backup og meta

ကလေးတွေကို နို့မှုန့်တိုက်တာနဲ့ ပတ်သက်ပြီး ဘာတွေသိထားရမလဲ


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 03/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးတွေကို နို့မှုန့်တိုက်တာနဲ့ ပတ်သက်ပြီး ဘာတွေသိထားရမလဲ

    နို့မှုန့်စနစ်တကျတိုက်တာဒါမှမဟုတ်မိခင်နို့တိုက်ကျွေးတာဟာကလေးတွေအတွက်အခြေခံကျပြီးကျန်းမာရေးနဲ့ညီညွတ်တဲ့ရွေးချယ်မှုတွေပဲ ဖြစ်ပါတယ်။ ဘယ်တခုကို ရွေးချယ်မလဲ ဒါမှမဟုတ် နှစ်မျိုးလုံးကိုအဆင်သင့်သလိုတိုက်မလားဆိုတာဟာ သင့်မိသားစုရဲ့ အခြေအနေနဲ့ကိုက်ညီအောင်ရွေးချယ်ရမှာဖြစ်ပြီး သင့်ဆုံးဖြတ်ချက်ပေါ်ပဲ အဓိကမူတည်ပါတယ်။

    မိခင်နို့သာအကောင်းဆုံးလို့လူတိုင်းကပြောကြပါတယ်။ ဒါဟာမှန်ပါသလား။

    မိခင်နို့ဟာ သင့်ရင်သွေးလေးကိုကူးစက်ရောဂါတွေရန်ကနေကာကွယ်ပေးတဲ့အပြင် ကလေးငယ်လိုအပ်တဲ့ အာဟာရဓါတ်တွေ(တချို့အာဟာရဓါတ်တွေကိုနို့မှုန့်ကနေမရရှိနိုင်ပါဖူး) အားလုံးကို ထောက်ပံ့ပေးနိုင်တာကြောင့် အကောင်းဆုံးသော အာဟာရဖြစ်ပါတယ်။ ဒါ့အပြင်မိခင်နို့တိုက်ကျွေးခြင်းဟာမိခင်နဲ့ကလေးအကြားကသံယောဇဉ်မေတ္တာဓါတ်ကိုလည်းပိုလို့တိုးစေပါတယ်။ ဒါ့ကြောင့် ဖြစ်နိုင်မယ်ဆိုရင်သင့်အနေနဲ့မိခင်နို့ကိုသာ (အနည်းဆုံးပထမတလလောက်တော့) တိုက်ကျွေးသင့်ပါတယ်။ ဒါမှသာသင့်ရဲ့ရောဂါခုခံပေးနိုင်တဲ့ပဋိဇီဝပစ္စည်းတွေကိုကလေးဆီလွှဲပြောင်းပေးနိုင်မှာ ဖြစ်ပါတယ်။ ဒီလိုမဟုတ်ဖူးဆိုရင် မိခင်နို့နဲ့နို့မှုန့်ကိုအဆင်ပြေသလိုအတူတကွတိုက်သွားလို့လည်းရနိုင်ပါတယ်။ မိခင်နို့ထွက်ရှိမှုဟာ ကလေးအသက်တစ်လလောက်အထိ အကောင်းဆုံးဖြစ်တဲ့အတွက် အဲဒီအချိန်ထိ မိခင်နို့တိုက်ရင်း နို့မှုန့်ကို တနေ့တကြိမ်လောက် တိုက်နိုင်မှာဖြစ်ပါတယ်။

    နို့မှုန့်တွမှာ ဗီတာမင်ဓါတ်တွေအပြင် (မိခင်နို့စို့ခွင့်ရတဲ့ကလေးတွေတောင်ဖြည့်စွက်သောက်သုံးဖို့လိုတဲ့ဗီတာမင် D လို) အာဟာရဓါတ်တွေပါပါဝင်နေတဲ့အတွက်နို့မှုန့်ချည်းပဲတိုက်ကျွေးခြင်းဟာလည်းကျန်းမာရေးနဲ့ညီညွတ်တဲ့နည်းလမ်းတခုပဲ ဖြစ်ပါတယ်။

    ဒါ့အပြင်နို့မှုန့်တွေကိုရွေးချယ်သင့်တဲ့ တခြားအကြောင်းရင်းတွေလည်း အမြောက်အများရှိနေပါသေးတယ်။ နို့ကောင်းကောင်းမစို့နိုင်တဲ့ကလေးတွေ(လမစေ့တဲ့ကလေးတွေမှာအဖြစ်များတယ်)၊မိခင်နဲ့အကြာကြီးခွဲနေရမယ့်ကလေးတွေ၊နို့တိုက်ရင်နာကျင်မှုခံစားရတဲ့မိခင်တွေ၊ကိုယ့်ရင်သွေးလေးနို့ချိုရည်လုံလုံလောက်လောက်မရမှာကိုပူပန်နေတဲ့မိခင်တွေ၊အလုပ်ပြန်ဆင်းဖို့လိုတဲ့မိခင်တွေ၊ရောဂါတခုခုဖြစ်လို့ဆေးသောက်နေရတဲ့အခါကလေးကိုအန္တရာယ်ကင်းစေဖို့နဲ့မိသားစုဝင်တွေကိုပါကူညီပြီးကလေးကိုအာဟာရတိုက်ကျွေးစေချင်တဲ့အခြေအနေတွေမှာနို့မှုန့်ကိုတိုက်ကျွေးနိုင်ပါတယ်။

    ဘယ်လိုနို့မှုန့်မျိုးကို ရွေးချယ်သင့်သလဲ။

    နို့မှုန့်အများစုဟာ နွားနို့ ဒါမှမဟုတ် ပဲနို့ကိုအခြေခံပြီးထုတ်လုပ်ထားတာဖြစ်ပါတယ် ။ နွားနို့ဒါမှမဟုတ် ပဲနို့နဲ့ဓါတ်မတည့်တဲ့ ကလေးတွေအတွက်၊ လမစေ့တဲ့ကလေးတွေအတွက် ဒါမှမဟုတ် ပေါင်မပြည့်တဲ့ ကလေးတွေအတွက် အထူးစီမံထုတ်လုပ်ထားတဲ့နို့မှုန့်အမျိုးအစားတွေလည်းရှိပါတယ်။ ဘယ်လိုအမျိုးအစားကို ရွေးချယ်သည်ဖြစ်စေ သင်ရွေးချယ်လိုက်တဲ့နို့မှုန့်ဟာ သွေးအားနည်းရောဂါကို ကာကွယ်နိုင်ဖို့အတွက် သံဓါတ်ပြည့်ဝစွာပါဝင်သင့်ပါတယ်။

    ဒါဆိုကလေးကို နွားနို့ပဲတိုက်လိုက်ရင် ပြီးရောပေါ့။ မဟုတ်ဖူးလား။

    သင့်ကလေးကို နွားနို့လုံးဝမတိုက်ပါနဲ့။ နွားနို့မှာသင့်ကလေးကြီးထွားဖွံ့ဖြိုးဖို့လိုအပ်တဲ့ အာဟာရဓါတ်တွေ အချိုးအစားမှန်ကန်စွာပါဝင်မှုမရှိတာကြောင့် ကလေးအသက်တစ်နှစ် မတိုင်ခင်ထိ နွားနို့လုံးဝမတိုက်သင့်ပါဖူး။

    Follow-up formula တွေဆိုတာဘာတွေလဲ။ Follow-up formula တွေကိုတိုက်သင့်လား။

    အသက် ၄လ ကနေ ၁၂လအရွယ်ရှိပြီး အစာအနည်းအကျဉ်းစားနိုင်ပြီဖြစ်တဲ့ ကလေးတွေအတွက် Follow-up formula တွေကို အထူးသဖြင့်အသုံးပြုပါတယ်။Follow-up formula တွေဟာမွေးကင်းစကလေးကိုတိုက်ရတဲ့နို့မှုန့်ပုံစံတွေနဲ့ယှဉ်ရင်ကယ်လ်ဆီယမ်၊သံဓါတ်၊ပရိုတိန်းနဲ့ကယ်လိုရီဓါတ်တွေပိုမိုကြွယ်ဝစွာပါဝင်ပါတယ်။ ဒါပေမယ့် Follow-up formula တွေကိုတိုက်ဖို့အကြမ်းအားဖြင့်မလိုအပ်ပါဖူး။ ကလေးတွေကိုအသက် ၄လ ကနေ ၆လ အရွယ်လောက်မှာ Follow-up formula တွေတိုက်ကျွေးဖို့ထက်ပုံမှန်အစားအစာတွေ(ကလေးစားတဲ့cerealလေးတွေ၊ အသားသန့်သန့်လေးတွေ၊သစ်သီး၊အသီးအရွက်စတာတွေကို) စတင်ပြီးကျွေးဖို့ဆရာဝန်တွေက အကြံပြုလေ့ရှိကြပါတယ်။

    ဒါပေမယ့်ကလေးတယောက်ချင်းစီရဲ့ လိုအပ်မှုအနေအထားတွေအပေါ်မူတည်ပြီး Follow-up formula တွေ တိုက်သင့်မတိုက်သင့် ဆုံးဖြတ်ရပါလိမ့်မယ်။ အစားအစာတော်တော်များများနဲ့ဓါတ်မတည့်တဲ့ကလေးတွေ ဒါမှမဟုတ် ခန္ဓါကိုယ်သေးညှက်တဲ့ကလေးတွေအတွက် Follow-up formula ဟာအကျိုးရှိစေနိုင်ပါတယ်။ ဒါကြောင့်မို့သင့်ကလေးငယ်အတွက် ဘာအကောင်းဆုံးလဲဆိုတာဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပြီးဆုံးဖြတ်ရပါမယ်။

    ကျွန်မအနေနဲ့ မိခင်နို့အပြင်နို့မှုန့်ကိုပါတိုက်ချင်ပါတယ်။ ဘယ်လိုလုပ်သင့်ပါသလဲ။

    ကျွမ်းကျင်သူတွေရဲ့အလိုအရ ကလေးအသက်တစ်လအရွယ်မတိုင်ခင်မှာ နို့ဗူးမတိုက်သင့်ဖူးလို့ဆိုပါတယ်။ အဲဒီအချိန်ဟာ မိခင်နို့တိုက်ရတာ အတော်အသားကျနေတဲ့အပြင် ကလေးအနေနဲ့နို့သီးခေါင်းအသစ်ပုံစံကိုစို့ဖို့လည်း မငြင်းဆန်သေးတဲ့အချိန်ပါ(မိခင်နို့စို့ရတာနဲ့နို့ဗူးစို့ရတာပုံစံမတူပါဖူး)။

    သင့်ကလေးအနေနဲ့သင့်ကိုယ်နံ့ဒါမှမဟုတ် သင့်ရဲ့နို့ရည်အနံ့ကို ရမယ်ဆိုရင် နို့ဗူးစို့ဖို့ ငြင်းဆန်နိုင်တာမို့ပထမဆုံးအကြိမ်အဖြစ် နို့ဗူးတိုက်တဲ့အခါ သင်ကိုယ်တိုင်မတိုက်ဘဲ တခြားလူကိုတိုက်ခိုင်းပါ။ တကယ်လို့သင့်အနေနဲ့နို့မှုန့်ကို တခါတရံမှသာ တိုက်ဖို့စဉ်းစားထားတယ်ဆိုရင်၂၄ နာရီအတွင်း နို့ဗူးတစ်ဗူးထက်ပိုပြီးမတိုက်ပါနဲ့။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 03/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement