မိခင်နို့နဲ့နို့မှုန့်က ဒီလိုကွာခြားပါတယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဩဂုတ် 7, 2020 . 2 mins read
Share now

မိခင်တိုင်းအတွက် ရင်သွေးနဲ့ပတ်သက်ပြီး အကြီးမားဆုံး ဆုံးဖြတ်ချက်ချရတဲ့အချိန်တစ်ချိန်က ကလေးကို မိခင်နို့ပဲတိုက်မှာလား ဒါမှမဟုတ် ကလေးကို နို့ဘူးတိုက်မှာလားဆိုတာပါ။ မိခင်တိုင်းက ကိုယ့်ရင်သွေးကို ကျန်းမာပျော်ရွှင်တဲ့ကလေးအဖြစ်ကြီးပြင်းစေချင်ကြမှာပါ။ ဒါပေမယ့် အလုပ်တစ်ဖက်နဲ့ မေမေတွေအတွက်ကတော့ ရင်သွေးလေးကို တစ်ချိန်လုံး မိခင်နို့ပဲတိုက်ဖို့ မဖြစ်နိုင်ပါဘူး။ ဒီတော့ နို့ဘူးအကူအညီခေါ်ရပြီပေါ့။ မိမိရင်သွေးကို နို့ဘူးတိုက်ဖို့စဉ်းစားနေတဲ့မေမေတို့ရေ ဘာလုပ်မယ်လို့ မဆုံးဖြတ်ခင်မှာ ဒီဆောင်းပါးလေးအရင်ဖတ်ကြည့်နော်။

မိခင်နို့

ကလေးအတွက် ခန္ဓာကိုယ်ကနေ အသင့်တော်ဆုံးဖြစ်မယ့် ပုံစံတစ်ရပ်နဲ့ ဖန်တီးထားတဲ့ အာဟာရရင်းမြစ်တစ်ခုပေါ့။ ကလေးအတွက်လိုအပ်တဲ့အာဟာရတွေပါဝင်နေတဲ့ အစားအစာတစ်ရပ်ပါ။ မိခင်နို့ထဲမှာ ကလေးကိုပြင်ပကရောဂါပိုးတွေ ကူးစက်ဝင်ရောက်မှုကနေ ကာကွယ်ပေးနိုင်တဲ့ ပဋိပစ္စည်းတွေ အများအပြားပါဝင်နေတာပါ။ ကမ္ဘာဦးစကတည်းက တိုက်ကျွေးလာတဲ သံသယ ဖြစ်ဖွယ်မရှိတဲ့ ကလေးတွေအတွက် အသင့်တော်ဆုံးအာဟာရပါ။

မိခင်နို့ကနေရရှိမယ့် အကျိုးကျေးဇူးတွေ

မိခင်နို့တိုက်ကျွေးမှုက ကလေးငယ်မှာ –

ဒါတင်မကပါဘူး။ မိခင်နို့ပြည့်ဝစွာသောက်သုံးခွင့်ရတဲ့ ကလေးတွေက ဉာဏ်ရည်ဉာဏ်သွေးပိုကောင်းကြသလို အသက်အရွယ်ရလာတဲ့အခါမှာလည်း အဝလွန်တာ၊ အမျိုးအစား -၁ ဆီးချိုအမျိုးအစား -၂ ဆီးချိုရောဂါသွေးတိုးနှလုံးရောဂါ၊ သွေးတွင်းကိုလက်စထရောများတာ၊ ကင်ဆာလိုမျိုးရောဂါတွေခံစားရနိုင်ခြေနည်းပါတယ်။

မိခင်အနေနဲ့လည်း ကလေးကိုနို့ချိုတိုက်ကျွေးတာကြောင့် ရင်သားကင်ဆာသားအိမ်ကင်ဆာ၊ နှလုံးသွေးကြောဆိုင်ရာရောဂါတွေ၊ အမျိုးအစား -၂ ဆီးချိုရောဂါ၊ သွေးတိုး၊ အရိုးပွရောဂါနဲ့ ကလေးမွေးဖွားပြီးနောက် စိတ်ကျရောဂါခံစားရမှုတွေကနေကင်းဝေးမှာပါ။ ဒီတော့မိခင်နို့တိုက်ကျွေးတာက win-win သီအိုရီပါ။

နို့မှုန့်

နို့မှုန့်တွေက မကောင်းတာတော့မဟုတ်ပါဘူး။ နို့မှုန့်တွေက ကလေးအတွက်လိုအပ်တဲ့ အာဟာရဓာတ်တွေပြည့်ဝအောင်ဖြည့်စွက်ထုတ်လုပ်ထားပေမယ့် မိခင်နို့မှာပါတဲ့ ပဋိပစ္စည်းတွေပါဝင်တာမျိုးတော့မရှိဘူးပေါ့။ ဒါပေမယ့် နို့မှုန့်တွေရဲ့ အားသာချက်က ကလေးဖျားနာတာမျိုးမဖြစ်စေဖို့အတွက် အထောက်အပံ့ဖြစ်စေမယ့် ဓာတ်တွေထည့်သွင်းထုတ်လုပ်ထားတာပါ။ တချို့နို့မှုန့်တွေထဲမှာ ဗီတာမင် နဲ့ သတ္တုဓာတ်တွေမြင့်မားစွာပါဝင်နေတာကြောင့် အစာကြေခဲတဲ့အချက်တစ်ခုကတော့ သတိထားရမယ့်အချက်ပေါ့။ ဒါကြောင့် ကလေးကိုနို့မှုန့်တိုက်တဲ့အခါ အတိုင်းအချင့်သေချာအောင်တိုက်ပေးသင့်ပါတယ်။ နို့မှုန့်အများကြီးသောက်တဲ့အခါ ကလေးငယ်မှာ လေပွတာဝမ်းချုပ်တာအစာမကြေတာမျိုးတွေခံစားရနိုင်ပါတယ်။ ဒါကြောင့် နို့ဘူးတိုက်မယ်ဆိုရင် သေချာ ရွေးချယ်ပါ။ နို့ဘူးတိုက်တဲ့အခါနောက်ထပ်သတိထားရမယ့် အချက်တစ်ချက်က နို့ဘူးတွေကိုသေချာဆေးကြောသန့်စင်ဖို့ပါ။

နို့မှုန့်တိုက်တာက ဒီလိုတော့အသုံးဝင်ပါတယ်

  • လူကြားထဲမှာလည်း ကလေးကို အဆင်ပြေပြေနို့တိုက်ကျွေးလို့ရတယ်။
  • ကလေးဆာတဲ့အချိန်တိုင်း မိခင်အနားမှာမရှိရင်တောင် ကလေးကိုတိုက်ကျွေးပေးလို့ရတယ်။
  • ညဘက်အချိန်တွေမှာ ဖခင်ကို အကူအညီတောင်းပြီး ကလေးကိုတိုက်ကျွေးစေလို့ရတယ်။
  • အချိန်အတိအကျနဲ့ ပမာဏတိတိကျကျတိုက်ကျွေးလို့ရတယ်။
  • အစားမှားတာကြောင့် ကလေးထိခိုက်မှာကို စိုးရိမ်ဖို့မလိုဘူး။
  • အလုပ်သွားနေချိန်မှာ ကလေးနို့မဝတာမျိုးဖြစ်မှာ စိုးရိမ်စရာမလိုဘူး။

အာဟာရနဲ့အကျိုးကျေးဇူးကွာခြားချက်တွေရှိနေပေမယ့် နှစ်ခုစလုံးက ကလေးတွေအတွက် မကောင်းတာမရှိပါဘူး။ မိခင်နို့တိုက်ကျွေးမယ်ဆိုရင် ကလေးနဲ့မတည့်တာမျိုးတွေမစားမိဖို့ သတိထားရမှာဖြစ်သလို နို့မှုန့်တိုက်မယ်ဆိုရင်လည်း ကလေးရဲ့ အသက်အရွယ်နဲ့လိုက်တဲ့နို့မှုန့်ဖြစ်စေဖို့ သေချာသတိထားရွေးချယ်ရမှာပါ။ အရေးအကြီးဆုံးအချက်က ကလေးကျန်းမာဖွံ့ဖြိုးဖို့ပါ။ ဒီတော့ မိခင်နို့တိုက်မလား၊ နို့မှုန့်တိုက်မလား၊ နှစ်မျိုးစလုံးကို အချိုးညီညီတိုက်မလားဆိုတာကို ကိုယ်တိုင်ကိုယ်ကျဆုံးဖြတ်လိုက်ပါမေမေတို့ရေ…..

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

သန်စွမ်းကြံ့ခိုင်စေမည့် လေ့ကျင့်ခန်းများ

သန်စွမ်းကြံ့ခိုင်စေမည့် လေ့ကျင့်ခန်းများ ဆိုတာက ဘာတွေလဲ။ ဘယ်လို ကျန်းမာရေး အကျိုးကျေးဇူးတွေ ရှိလဲဆိုတာကို သိပြီးပြီလား............

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ဘေဘီလေးကို ချင်း (ဂျင်း) ကျွေးလို့ရရဲ့လား

ဘေဘီလေးကို ချင်း (ဂျင်း) ကျွေးလို့ရရဲ့လား ... ချင်း က ဘေဘီလေးတွေအပေါ် ဘယ်လိုသက်ရောက်မှုတွေဖြစ်စေနိုင်လဲဆိုတာ မေမေတွေ သိထားဖို့လိုပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
Uncategorized ဇန်နဝါရီ 20, 2021 . 2 mins read

ဘေဘီလေးက ကြက်သွန်ဖြူ စားလို့ရလား

ဘေဘီလေးက ကြက်သွန်ဖြူ စားလို့ရလား ဆိုတာ သိချင်နေပြီလား မေမေ... သေချာအဖြေထွက်သွားအောင် ဆောင်းပါးလေးထဲမှာ တူတူဖတ်ရအောင်နော်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ကလေးငယ် ဇန်နဝါရီ 18, 2021 . 2 mins read

မေမေတို့ချစ်မဝတဲ့ ဘေဘီလေး

ဘေဘီလေးတွေဟာ အသက် တစ်နှစ်တာမှာ ရုပ်ပိုင်း စိတ်ပိုင်းဆိုင်ရာပါ လျင်လျင်မြန်မြန် ဖွံ့ဖြိုးလာပါတယ်။  ဘေဘီလေးတွေက သူတို့ရဲ့ ပထမနှစ်မှာဘာတွေ ဖွံ့ဖြိုးသလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ကလေးငယ် ဇန်နဝါရီ 18, 2021 . 3 mins read

သင့်အတွက် ရွေးချယ်ထားသည်

အုန်းလက်၊ အုန်းမြစ် တို့ကလည်း ဆေးဖက်ဝင်ပါတယ်

အုန်းလက်၊ အုန်းမြစ် တို့ကလည်း ဆေးဖက်ဝင်ပါတယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 8, 2021 . 2 mins read
အစာဓာတ်မတည့်ခြင်း

အစာဓာတ်မတည့်ခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 3, 2021 . 2 mins read
အရေပြား ဓာတ်မတည့်မှု

အရေပြား ဓာတ်မတည့်မှု

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 3, 2021 . 2 mins read
သွေးတိုးသမားတွေ စားပေးရမယ့် အထူးအစားအစာများ

သွေးတိုးသမားတွေ စားပေးရမယ့် အထူးအစားအစာများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 16, 2021 . 2 mins read