backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း

13

ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Depression (စိတ်ကျရောဂါ )


Dr.Nyan Linn မှ ရေးသားသည်။ · 08/04/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

Depression (စိတ်ကျရောဂါ )

အဓိပ္ပါယ်ဖွင့်ဆိုချက်

Depression (စိတ်ကျရောဂါ ) ကဘာလဲ။

စိတ်ကျရောဂါဆိုသည်မှာ တောက်လျှောက်ဝမ်းနည်းမှုများခံစားနေရပြီး ပတ်ဝန်းကျင်အား စိတ်ဝင်စားမှုလျော့နည်းသွားသော စိတ်ရောဂါတစ်မျိုးဖြစ်သည်။ သင်မည်သို့ခံစားတွေးတောပြီး ပြုမူသည်များကို သက်ရောက်ထိခိုက်စေပြီးစိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာပြဿနာများကို ဖြစ်ပေါ်စေသည်။ အကယ်၍ပူဆွေးကြေကွဲဝမ်းနည်းမှုတစ်ခုသည် ရက်ပေါင်းများစွာ(သို့)အပတ်ပေါင်းများစွာကြာသွားပြီး မိသားစုဝင်များ(သို့)သူငယ်ချင်းများနှင့် အလုပ်လုပ်ရန်၊ပေါင်းသင်းဆက်ဆံရန်ခက်ခဲလာပါက (သို့)မိမိကိုယ်ကို အဆုံးစီရင်ရန်ကြံစည်ခြင်းတို့ရှိလာပါကစိတ်ကျရောဂါရှိချေများသည်။ အကယ်၍စိတ်ကျရောဂါလက္ခဏာများသင့်တွင်ခံစားနေရပါက သင့်ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ။

Depression (စိတ်ကျရောဂါ ) က ဘယ်လောက်အဖြစ်များသလဲ

ဒီရောဂါဟာ အလွန်အဖြစ်များပါတယ်။80ရာခိုင်နှုန်းသောလူအများတွင် ဘဝအချိုးအကွေ့တစ်ခုမှာ စိတ်ကျရောဂါဖြစ်ပွားတတ်ကြပြီး အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုအဖြစ်များပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Depression (စိတ်ကျရောဂါ ) ရဲ့လက္ခဏာတွေကဘာတွေလဲ

စိတ်ကျရောဂါ ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့လူတစ်ယောက်စီတွင် ကွဲပြားလှပါသည်။ဥပမာစိတ်ကျရောဂါဖြစ်နေ

သောအချို့သူများသည် ပိုအိပ်တတ်ကြပြီး အချို့ဝေဒနာရှင်များတွင်ကားအိပ်ပျော်ရန်ခက်ခဲခြင်း(သို့)အစာစားချင်စိတ်လျော့နည်း

နေခြင်းတို့ဖြစ်တတ်သည်။ သို့သော်လည်းအဖြစ်များသောလက္ခဏာရပ်များမှာ အောက်ပါအတိုင်းဖြစ်သည်။

  • အာရုံမစူးစိုက်နိုင်ခြင်း
  • ဝမ်းနည်းနေခြင်း ကြေကွဲနေခြင်း
  • အနာဂတ်သည် ဘယ်လိုမှ ကောင်းမွန်တော့မည်မဟုတ်ဟုခံစားနေရခြင်း
  • စိတ်တိုစိတ်ဆက်ခြင်း(သို့)ဂနာမငြိမ်ခြင်း
  • လိင်ကိစ္စအားစိတ်ဝင်စားမှုလျော့သွားခြင်း
  • ပြင်းထန်သောစိတ်ဓါတ်ကျမှုများတွင် မိမိကိုယ်ကိုအဆုံး

စီရင်မည့်အတွေးများတွေးမိနေခြင်း စသည်ဖြင့်ဖြစ်သည်။

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် တတ်နိုင်သမျှအမြန်ဆုံးသင့်ဆရာဝန်နှင့်

တွေ့ဆုံပြသရန်စီစဉ်ပါ။ ကုသမှုခံယူရန် တွန့်ဆုတ်နေပါက သင့်သူငယ်ချင်း(သို့)ချစ်ခင်ရသောသူတစ်ဦးဖြစ်စေ၊ကျန်းမာရေးပညာရှင်၊ခေါင်းဆောင်တစ်ဦး(သို့)သင်ယုံကြည်ရသောသူတစ်ဦးကို

ဖြစ်စေပြောပြပါ။ အကယ်၍သင့်ကိုယ်သင်နာကျင်အောင်ပြုလုပ်ခြင်း(သို့)အဆုံးစီရင်ခြင်းတို့ပြုလုပ်လာနိုင်သည်ဟုယူဆပါက မြို့တွင်းအရေးပေါ်ဖုန်းနံပတ်သို့ချက်ချင်းခေါ်ဆိုပါ။

မိမိကိုယ်ကို အဆုံးစီရင်မည့်အတွေးများဝင်နေပါက အောက်ပါနည်း

လမ်းများကို စဉ်းစားပါ။

  • သင့်၏ဆရာဝန်ထံမှ အကူအညီရယူပါ။
  • သူ့အနီးကပ်သူငယ်ချင်း(သို့)ချစ်ခင်ရသောသူထံ ရောက်အောင်သွားပါ။
  • သင့်ဘာသာရေး၏ဘုန်းကြီး(သို့)စိတ်ကျန်းမာရေး

အတွက်ပြုလုပ်သောဆွေးနွေးပွဲများ၏ခေါင်းဆောင်တို့ကို ဆက်သွယ်ပါ။

အကယ်၍သင်ချစ်ခင်ရသောသူ(သို့)သူငယ်ချင်းတစ်ယောက်သည်

မိမိကိုယ်ကိုအဆုံးစီရင်ရန်ကြိုးစားကြံစည်နေပါက (သို့)ကြိုးစားခဲ့ပြီး

ပါက ထိုသူနား တစ်ယောက်ယောက်အမြဲထားပေးထားပါ။

  • သင့်၏မြို့တွင်းအရေးပေါ်ဖုန်းနံပါတ်ကို ချက်ချင်းခေါ်ဆိုပါ။
  • (သို့)ဘေးကင်းစွာ လုပ်ဆောင်လိုပါက ဝေဒနာရှင်အား အနီးဆုံးဆေးရုံ၏အရေးပေါ်ခန်းသို့ခေါ်လာပါ။

အကြောင်းရင်းများ

Depression (စိတ်ကျရောဂါ ) ကိုဘာတွေကဖြစ်စေသလဲ

များပြားလှသောအကြောင်းအရင်းများ(သို့)ပေါင်းစုထားသောအကြောင်းအရင်းများကြောင့် ဖြစ်ပွားစေနိုင်ပါသည်။

မျိုးရိုးဗီဇ-စိတ်ကျရောဂါမျိုးရိုးရှိသူများတွင် ရောဂါမျိုးရိုးမရှိသူများထက်ပိုမိုဖြစ်ပွားတတ်သည်။

ဦးနှောက်ဓါတုဗေဒအခြေအနေ – စိတ်ကျရောဂါသည်များသည်ရောဂါမရှိသူများနှင့် ကွဲပြားသော ဦးနှောက်ဓါတုဗေဒအခြေအနေ

များရှိကြသည်။

စိတ်ဖိစီးမှု-ချစ်ခင်ရသောသူတစ်ဦးအားဆုံးရှံူးလိုက်ရခြင်း၊အချစ်ရေးအဆင်မပြေခြင်း(သို့)မည်သည့် စိတ်ဖိစီးနိုင်သည့်အခြေအနေ

မဆိုစိတ်ကျရောဂါကို ဖြစ်ပွားစေနိုင်သည်။

ဖြစ်နိုင်ခြေများ

Depression (စိတ်ကျရောဂါ ) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

စိတ်ကျရောဂါသည်ဆယ်ကျော်သက်အရွယ်နှင့် နှစ်ဆယ်၊သုံးဆယ်ကျော်အရွယ်များတွင်အဖြစ်များသော်လည်း မည်သည့်အသက်အရွယ်တွင်မဆိုဖြစ်ပွားတတ်သည်။ မိန်းမများသည်အမျိုးသားများထက်စိတ်ကျရောဂါပိုဖြစ်ကြောင်းသိရသော်လည်း မိန်းမများသည် ကုသမှုခံယူရန်ကြိုးစားကြသောကြောင့်လည်းဖြစ်နိုင်သည်။ စိတ်ကျရောဂါဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်-

  • အခြားသော စိတ်ရောဂါများဖြစ်ဖူးခြင်း ဥပမာ စိုးရိမ်လွန်ရောဂါ၊အစားအသောက်နှင့်ပတ်သတ်သော ရောဂါ(သို့)ဒဏ်ရာအနာတရဖြစ်ပြီးနောက်ရသော ဖိစီးမှုရောဂါ
  • အရက်(သို့)တရားမဝင်သောမူးယစ်ဆေးများသုံးခြင်း
  • အချို့သောအမူအကျင့်များ ဥပမာ – မိမိကိုယ်ကိုယုံကြည်မှုအားနည်းနေခြင်းနှင့်မှီခိုလွန်းနေခြင်း၊မိမိကိုယ်ကိုအပြစ်မြင်နေခြင်း
  • ပြင်းထန်သော(သို့)နာတာရှည်ရောဂါများဖြစ်ခြင်း ဥပမာ ကင်ဆာ၊လေဖြတ်ရောဂါ၊နာတာရှည်နာကျင်ကိုက်ခဲမှု (သို့)နှလုံးရောဂါ
  • အချို့သော ဆေးဝါးများ ဥပမာ သွေးတိုးကျဆေးများ(သို့)အိပ်ဆေးများ(ဆေးမဖြတ်ခင်သင့်ဆရာဝန်နှင့်တိုင်ပင်ပါ)
  • ဒဏ်ရာအနာတရ(သို့)ဖိစီးမှုများစေသော အခြေအနေများ ဥပမာ ရုပ်ပိုင်းဆိုင်ရာ(သို့)လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ(သို့)ချစ်ရသောသူတစ်ဦးသေဆုံးခြင်း၊အချစ်ရေးအဆင်မပြေခြင်း(သို့)ငွေရေးကြေးရေးပြဿနာများ
  • စိတ်ကျရောဂါ၊အစွန်းနှစ်ဖက်ဖြစ်သွားသောစိတ်ရောဂါ၊အရက်နာကျရောဂါဖြစ်ဖူးသော(သို့)မိမိကိုယ်ကိုစီရင်ဖူးသော သွေးသားတော်စပ်သူများရှိခြင်း

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Depression (စိတ်ကျရောဂါ ) ကို ဘယ်လိုအတည်ပြုပါသလဲ

ပုံမှန်အားဖြင့်ဆရာဝန်များသည် သင့်၏ရောဂါလက္ခဏာများနှင့် ရောဂါရာဇဝင်အပေါ်မူတည်ပြီး အဖြေရှာအတည်ပြုပါသည်။ ထို အပြင် ဆရာဝန်သည် သွေးစစ်ခြင်း၊စိတ်ကျန်းမာရေးစစ်ဆေးခြင်းကဲ့သို့သောအခြားစစ်ဆေးမှုများကို ပြုလုပ်ကာ သင်ခံစားနေရသောလက္ခဏာများဖြစ်ပွားတတ်သည့် အခြားရောဂါများကို အတည်ပြုဖယ်ထုတ်တတ်ပြီး ရောဂါကိုအတည်ပြုကာ နောက်ဆက်တွဲရောဂါအခြေအနေများကို စစ်ဆေးတတ်သည်။

Depression (စိတ်ကျရောဂါ ) ကို ဘယ်လိုကုသပါသလဲ

စိတ်ကျရောဂါကုသမှုတွင် ဆေးဝါးများဖြင့်ကုသမှု၊စိတ်ပိုင်းဆိုင်ရာကုသမှုနှင့် လျှပ်စစ်အားရိုက်၍ကုသမှုတို့ပါဝင်သည်။ အသုံးပြုသည့်ဆေးဝါးများမှာ စိတ်ကျရောဂါပျောက်ဆေးများဖြစ်သည်။ အချို့သောအသုံးများသည့်ဆေးများမှာ escitalopram,paroxetine,sertraline,fluoxetine နှင့်citalopram တို့ဖြစ်ကြပြီး ထိုဆေးများသည် selective serotonin reuptake inhibitors(SSRIs)များဖြစ်ကြသည်။ အခြားသောဆေးများမှာ venlafaxine,duloxetine,နှင့်bupropionတို့ဖြစ်ကြသည်။ ထိုဆေးများသည် အောက်ပါဘေးထွက်ဆိုးကျိုးများကို ဖြစ်ပွားစေနိုင်ပါသည်။

  • ကိုယ်အလေးချိန်တက်ခြင်း
  • လိင်ဆက်ဆံရာတွင် အဆင်မပြေခြင်း
  • ပျို့ခြင်း

စိတ်ကျန်းမာရေးဆိုင်ရာကုသမှုကိုလည်း စိတ်ကျရောဂါကိုကုသရန်သုံးသည်။ ထိုကုသမှုတွင် တွေးခေါ်ပြုမူခြင်းဆိုင်ရာနည်းလမ်းသစ်များကိုသင်ပေးခြင်းနှင့် စိတ်ဓါတ်ကျစေနိုင်သည့် အမူအကျင့်များကိုပြောင်းလဲပေးခြင်းတို့ပါဝင်သည်။ ထိုကုသမှုသည် သင့်၏ အချစ်ရေးအဆင်မပြေမှု၊စိတ်ဓါတ်ကျစေနိုင်သည့်အခြေအနေများ(သို့)ပိုဆိုးအောင်လုပ်ပေးနိုင်သည့် ကိစ္စရပ်များကိုနားလည်ကိုင်တွယ်တတ်စေသည်။

လျှပ်စစ်ဓါတ်ရိုက်၍ကုသခြင်း ECTကို ကုရခက်ပြီး ဆေးကုသမှုဖြင့် မပျောက်ကင်းသေးသည့်ဆိုးဝါးပြင်းထန်သောစိတ်ကျရောဂါများအတွက် သုံးသည်။ECTနှင့်ပတ်သတ်၍မကောင်းသတင်းများရှိဖူးသော်လည်း အခြားသောကုသမှုများဖြင့်မသက်သာသေးသည့်လူနာများတွင်ကားထိရောက်စွာကုသနိုင်ကြောင်း မြင်ခဲ့ရပြီးဖြစ်သည်။ECTသည် ဘေးထွက်ဆိုးကျိုးအနေဖြင့် စိတ်ေဝဝါးရှူပ်ထွေးခြင်းနှင့် မှတ်ဉာဏ်ပျောက်ဆုံးခြင်းတို့ကို ဖြစ်စေနိုင်သည်။ ထိုဆိုးကျိုးများသည် ယာယီမျှဖြစ်သော်လည်းတခါတရံတွင် ကာလ ကြာရှည်သွားနိုင်သည်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက စိတ်ကျရောဂါ ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် စိတ်ကျရောဂါ ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

  • တစ်ဦးတည်းသီးခြားမနေပါနှင့်။
  • သင့်ဘဝတွင် ရိုးစင်းစွာနေထိုင်ပါ။
  • လေ့ကျင့်ခန်းပုံမှန်လုပ်ပါ။
  • ကျန်းမာရေးနှင့်ညီညွတ်သောစားသောက်မှုပုံစံကို ကျင့်သုံးပါ။
  • သင့်ဖိစီးမှုအား ဖြေလျှော့ကိုင်တွယ်နိုင်မည့် နည်းလမ်းများကိုလေ့လာပါ။
  • သင်စိတ်ဓါတ်ကျနေစဉ်တွင် အရေးကြီးသောဆုံးဖြတ်ချက်များမချပါနှင့်။
  • အကယ်၍သင့်ရောဂါလက္ခဏာများဆိုးဝါးလာပါက သင့်ဆရာဝန်အားဖုန်းခေါ်ပါ။
  • သင့်အားပေးသောဆေးဝါးများမှ ဘေးထွက်ဆိုးကျိုးများကိုခံစားရပါက သင့်ဆရာဝန်အားဖုန်းခေါ်ပါ။
  • သင့်တွင် မိမိကိုယ်ကို သတ်သေမည့်အတွေးများ(သို့)အခြားသူတစ်ဦးအား ထိခိုက်ခြင်း၊သတ်ခြင်းတို့ပြုလုပ်ရန်ကြံစည်နေပါက သင့်ဆရာဝန်အားဖုန်းခေါ်ပါ။
  • သင့်တွင် မူမမှန်သောအသံများကြားနေခြင်း၊တုန်လှုပ်ခြောက်ခြားခြင်း(သို့) တကယ်မရှိသောအရာများအားမြင်နေခြင်းတို့ဖြစ်ပွားပါက လည်း သင့်ဆရာဝန်အားဖုန်းခေါ်ပါ။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr.Nyan Linn မှ ရေးသားသည်။ · 08/04/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement