မိခင်နို့ – မိခင်နို့က အာဟာရဖြစ်ရုံတင်မဟုတ်ဘဲ ကလေးတွေအတွက်ဆေးဖက်လည်းဝင်ပါတယ်။ ကလေးမျက်စိနာနေရင် မျက်လုံးထဲကို မိခင်နို့ရည် တစ်စက်၊နှစ်စက်လောက်ချပေးပါ။ မျက်စဉ်းခတ်ပေးတဲ့သဘောပေါ့။
ရေအေး (သို့မဟုတ်)ရေနွေး -ရေသန့်သန့်လေးကိုသုံးပြီး ကလေးရဲ့ မျက်လုံးကို သန့်စင်ပေးပါ။ရေနွေးကို ဂွမ်းစသန့်သန့်လေးနဲ့ ခပ်ဖွဖွလေးစွတ်ပြီး မျက်လုံးတစ်ဝိုက်သန့်စင်ပေးပါ။ မျက်လုံးရောင်ရမ်းနေတာကို သက်သာစေတဲ့အပြင် မျက်စိနာတာကိုပါ သက်သာစေမှာပါ။
လက်ဖက်ခြောက်အိတ် –ရေနွေးကြမ်းသောက်တဲ့အခါ သုံးတဲ့ လက်ဖက်ခြောက်အိတ်လေးတွေကရောဂါပိုးတွေကိုသေစေနိုင်သလို ဓာတ်တိုးဆန့်ကျင် အာနိသင်လည်းရှိပါတယ်။ လက်ဖက်ခြောက်အိတ်ကို ရေနွေးဆူဆူထဲ ထည့်စိမ်ပြီး ပြန်အအေးခံလိုက်ပါ။ ပြီးရင် ကလေးကို မျက်လုံးမှိတ်ထားစေပြီး မျက်ခွံပေါ်မှာ ခဏလောက်ကပ်ထားပေးပါ။ ရောင်ရမ်းတာကိုပါ သက်သာစေမှာပါ။
ဒီလိုအခြေအနေမျိုးဆိုရင် ဆရာဝန်နဲ့ပြသပါ
ကလေးမှာမျက်စိနာတဲ့အခါ အခုလိုအခြေအနေမျိုးဖြစ်လာမယ်ဆိုရင် ဆရာဝန်နဲ့ပြသဖို့ပြောပါရစေနော်။
- ဆေးကုသမှုတွေလုပ်ပေးနေပေမယ့် ၃ ရက် ကနေ ၄ ရက်အထိမသက်သာဘဲဖြစ်နေမယ်
- မျက်လုံးတစ်ဝိုက်အရေပြား နဲ့ မျက်ခွံတွေနီမြန်းနေမယ်။ရောင်ရမ်းနေမယ်၊ နာကျင်နေမယ်
- ကလေးက အမြင်ဝေဝါးနေမယ်
- ကလေးက အစားကောင်းကောင်းမစားဘူး။ အားမရှိသလိုဖြစ်နေမယ်
- အဖျားရှိမယ်
- မျက်လုံးထဲကနေ စေးကပ်ကပ်မျက်ဝတ်တွေထွက်နေမယ်ဆိုရင်တော့ ကလေးကို ဆရာဝန်နဲ့အမြန်ဆုံးသွားရောက်ပြသပေးပါ။
ကဲကလေးမျက်စိနာနေလို့ စိတ်ညစ်မနေပါနဲ့။ အခုပြောခဲ့တဲ့နည်းလမ်းလေးတွေအတိုင်း ကလေးကိုပြုစုပေးလိုက်ပါနော်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။