backup og meta

ကလေးတွေ မျက်စိနာရင်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 06/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးတွေ မျက်စိနာရင်

    ကလေးရဲ့ မျက်လုံးလေးတွေက ငိုတာလဲ မဟုတ်ဘဲ မျက်ရည် ထွက်နေတယ်၊ မျက်ခမ်းသားနဲ့ မျက်ဖြူသားလေးတွေ နီနေတယ်၊ ဘာများဖြစ်တာလဲ ဆိုပြီး စိတ်ပူနေပြီလား မေမေတို့ရေ။ ဒါက ပတ်ဝန်းကျင်မှာ ရှိနေတဲ့ ဖုန့်မှုန့်တွေနဲ့ ဘက်တီးရီးယားတွေကြောင့် ကလေးရဲ့ မျက်လုံးမှာ ပိုးဝင်ကူးစက်ပြီး မျက်စိနာတာ ဖြစ်နိုင်ပါတယ်။ ကလေးတွေ မျက်စိနာရင် ကလေးက ငယ်သေးတော့ ဘယ်လို လုပ်ပေးရပါ့မလဲ။ မျက်စဉ်းခတ်ပေးရမလား မသိဘူး ဆိုပြီး စဉ်းစားရ ခက်နေလား။ ဒီ ဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါ။ ဝေခွဲမရတာတွေ အတွက် အဖြေ ထွက်လာပါလိမ့်မယ်နော်။

    ကလေးတွေ မျက်စိနာရင်

    များသော အားဖြင့်ကတော့ ဗိုင်းရပ်စ်ကြောင့် ဖြစ်ရတာပါ။ အဖျား ဝင်နေတဲ့ အခါမျိုးမှာ ပိုဖြစ်နိုင်ပါတယ်။ လက္ခဏာတွေ အနေနဲ့ ကတော့

  • မျက်ဖြူသားတွေ နီနေမယ်
  • မျက်ခမ်း အတွင်းသားတွေ နီနေမယ်
  • မျက်ခွံ ရောင်နေမယ်
  • မျက်ရည်တွေ ထွက်နေမယ်
  • အဝါရောင် မျက်ဝတ်တွေ ထွက်နေမယ်
  • မျက်ခွံတွေ မျက်ဝတ်တွေနဲ့ ကပ်ပြီး ဖွင့်ရခက်နေမယ်။ ဒီအခြေအနေကို အလွယ်တကူ ကတော့ မျက်စိနာတယ်လို့ ခေါ်လိုက်တာပါပဲ။
  • ဘယ်လိုသက်သာအောင်လုပ်ပေးမလဲ

    ချာမိုမိုင်းအဆီ – ကျန်းမာရေးအတွက် အကျိုးကျေးဇူး များပါတယ်။ နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်ပြီး မျက်စိနာတာအတွက်တော်တော်လေး အဆင်ပြေစေတဲ့ သဘာဝပစ္စည်း တစ်မျိုးပါ။ ရေနွေးဆူဆူထဲကို ချာမိုမိုင်းအဆီ နှစ်စက် ၃ စက်လောက် ချပြီး ဂွမ်းစလေးနဲ့ရေစွတ်လို့ မျက်လုံးပေါ်မှာ ကပ်ပေးပါ။

    ဆားရည် -ရောဂါပိုးတွေကိုသေစေနိုင်တဲ့အာနိသင်ရှိပါတယ်။ရေနွေးနွေးဖန်ခွက် နှစ်ခွက်စာထဲကို ဆားလက်ဖက်ရည်ဇွန်းတစ်ဇွန်းစာထည့်ပြီး နှံ့အောင်မွှေပေးပါ။ပြီးရင် ဂွမ်းစလေးတို့နဲ့ပြီး မျက်လုံးတဝိုက်ကို သန့်စင်ပေးလိုက်ပါနော်။

    မိခင်နို့ – မိခင်နို့က အာဟာရဖြစ်ရုံတင်မဟုတ်ဘဲ ကလေးတွေအတွက်ဆေးဖက်လည်းဝင်ပါတယ်။ ကလေးမျက်စိနာနေရင် မျက်လုံးထဲကို မိခင်နို့ရည် တစ်စက်၊နှစ်စက်လောက်ချပေးပါ။ မျက်စဉ်းခတ်ပေးတဲ့သဘောပေါ့။

    ရေအေး (သို့မဟုတ်)ရေနွေး -ရေသန့်သန့်လေးကိုသုံးပြီး ကလေးရဲ့ မျက်လုံးကို သန့်စင်ပေးပါ။ ရေနွေးကို ဂွမ်းစ သန့်သန့်လေးနဲ့ ခပ်ဖွဖွလေးစွတ်ပြီး မျက်လုံး တစ်ဝိုက် သန့်စင်ပေးပါ။ မျက်လုံးရောင်ရမ်းနေတာကို သက်သာစေတဲ့အပြင် မျက်စိနာတာကိုပါ သက်သာစေမှာပါ။

    လက်ဖက်ခြောက်အိတ်ရေနွေးကြမ်း သောက်တဲ့အခါ သုံးတဲ့ လက်ဖက်ခြောက်အိတ်လေးတွေက ရောဂါပိုးတွေကိုသေစေနိုင်သလို ဓာတ်တိုးဆန့်ကျင် အာနိသင်လည်း ရှိပါတယ်။ လက်ဖက်ခြောက်အိတ်ကို ရေနွေးဆူဆူထဲ ထည့်စိမ်ပြီး ပြန်အအေးခံလိုက်ပါ။ ပြီးရင် ကလေးကို မျက်လုံး မှိတ်ထားစေပြီး မျက်ခွံပေါ်မှာ ခဏလောက် ကပ်ထားပေးပါ။ ရောင်ရမ်းတာကိုပါ သက်သာစေမှာပါ။

    ဒီလိုအခြေအနေမျိုးဆိုရင် ဆရာဝန်နဲ့ပြသပါ

    ကလေးမှာမျက်စိနာတဲ့အခါ အခုလို အခြေအနေမျိုး ဖြစ်လာမယ်ဆိုရင် ဆရာဝန်နဲ့ပြသဖို့ပြောပါရစေနော်။

    • ဆေးကုသမှုတွေ လုပ်ပေးနေပေမယ့် ၃ ရက် ကနေ ၄ ရက်အထိ မသက်သာဘဲ ဖြစ်နေမယ်
    • မျက်လုံး တစ်ဝိုက် အရေပြား နဲ့ မျက်ခွံတွေ နီမြန်းနေမယ်။ ရောင်ရမ်းနေမယ်၊ နာကျင်နေမယ်
    • ကလေးက အမြင် ဝေဝါး နေမယ်
    • ကလေးက အစား ကောင်းကောင်း မစားဘူး။ အားမရှိသလို ဖြစ်နေမယ်
    • အဖျားရှိမယ်
    • မျက်လုံးထဲကနေ စေးကပ်ကပ် မျက်ဝတ်တွေ ထွက်နေမယ် ဆိုရင်တော့ ကလေးကို ဆရာဝန်နဲ့ အမြန်ဆုံး သွားရောက် ပြသပေးပါ။

    ကဲ ………. ကလေး မျက်စိ နာနေလို့ စိတ်ညစ်မနေပါနဲ့။ အခု ပြောခဲ့တဲ့ နည်းလမ်းလေးတွေ အတိုင်း ကလေးကို ပြုစုပေးလိုက်ပါနော်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 06/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement