backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

ကလေးငယ်တွေကို နှိပ်နယ်ပေးခြင်းရဲ့အကျိုးကျေးဇူများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 15/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ကလေးငယ်တွေကို နှိပ်နယ်ပေးခြင်းရဲ့အကျိုးကျေးဇူများ

ကလေးငယ်လေးတွေကို နှိပ်နယ်ပေးတာက ကလေးတွေကို အနားရစေပြီး ပိုမိုအိပ်ပျော်စေနိုင်တဲ့အပြင် အငိုလည်း နည်းစေနိုင်ပါတယ်၊ လို့The Cochrane Library ကလေ့လာမှုတစ်ရပ်အရသိရပါတယ်။

မွေးကင်းစကလေးငယ်လေးတွေကို နှိပ်နယ်ပေးတာက မိခင် နဲ့ ကလေးတို့ကြားက အပြန်အလှန်နားလည်မှုရရှိစနိုင်မှာဖြစ်တဲ့အပြင် ကလေးရဲ့အိပ်စက်မှုပိုင်းမှာလည်း အထောက်အကူပြုပြီး ကလေးငိုတာကိုလည်း သက်သာစေတဲ့အပြင် ကလေးတွေကိုနှိပ်နယ်ပေးတာက စိတ်ဖိစီးမှုဖြစ်တာကိုလည်း သက်သာစေပါတယ်။ ဥပမာပြောပြရရင် ကလေးငယ်လေးတွေကို နှိပ်နယ်ပေးတာက စိတ်ဖိစီးမှုဖြစ်စေတဲ့ဟော်မုန်းကြောင့် ကလေးငယ်တွေမှာ ဆီးခဏခဏသါားတာမျိုးကိုသက်သာလျော့ပါးစေပါတယ်။

လေ့လာမှုတွေအတွင်း ကလေးကိုအချိန်ဘယ်လောက်ကြာအောင်နှိပ်ပေးတာ နဲ့ ဘယ်လ်ုနှိပ်ပေးတာကကောင်းလဲဆိုတာတွေကိုလေ့လာခဲ့ပါတယ်။ ကလေးငယ်လေးတွေကို နှိပ်နယ်ပေးတာက ကလေးငယ်ရဲ့ကြီးထွားမှုကိုထိခိုက်မှုမရှိစေသလို အန္တရာယ်ရှိစေတာမျိုးလည်းမရှိပါဘူး၊ လို့သိရှိရပါတယ်။

ကလေးငယ်လေးတွေကို နှိပ်နယ်ပေးတာနဲ့ပတ်သက်ပြီးနောက်ထပ်လေ့လာမှုတွေလုပ်ဆောင်ကြည့်ဖိုတော့လိုအပ်ဦးမှာဖြစ်ပါတယ်။ မိမိရဲ့ ကလေးငယ်ကိုနှိပ်နယ်ပေးချင်တယ်ဆိုရင်တော့ အရင်ဆုံးဆရာဝန်နဲ့တိုင်ပင်ပါ။ ကလေးငယ်လေးတွေကို ဆီတစ်မျိုးမျိုးသုံးပြီး နှိပ်နယ်ပေးတာက အရမ်းကိုအရေးကြီးပါတယ်။ ကလေးငယ်လေးတွေကို နှိပ်နယ်ပေးတဲ့နေရာမှာ အရေးကြီးဆုံးအချက်တစ်ခုက မှန်ကန်တဲ့ဆီရွေးချယ်မှုပဲဖြစ်ပါတယ်။

ညင်ညင်သာသာနှိပ်နယ်ပေးတာက ကလးငယ်ကိုစိတ်ခံစားမှုကောင်းမွန်စေပြီး ကလေးငယ်ရဲ့အရေပြားအတွက်လိုအပ်တဲ့ အာဟာရဓါတ်ကိုပြည့်ဝစေပါတယ်။ ကလေးငယ်ရဲ့အရေပြားမှာလိုအပ်တဲ့ အာဟာရဓါတ်ပြည့်ဝစေဖို့အတွက်ကရွေးချယ်တဲ့ အဆီအပေးမှာ လုံးဝမူတည်နေတာဖြစ်ပါတယ်။

ကလးငယ်တွေကိုမနှိပ်နယ်ပေးခင် ဘာတွေသိထားသင့်သလဲ

မိမိကလေးငယ်ကို နှိပ်နယ်ပေးချင်ပေမယ့် ဘယ်လိုနှိပ်နယ်ပေးရမလဲဆိုတာကိုမသိတာမျိုးလည်းရှိနိုင်ပါတယ်။ ကလေးငယ်လေးတွေကို နှိပ်နယ်ပေးတာနဲ့ပတ်သက်ပြီး သိသင့်တဲ့အချက်လေးတွေကိုဖော်ပြပေးလိုက်ပါတယ်။

  • ကလေးအရေပြားပေးမှာ ဆီကိုမလူးပေးခင် မိမိလက်ထဲ အရင်ဆုံးနည်းနည်းထည့်ပြီး အရေပြားနဲ့ သင့်တော်မှုရှိ၊မရှိစစ်ဆေးပါ။ ဆီလူးပေးတာကြောင့် ကလေးငယ်ရဲ့ အရေပြားမှာ အင်ပျဉ်လိုမျိုး အနီကွက်တွေဖြစ်လာမယ်ဆိုရင်တော့ ဆီကို ဆက်မသုံးပါနဲ့။
  • ကလေးငယ်ရဲ့ ဝမ်းဗိုက်ပေါ်ကို ဆီအနည်းငယ်ဖြည်ညင်းစွာလောင်းပေးပြီး ညင်ညင်သာသာနှိပ်နယ်ပေးပါ။ မလိုအပ်ဘဲ တအား အားစိုက်နှိပ်နယ်တာမျိုးမလုပ်ပါနဲ့။
  • ကလေးကိုနှိပ်နယ်ပေးတဲ့အခါမှာလည်း ကလေးငယ်သက်တောင့်သက်သာဖြစ်ဖိုပကအရေးအကြီးဆုံးအချက်ဆိုတာကို သတိရပါ။
  • ကလေးရဲကအိပ်စက်ချိန်ကို စစ်ဆေးပြီး နှိပ်နယ်ပေးရမယ့်အချိန်ကိုသေသေချာချာသတ်မှတ်ပါ။

နွေရာသီမှာ ကလေးငယ်လေးတွေရဲ့ အရေပြားအတွက်အကောင်းဆုံးသော အဆီများ

အုန်းဆီ

အုန်းဆီက ကလေးငယ်လေးတွေအရေပြားအတွက် သင့်တော်တဲ့အဆီတစ်မျိုးပါ။စေးပျစ်မှုမရှိစေဘဲ အရေပြားကအလွယ်တကူစုပ်ယူစေနိုင်တဲ့အပြင် ခန္ဓါကိုယ်အရေပြားကိုလည်း အအေးဓါတ်ရရှိစေမှာဖြစ်ပါတယ်။ ထိခိုကလွယ်တဲ့အရေပြားအမျိုးအစားအတွက်လည်း အုန်းဆီကထိရောက်တဲ့ သဘာယဆေးတစ်လက်ပါ။ အုန်းဆီက နှင်းခူ၊ အင်ပျဉ်၊အရေပြားမှာ အကွက်တွေပေါ်တာနဲ့ အရေပြားနီမြန်းနာကျင်တာ၊(cradle cap) ကလေးဦးရေပြားအဆီထွက်များ၊အရေခွံကွာသောပြဿနာ လိုမျိုး အရေပြားပြဿနာတွေကို သက်သာစေပါတယ်။ ကလေးကိုရေချိုးပေးပြီးတဲ့အခါ အရေပြားကို အုန်းဆီလေးခပ်ပါးပါးလူးပေးမယ်ဆိုရင် ကလေးငယ်ရဲ့အရေပြားကို အစိုဓါတ်ထိန်းပေးပြီး လိုအပ်တဲ့အာဟာရဓါတ်တွေရရှိစေမှာဖြစ်ပါတယ်။ အုန်းဆီမှာကလေးငယ်ရဲ့အရေပြားအတွက် အဓိကလိုအပ်တဲ့ ဓါတ်တိုးဆန့်ကျင် အာနိသင်တွေ၊lauric နဲ့ caprylic အက်ဆစ်တွေပါဝင်ပါတယ်။ အုန်းဆီမှာ ဘက်တီးရီးယားတွေကိုသေစေနိုင်တဲ့ အစွမ်းသတ္တိနဲ့ မှိုပိုးတွေကိုသေစေနိုင်တဲ့အာနိသင်လည်းရှိပါတယ်။ ဓါတုပစ္စည်းတွေပါဝင်မှုကင်းစင်တဲ့ သဘာဝအတိုင်းထုတ်လုပ်ထားတဲ့ အုန်းဆီဖြစ်ဖိုပတော့ အရေးကြီးပါတယ်။

နှမ်းဆီ

နှမ်းဆီကဆေးဖက်ဝင်တယ်ဆိုတာကိုတော်တော်များများကသိထားပြီးသားဖြစ်မှာပါ။ နှမ်းဆီက လူကြီးတွေအတွက်သာမက ကလေးငယ်လေးတွေအတွက်ပါ ကျန်းမာရေးအကျိုးများလှပါတယ်။ နှမ်းဆီကို စာသုံးလို့လည်းရသလို အရေပြားအလှအပအတွက်လည်းအသုံးပြုလို့ရပါတယ်။ နှမ်းဆီကလည်း ကလေးငယ်လေးတွေကိုနှိပ်နယ်ပေးရာမှာ အသုံးဝင်တဲ့အဆီတစ်မျိုးဖြစ်ပါတယ်။ ကလေးငယ်လေးတွေအတွက်ဆိုရင်တော့ နှမ်းနက်စေ့အဆီကပိုပြီးသင့်တော်ပါတယ်။ နျမ်းနက်ဆီက နှမ်းစေ့အဖြူကနေထုတ်ထားတဲ့အဆီထက် ကျန်းမာရေးအတွက် ပိုသင့်တော်ပါတယ်။

ဆောင်းရာသီမှာ ကလေးတွေအရေပြားအတွက်အကောင်းဆုံးသောအဆီများ

မုန်ညှင်းဆီ

မုန်းညှင်းဆီကဆောင်းရာသီမှာကလေးတွေကိုနှိပ်နယ်ပေးဖို့အတွက် အသုံးပြုသင့်တဲ့အကောင်းဆုံးသော အဆီတစ်မျိုးပါ။ အရေပြားကိုနွေးစေပါတယ်။ မုန်ညှင်းဆီတစ်မျိုးတည်းကိုလူးဖို့တော့ အကြံမပြုလိုပါဘူး။ အခြားအဆီတစ်မျိုးနဲ့ရောစပ်အသုံးပြုဖိုပအကြံပြုလိုပါတယ်။ အိန္ဒိယအရှေ့ပိုင်းနဲ့မြောက်ပိုင်းဒေသတွေမှာတော့ မုန်ညှင်းဆီကို ကြက်သွန်ဖြူ ပဲနံ့သာစေ့တို့နဲ့ရောစပ်ပြီး အပူပေးပြီးမှကလေးငယ်တွေမှာလူပေးလေ့ရှိပါတယ်။ ကြက်သွန်ဖြူက ကိုယ်ခံအားစနစ်ကို တိုးမြှင့်ပေးပြီး ပဲနံ့သာစေ့ကကလေးရဲ့အရေပြားကို သက်တောင့်သက်သာရှိစေပါတယ်။

သံလွင်ဆီ

သံလွင်ဆီက ကလေးတွေကိုနှိပ်နယ်ပေးဖိုအတွက်သင့်တော်တဲ့အဆီတစ်မျိုးလို့တော်တော်များများကသိထားကြပါတယ်။ ကလေးတွေအတွက်နှိပ်နယ်ရာမှာအသုံးပြုဖို့ထုတ်ထားတဲ့ အဆီတော်တော်များများထဲမှာ သံလွင်ဆီအဓိကပါဝင်ပစ္စည်းတစ်ရပ်အနေနဲ့ပါဝင်နေတတ်ပါတယ်။ သံလွင်ဆီက ကလေးငယ်ရဲ့အရေပြားမှာနီမြန်းပြီး အဖုအပိမ့်တွေထွက်တာ၊ ကွဲအက်တာ၊နှင်းခူ နဲ့ အခြားအရေပြားဓါတ်မတည့်မှုဖြစ်စေတဲ့ လက္ခဏာတွေမတွေ့ရပါဘူး။

အထိခိုက်လွယ်တဲ့အရေပြားပိုင်ရှင်ကလေးငယ်တွေအတွက်တော့ သံလွင်ဆီနဲ့မသင့်တော်ပါဘူး။ သံလွင်ဆီကအရေပြားရဲ့ စုပ်ယူနိုင်မှုကိုမြှင့်တင်ပေးပါတယ်။ အရေပြားကိုအစိုဓါတ်ရရှိစေနိုင်ပေမယ့် အရေပြားကိုထပ်မံခြောက်သွေ့မှုမဖြစ်အောင်တော့ထိန်းပေးနိုင်စွမ်းနည်းပါတယ်။ အရေပြားပြဿနာရှိသူတွေအတွက်တော့ သံလွင်ဆီကသိပ်မသင့်တော်ပါဘူး။

ဗာဒံစေ့ဆီ

ဗာဒံစေ့က ကလေးငယ်တွေအတွက်ထုတ်လုပ်ထားတဲ့အရေပြားလိမ်းဆီတွေမှာပါဝင်လေ့ရှိတဲ့ အဆီတစ်မျိုးပါ။ ဗာဒံစေ့အဆီမှာ ဗီတာမင် အီးကြွယ်ဝစွာပါဝင်ပါတယ်။ ဗာဒံစေံအဆီစစ်စစ်ကိုအသုံးပြုဖို့တော့လိုပါတယ်။ဆောင်းရာသီမှာ ကလေးငယ်တွေအတွက် လူးပေးဖို့သင့်တော်တဲ့အဆီတစ်မျိုးပါ။ ဗာဒံစေ့အဆီကို ကလေးရေချိုးတဲ့အဆီအဖြစ်လည်းအသုံးပြုလို့ရပါတယ်။ ဗာဒံစေ့အဆီက ကလေးကိုသက်တောင့်သက်သာဖြစ်စေနိုင်သလို စိတ်ဖိစီးမှုကိုလျော့ကျစေပြီး ပိုပြီးလည်း အိပ်ပျော်စေပါတယ်။

အထိခိုက်လွယတဲ့အရေပြားပိုင်ရှင်ကလေးငယ်များအတွက် အသင့်တော်ဆုံးအဆီများ

မိမိကလေးငယ်ရဲ့ အသားအရေကအထိခိုက်လွယ်ပြီး နှင်းခူ (သို့ဝခြောက်သွေ့လွယ်တယ်ဆိုရင်တော့ သံလွင်ဆီလိုမျို းဟင်းသီးဟင်းရွက်တွေကနေရရှိတဲ့အဆီတွေ နဲ့ oleic အက်ဆစ်ပါဝင်မှုများတဲ့ နေကြာစေ့အဆီလိုမျိုးအဆီတွေကိုအသုံးမပြုသင့်ပါဘူး။

ဟင်းသီးဟင်းရွက်တွေကနေရရှိတဲ့အဆီတွေထဲမှာမှlinoleic အက်ဆစ်ပါဝင်တဲ့အဆီကတွေက အထိခိုက်လွယ်တဲ့ကလေးငယ်တွေရဲ့အရေပြားအတွက် သင့်တော်ပါတယ်။ မိမိကလေးနဲ့သင့်တော်မယ့် အဆီကိုဆရာဝန်နဲ့တိုင်ပင်ပြီးရွေးချယ်ဝယ်ယူနိုင်ပါတယ်။

နေကြာဆီ

နေကြာဆီက အရေပြားအတွက် သင့်တော်တဲ့အဆီတစ်မျိုးဖြစ်ပါတယ်။ အန္တရာယ်လည်းကင်းပါတယ်။နေကြာဆီမှာ အရေပြားကို အာဟာရဓါတ် ဖြည့်တင်းပေးတဲ့ ဗီတာမင် အီးနဲ့fatty acidတွေပါဝင်နေပါတယ်။ အထိခိုက်လွယ်တဲ့အရေပြားပိုင်ရှင်ကလေးငယ်တွေကိုနေကြာဆီမလူးပေးသင့်ပါဘူး။

ချာမိုမိုင်းအဆီ

အထိခိုက်လွယ်တဲ့အရေပြားပိုင်ရှင်ကလေးငယ်တွေအတွက် အထူးသင့်တော်ပါတယ်။ အရေပြားပေါ်ကအနီရောင်အဖုအပိမ့်တွေနဲ့အရေပြားပြဿနာတွေကို ကုသရာမှာ အသုံးဝင်ပါတယ်။လေထိုးလေအောင့်တဲ့ကလေးငယ်တေါအတွက်လည်းနေကြာဆီကအထူးသင့်တော်ပါတယ်။လေထိုးလေအောင့်တာကို သက်သာစေပြီး ကလေးငယ်ကိုကောင်းကောင်းအိပ်ပျော်စေမှာဖြစ်ပါတယ်။

လက်ဖက်ပင်အဆီ

လက်ဖက်ပင်အဆီက သဘာဝအဆီတစ်မျိုးဖြစ်ရုံသာမက ပိုးမွှားတွေကိုသေစေနိုင်စွမ်းလည်းရှိပါတယ်။ ကလေးတွေမှာဖြစ်တတ်တဲ့ အရေပြားဓါတ်မတည့်မှုကို သက်သာစေပြီး ကလေးငယ်တွေကို သက်တောင့်သက်သာဖြစ်စေပါတယ်။

ကြက်ဆူဆီ

ကလေးငယ်ကိုရေမချိုးခင်မှာလူးပေးလို့ရပါတယ်။ခြောက်သွေ့တဲ့အရေပြား၊ဆံပင် နဲ့ လက်သည်းတွေအတွက် အသုံးပြုနိုင်ပါတယ်။ ကလေးငယ်ရဲ့ မျက်လုံးနဲ့ မျက်ခွံတဝိုက်မှာ အသုံးမပြုမိဖို့တော့လိုပါတယ်။

တစ်နေ့ကို မိနစ်အနည်းငယ်လောက် ကလေးငယ်ကိုကြက်ဆူဆီသုံးပြီးနှိပ်နယ်ပေးပါ။ ကလေးရဲ့ အရေပြားအပြင် ခန္ဓါကိုယ်တစ်ခုလုံးအတွက် အကျိုးရှိစေမှာဖြစ်ပါတယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 15/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement