာ ဝဖြိုးနေသူ၊ ကိုယ်အလေးချိန်မြင့်မားနေသူနဲ့ အဝလွန်နေသူဆိုပြီး ၃ စု ခွဲခြားလေ့လာခဲ့ရာမှာ ရှိသင့်တဲ့ BMI Score ထက် ကျော်လွန်နေသူတိုင်းမှာရှိတဲ့ ကိုယ်တွင်းအဆုတ်ရဲ့ အလုပ်လုပ်နိုင်စွမ်းဟာ နှေးကွေးလေးလံလာနေတာကို Barcelona Institute for Global Health (ISGlobal) က ပညာရှင်တွေက တွေ့ရှိခဲ့ရပါတယ်။

    ပြင်သစ်ပညာရှင်တွေရဲ့ လေ့လာချက်တွေအရလည်း ခါးအရွယ်အစား ၃၅ လက်မနဲ့ အထက်ရှိတဲ့ အမျိုးသမီးတွေနဲ့ ခါးအရွယ်အစား လက်မ ၄၀နဲ့အထက်ရှိတဲ့ အမျိုးသားတွေဟာ အဆုတ်ထိခိုက်နိုင်ချေမြင့်မားလွန်းပြီး အသက်ရှူလမ်းကြောင်းဆိုရင်ရာ ပြဿနာတွေ မဖြစ်မနေ ကြုံတွေ့ရမှာဖြစ်တယ်လို့ ဆိုထားပါတယ်။

    BMI Score ၂၅ အောက်မှာပဲရှိတဲ့ လူတွေနဲ့ BMI Score ၃၀ နဲ့အထက်မှာရှိနေတဲ့လူတွေအကြား အဆုတ်ပျက်ဆီးနိုင်ခြေကလည်း ၂ ဆ အထိ ကွာဟနေမှာဖြစ်ပါတယ်။ အဝလွန်ခြင်းရဲ့ ဆိုးကျိုးတွေပါပဲ။

    အဝလွန်နေသူတွေရဲ့ အဆုတ်အလုပ်လုပ်နိုင်စွမ်းဟာ အနှေးကွေးဆုံးဖြစ်နေပြီး ထိခိုက်နိုင်ခြေ အမြင့်ဆုံးလည်း ဖြစ်နေပါတယ်။ ကိုယ်အလေးချိန်မြင့်မားသူတွေအနေနဲ့ ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ရ ခက်ခဲပြီး မောပန်းလွယ်တာဟာ ဒီအချက်ကြောင့်ဖြစ်တယ်လို့ သိပ္ပံပညာရှင်တွေက ထောက်ပြကြပါတယ်။

    ဒီသုတေသနကို ဦးဆောင်ပြုလုပ်ခဲ့တဲ့ Barcelona Institute for Global Health (ISGlobal) က ပညာရှင်တွေကတော့ အသက်ရှည်ရှည်နေထိုင်ချင်ပြီး အဆုတ်ကိုလည်း ကျန်းမာစေချင်တယ်ဆိုရင် ကိုယ်အလေးချိန်မမြင့်တက်အောင် ထိန်းသိမ်းဖို့ လိုအပ်တယ်လို့ သတိပေးစကားဆိုခဲ့ကြပါတယ်။

    ဒီလိုဖြစ်စေတဲ့ အချက် ၂ ချက်ရှိနိုင်ပြီး ပထမတစ်ချက်ကတော့ ရင်ဘတ်မှာ အဆီပိုတွေများလာတာကြောင့် အဆုပ်ရဲ့ အသက်ရှူရှိူက်မှုလုပ်ငန်းစဉ်ကို နှောင့်ယှက်လာတာဖြစ်ပါတယ်။ ဒုတိယအချက်ကတော့ အဆီပိုတွေကနေ ထွက်ရှိလာတဲ့ ဓာတုဗေဒ ပစ္စည်းတွေက အဆုတ်ကို ရောင်ရမ်းစေကာ၊ အသက်ရှူလမ်းကြောင်းကို ကျဉ်းမြောင်းစေတာပဲဖြစ်ပါတယ်။

    နောက်ပြီး အဝလွန်နေတဲ့အပြင် ဆေးလိပ်ပါ သောက်သုံးမယ်ဆိုရင် အခြေအနေတွေဟာ ပိုမိုဆိုးရွားလာမှာဖြစ်တယ်လို့လည်း သတိပေးထားကြပါသေးတယ်။

    ကပ်ဘေးများနဲ့ အဆုတ်ပြဿနာ

    လက်ရှိကမ္ဘာပေါ်မှာ အဝလွန်နေသူအရေအတွက်ဟာ နေ့စဉ်နဲ့အမျှတိုးပွားလာနေပြီး ကမ္ဘာ့လူဦးရေရဲ့ ၃၁%ဟာ အဝလွန်ခြင်းပြဿနာနဲ့ ရင်ဆိုင်နေကြရသူတွေဖြစ်ပါတယ်။ ဒါကြောင့်လည်း အဝလွန်ရောဂါကို ကပ်ဘေး တစ်ခုအဖြစ် ကျန်းမာရေးအဖွဲ့အစည်းတွေက သတ်မှတ်ထားတာဖြစ်ပါတယ်။

    ဒါ့အပြင် လက်ရှိမှာ တစ်ကမ္ဘာလုံးကို ခြိမ်းခြောက်နေတဲ့ ကပ်ဘေးကြီးတစ်ခုဖြစ်တဲ့ COVID-19 ရောဂါဟာလည်း ကူးစက်မြန်ပြင်းထန် အဆုတ်ရောင်ရောဂါတစ်မျိုးဖြစ်တာကြောင့် အဝလွန်သူတွေအနေနဲ့ ပိုမိုသတိထားနေထိုင်ကြဖို့ လိုအပ်တဲ့ အခြေအနေတစ်ရပ်ဖြစ်ပါတယ်။

    အဆုတ်ရောဂါ အခံရှိသူတွေနဲ့ အဆုတ်အားနည်းသူတွေဟာ COIVD-19 ကြောင့် သေဆုံးနိုင်ခြေအမြင့်မားဆုံး လူတွေထဲမှာ ပါဝင်နေပြီး သေဆုံးမှုနှုန်းဟာလည်း ၁၃.၂% အထိ ရှိနေပါတယ်။

    သုတေသနပြုလုပ်ခဲ့တဲ့ ကျန်းမာရေးပညာရှင်တွေရဲ့ လမ်းညွှန်ချက်တွေမှာတော့ ကိုယ်အလေးချိန်ကို လျှော့ချတာဟာ အဆုတ်ပြန်လည်ကောင်းမွန်လာစေဖို့ အထောက်အကူပြုတယ်လို့ ဆိုထားပြီး ဒါဟာ သတင်းကောင်းတစ်ခုဖြစ်တယ်လို့လည်း သူတို့က ဆိုခဲ့ကြပါတယ်။

    ကိုယ်အလေးချိန်လျှော့ချဖို့အတွက် စားသောက်နေထိုင်မှုပုံစံတွေကို ပြောင်းလဲဖို့ တိုက်တွန်းထားပြီး အဆုတ်ကျန်းမာနေမယ်ဆိုရင် ဘဝမှာ အသက်ရှည်ရှည်နေထိုင်နိုင်ဖို့ အထောက်အကူအများကြီးပြုလိမ့်မယ်လို့ ဆိုထားပါတယ်။

    ဒါကြောင့် မိမိရဲ့ ကျန်းမာအသက်ရှည်မှုကို ကြာရှည်မြဲမြံစွာ ထိမ်းသိမ်းထားနိုင်ဖို့ဆိုရင် အဆုတ်ကို ကျန်းမာအောင် စောင့်ရှောက်ရမှာဖြစ်ပြီးတော့ ဒီလိုအဆုတ်ကျန်းမာဖို့ဆိုရင် ကိုယ့်ရဲ့ ခန္ဓာကိုယ်အလေးချိန်ဟာ ရှိသင့်တာထက်ပိုမနေဖို့ လိုအပ်မှာဖြစ်ပါတယ်။

    [covid_19]

    Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Zon Aung မှ ရေးသားသည်။ · 04/09/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement