backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

မိခင်တွေလည်း ကျန်းမာရေး စောင့်ရှောက်မှု ရရှိဖို့ လိုပါတယ်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Aye Thi Mon မှ ရေးသားသည်။ · 17/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

မိခင်တွေလည်း ကျန်းမာရေး စောင့်ရှောက်မှု ရရှိဖို့ လိုပါတယ်။

ဘေဘီလေး တစ်ယောက်ကို ကျန်းမာစွာနဲ့ လူ့လောကထဲကို ခေါ်သွင်းနိုင်ဖို့နဲ့ ပျော်ရွှင်ကျန်းမာတဲ့ ကလေးလေး တစ်ယောက် အဖြစ် ကြီးပြင်းလာအောင် ပျိုးထောင်ဖို့ဆိုရင် အရေးကြီးတဲ့ လိုအပ်ချက် တစ်ခုရှိပါတယ်။ ဒါကတော့ ဘေဘီလေးကို မွေးဖွားပေးမယ့် မေမေကိုယ်တိုင် ကျန်းမာဖို့ပါ။ ဘေဘီလေးကို ကိုးလလွယ် ဆယ်လဖွားချိန်မှာရော၊ ဘေဘီလေးကို မီးဖွားချိန်၊ မီးဖွားပြီးချိန်တွေမှာ မေမေက ကျန်းမာနေမှ မွေးဖွားလာမယ့် ဘေဘီလေးလည်း ကျန်းမာမှာပါ။

ဒါကြောင့် ဒီတစ်ခေါက်တော့ ဘေဘီလေးတွေ ကျန်းမာဖို့အတွက် အရေးပါတဲ့ မိခင်တွေရဲ့ ကျန်းမာရေးကို ဘယ်လိုတွေ စောင့်ရှောက်ပေးရမလဲဆိုတာလေးကို ပြောပြပေးသွားချင်ပါတယ်။

မိခင်တွေလည်း ကျန်းမာရေး စောင့်ရှောက်မှု ရရှိဖို့ လိုပါတယ်။

မိခင် ကျန်းမာရေး စောင့်ရှောက်မှု ဆိုတဲ့နေရာမှာ ကိုယ်ဝန်ဆောင်စဉ် ကျန်းမာဖို့၊ မွေးဖွားချိန်မှာ ကျန်းမာမှု နဲ့ မီးဖွားပြီးချိန်မှာ ရောဂါ တစ်စုံတရာတောင် မခံစားရအောင် စောင့်ရှောက်ပေးတာကို ဆိုလိုတာပါ။

မေမေ တစ်ယောက်အနေနဲ့ ဘေဘီလေးကို စတင် ကိုယ်ဝန်လွယ်တဲ့အဆင့်၊ မီးဖွားတဲ့အဆင့်၊ မီးဖွားပြီးချိန်အဆင့်တွေတိုင်းမှာ ကျန်းမာမှ ကျန်းမာဖွံ့ထွားတဲ့ ဘေဘီလေးကို မွေးဖွားနိုင်မှာ ဖြစ်ပါတယ်။

ဘေဘီလေးကို ကိုယ်ဝန်ဆောင်ထားချိန်မှာ ကျန်းမာရေး စောင့်ရှောက်မှုကို လုံလောက်အောင် မရရှိတာ မွေးဖွားချိန်မှာ ပြည့်စုံ ကောင်းမွန်တဲ့ စောင့်ရှောက်မှုကို မရရှိတာ မီးဖွားပြီးချိန်မှာ သင့်တင့်လျောက်ပတ်တဲ့ ကျန်းမာရေး စောင့်ရှောက် စစ်ဆေးမှုတွေကို မရရှိတာကြောင့် ပြီးခဲ့တဲ့ ဆယ်စုနှစ် ၂ ခုတာအတွင်း ကိုယ်ဝန်ဆောင်မိခင် သေဆုံးမှု အရေအတွက်ဟာ ၃ သိန်း နီးပါး ရှိခဲ့ပါတယ်။ ဒီအရေအတွက်က ဆက်တိုက် မြင့်တက်မှုတွေ ရှိနေခဲ့တာပါ။

ကိုယ်ဝန်ဆောင် မိခင်တွေကို အသက်ဆုံးရှုံးစေတဲ့ အဓိက အကြောင်းအရင်းတွေက ကိုယ်ဝန်ဆောင်ချိန်မှာ ထိခိုက်မှုရှိတာ၊ မွေးဖွားချိန်မှာ သွေးသွန်တာ၊ ကူးစက်ပိုးဝင်တာ၊ သွေးတိုးတာ၊ ဘေးကင်းမှု မရှိတဲ့ ကိုယ်ဝန်ဖျက်ချမှု၊ မီးမဖွားနိုင်တာတွေပါ။

ဒါတွေအပြင် သွေးအားနည်းရောဂါ၊ ငှက်ဖျားရောဂါနဲ့ နှလုံးရောဂါတွေကြောင့်လည်း ကိုယ်ဝန်ဆောင်မိခင်တွေ အသက်ဆုံးရှုံးနေရပါတယ်။ ဒီဆုံးရှုံးမှုတွေက သေချာသာ ကာကွယ်နိုင်မယ်ဆိုရင် ကိုယ်ဝန်ဆောင် မိခင်တိုင်း ကျန်းမာပြီး မွေးဖွားလာမယ့် ဘေဘီလေးကလည်း ကျန်းမာဖွံ့ထွားမှာ အသေအချာပါ။

ဘယ်လို ကာကွယ်နိုင်မလဲဆိုတော့ အချိန်နဲ့ တပြေးညီ လိုအပ်တဲ့ ကုသမှုတွေကို ရရှိနိုင်မယ်။ ကိုယ်ဝန်ဆောင်တိုင်း ကျွမ်းကျင်သူတွေရဲ့ ကုသစောင့်ရှောက်မှုကို ရရှိမယ်။ လိုအပ်တဲ့ ကုသစောင့်ရှောက်မှုတိုင်းကို ရရှိနိုင်မယ်ဆိုရင် ကိုယ်ဝန်ဆောင် သေဆုံးမှု အရေအတွက်ကို သိသိသာသာ လျှော့ချနိုင်မှာပါ။

မေမေတိုင်း ကျန်းမာပြီး ကျန်းမာဖွံ့ထွားတဲ့ ဘေဘီလေး မွေးဖွားနိုင်စေဖို့ 

မိခင် ကျန်းမာမှ ကလေးက ကျန်းမာမှာပါ။ ဒါကြောင့် မေမေတိုင်း ကျန်းမာပြီး ကျန်းမာဖွံ့ထွားတဲ့ ဘေဘီလေး မွေးဖွားနိုင်စေဖို့ဆိုရင်တော့ ကိုယ်ဝန်စရှိချိန်မှာကလည်းက လိုအပ်တဲ့ ကျန်းမာရေး စစ်ဆေးမှုတွေကို ရယူနိုင်ဖို့ လိုပါမယ်။

ဆီးစစ်တာ၊ သွေးစစ်တာ၊ ကာကွယ်ဆေး ထိုးတာ၊ ကိုယ်ဝန်ဆောင်အားဆေးတွေ မှီဝဲတာ၊ ပုံရိပ်ဖော် စစ်ဆေးမှုတွေ ခံယူတာ၊ လအလိုက် ပုံမှန် ကျန်းမာရေး စစ်ဆေးမှု ရယူတာတွေပါ။ ဒါတွေက ကိုယ်ဝန်စရှိချိန်ကနေ ဘေဘီလေးကို မီးမဖွားခင်မှာ မေမေတိုင်း ရရှိဖို့ လိုမယ့် ကျန်းမာရေး စောင့်ရှောက်မှုတွေပါ။

ကိုယ်ဝန်ဆောင်ချိန်မှာ မေမေ တစ်ယောက်အနေနဲ့ သားအိမ်အနေအထား စစ်ဆေးတာ၊ သားအိမ်ခေါင်း စစ်ဆေးတာ၊ သွေးပေါင်ချိန်တိုင်းတာ၊ ကိုယ်အလေးချိန် တိုင်းတာတာ၊ ဘေဘီလေး နှလုံးခုန်နှုန်း၊ ဘေဘီလေးရဲ့ ကြီးထွားမှုတွေကို စစ်ဆေးမှု ခံယူရပါမယ်။

မီးဖွားချိန်မှာတော့ တတ်ကျွမ်းနားလည်သူတွေနဲ့ သေချာလေး စောင့်ရှောက်မှု ရရှိပြီး မွေးဖွားနိုင်ဖို့ပါ။ ဒါမှ မွေးဖွားစဉ် ဖြစ်ပေါ်လာနိုင်တဲ့ မတော်တဆ အခြေအနေတွေကို ကာကွယ်နိုင်မှာပါ။

မီးဖွားပြီးပြီ ဘေဘီလေး ပြင်ပ လောကထဲ ရောက်လာပြီဆိုရင်လည်း မေမေက ကျန်းမာရေး စောင့်ရှောက်မှု ဆက်လက်ရရှိဖို့ လိုဦးမှာပါ။ ဘေဘီလေးကို မွေးဖွားထားရတာကြောင့် ခန္ဓာကိုယ်က ပင်ပန်းနေနိုင်သလို အားနည်းနေနိုင်သေးတာကြောင့် သေချာ စောင့်ရှောက်မှု မရရှိဘူးဆိုရင် မီးဖွားပြီး နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကြောင့် မိခင် အသက်ဆုံးရှုံးနိုင်ပါတယ်။

ဒါကြောင့် မီးဖွားပြီးချိန်မှာလည်း မေမေတွေအနေနဲ့ ဘာတွေက ပုံမှန် အခြေအနေဖြစ်ပြီး ဘာတွေက ပုံမှန် အ​ခြေအနေ မရှိဘူးလဲဆိုတာကို သေချာလေး စစ်ဆေး စောင့်ရှောက်မှု ခံယူဖို့ လိုပါမယ်။

သားဆက်ခြားတာက အစ၊ အလေးအပင် မမရတာ၊ အရမ်း လှုပ်လှုပ်ရှားရှား မလုပ်ရတာ၊ အာဟာရ ပြည့်ဝအောင် စားသောက်တာ၊ အိပ်ရေးဝဝ အိပ်တာတွေကို လုပ်ဆောင်ပေးဖို့ လိုပါမယ်။

မေမေ ကျန်းမာနေမှ ကျန်းမာပျော်ရွှင်တဲ့ ဘေဘီလေးတွေကို ပျိုးထောင်ပေးနိုင်မှာပါ။ ဒါကြောင့် မေမေတို့ ကိုယ်တိုင်ကရော မိသားစုဝင်တွေကပါ ကိုယ်ဝန်ဆောင်ချိန်ကစလို့ ဘေဘီလေး မွေးဖွားပြီးချိန်အထိ မေမေ စိတ်ရောကိုယ်ပါ ကျန်းမာနေစေဖို့ သေချာလေး ဂရုစိုက် စောင့်ရှောက်မှုတွေ ပေးဖို့ လိုပါမယ်။

လိုအပ်တဲ့ ကျန်းမာရေး စောင့်ရှောက်မှု ရရှိအောင် လုပ်ဆောင်ဖို့လည်း လိုပါမယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Htet Htet Zaw Win


Aye Thi Mon မှ ရေးသားသည်။ · 17/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement