- မျိုးရိုးဗီဇ
- မြောက်ဘက်လတ္တီကျူ့တွင်နေထိုင်သူများ( များသောအားဖြင့် ဥရောပ မြောက်ပိုင်းနိုင်ငံများ) တွင် ဖြစ်နှုန်းများသည်ဟု မကြာခင်ကရှာဖွေတွေ့ရှိထားသည်။
Multiple Sclerosis (မိုင်လင်အလွှာပျက်သောရောဂါ) ကို ဘယ်လိုအတည်ပြုပါသလဲ
ရောဂါကို အတည်ပြုနိုင်သော တိကျတဲ့ စမ်းသပ်ချက် မရှိပါ။ သို့သော် သံလိုက်ဓာတ်မှန်ရိုက်ခြင်းဖြင့် ရောင်နေသော သို့မဟုတ် ပျက်စီးနေသော မိုင်လင်အလွှာကို တွေ့နိုင်ပါတယ်။ ကျောရိုးဆစ်ကြားမှ အရည်ကို ယူပြီး စစ်ဆေးခြင်း နည်းလမ်းလည်း ရှိပါသည်။ ဒီနည်းနဲ့ လက္ခဏာာတူ တခြားရောဂါကြောင့်လား၊ မိုင်လင်အလွှာပျက်သော ရောဂါကြောင့်လားဆိုတာ သိနိုင်ပါတယ်။
Multiple Sclerosis (မိုင်လင်အလွှာပျက်သောရောဂါ) ကို ဘယ်လိုကုသပါသလဲ
မိုင်လင်အလွှာပျက်သောရောဂါသည် အမြစ်ပျက် ကုသလို့မရနိုင်သော်လည်း ရောဂါလက္ခဏာများသက်သာနိုင်ရန်နဲ့ ရောဂါပိုမဆိုးစေရန် ကုသမှုများပြုလုပ်နိုင်ပါတယ်။ ရောဂါနဲ့ ရောဂါနောက်ဆက်တွဲများ (ဥပမာ ကြွက်သားများ တောင့်တင်းနေခြင်း၊ အားနည်းခြင်း၊ နာခြင်း၊ မှတ်ဉာဏ်နဲ့ ဆိုင်သောပြဿနာများ၊ ဆီးနဲ့ ဝမ်းပြဿနာများ)အား ကုသနိုင်သည်။
စတီးရွိုက်သည် ရောဂါလက္ခဏာသက်သာရန် အဓိကကုသမှုဖြစ်သည်။ ဆေးများ (အင်တာဖရွန် ဘီတာဝမ်းအေနဲ့ ဝမ်းဘီ၊ ဂလာတီရာမာ) သည် ရောဂါပိုဆိုးခြင်းနဲ့ ပြန်ဖြစ်ခြင်းအားသက်သာစေသည်။
ဒါ့ပြင် လုံလောက်သောအနားယူခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်းနဲ့ ကိုယ်ခန္ဓာအလေးချိန်ထိန်းခြင်းတို့သည်လည်း အရေးပါသည်။
လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးများ
- လုံလောက်စွာ အနားယူပါ။
- လေ့ကျင့်ခန်းလုပ်ပါ။ လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းက ကြွက်သား အားတတ်စေပါတယ်။ ရေကူးတတ်ပါက ရေကူးခြင်း သို့မဟုတ် အခြားရေနဲ့ ပတ်သက်သော လေ့ကျင့်ခန်းများ ပိုလုပ်ပေးပါ။ အခြားလေ့ကျင့်ခန်းများ ( ဥပမာ လမ်းလျောက်ခြင်း၊ အေရိုးဗစ်၊ စက်ဘီးစီးခြင်း၊ ယောဂကစားခြင်း)လည်း ပြုလုပ်နိုင်ပါတယ်။
- ခန္ဓာကိုယ်ကို အေးအောင်ထားပါ။ ခန္ဓာကိုယ်အပူချိန်များခြင်းက ရောဂါပိုဆိုးစေနိုင်ပါတယ်။
- အာဟာရမျှတစွာစားပါ။ အထူးသဖြင့် အိုမီဂါ3ဖက်တီးအက်စစ် ပါဝင်အောင် စားပေးပါ။
- စိတ်ဖိစီးမှု လျှော့ချပါ။ စိတ်ဖိစီးမှုကြောင့် ရောဂါလက္ခဏာပိုဆိုးလာနိုင်ပါတယ်။ တရားထိုင်ခြင်း သို့မဟုတ် အသက်ပြင်းပြင်းရှူခြင်းတို့က အကူအညီဖြစ်နိုင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။